Part 15

2.7K 317 17
                                    

Unicode

“ဝမ်ရိပေါ် ..မင်း ငါ့ကလေးကို စိတ်ဆင်းရဲအောင်မလုပ်ရဘူးနော်”

တရားရုံးသို့သွားနေစဉ် ကားပေါ်မှာပြောချလိုက်သည့် သူ၏စကားအဆုံး ဝမ်ရိပေါ်ထံမှ နဂါးမျက်စောင်းမှာဒိုင်းကနဲကျရောက်လို့လာသဖြင့် ချန်းယီမှာစိတ်ထဲမှကြိတ်ကာရယ်နေတော့သည်။

အမလေးလေးးး...ဝမ်ရိပေါ်တို့သိပ်မဖြစ်ရှာဘူးပဲ။ ဒီအတိုင်းဆိုသိပ်စိတ်မပူတောင်ရလောက်တယ်။ ဒါပေမယ့်လည်း မှာစရာရှိတာတော့သေချာမှာဉီးမှပါ။ ဒီဝမ်ရိပေါ်ဆိုတဲ့သူ့ချစ်သူငယ်ချင်းကြီးဆီမှာ သူကလွဲရင်တခြားဆုံးမပေးမယ့်သူလည်းမရှိဘူးမဟုတ်လား။

“နောက်ပြီး အရမ်းလည်းကြမ်းတမ်းပြမနေနဲ့။ တော်ကြာ ကလေးကလန့်ပြီးမင်းဆီကနေထွက်ပြေးသွားဉီးမယ်”

“ဘယ်လိုဖြစ်နေတာလဲ ကလေး ကလေးနဲ့ ကြည့်နေတာအကောင်းမှတ်မနေနဲ့”

အံကြိတ်သံနဲ့ပြောလာတဲ့ဝမ်ရိပေါ်ကြောင့် အသံထွက်ပြီးရယ်ချင်နေတာကိုမနည်းကိုအောင့်ထားရတယ်။

“ငါတို့ထက်အများကြီးငယ်လို့ ကလေးလို့ခေါ်တာလေ ဘာဖြစ်လဲ”

“မခေါ်နဲ့ မကြိုက်ဘူး”

“အမလေး..ဘာမှတောင်မဆိုင်သေးလို့သာပဲ အခုကတည်းက အကဲပိုနေတယ်”

ချက်ချင်းကားပေါ်ကကန်ချတော့မလိုထပ်ကြည့်လာပြန်တဲ့ သူငယ်ချင်းကြီးကြောင့် အခြေအနေမကောင်းမှန်းသိလိုက်သော ချန်းယီမှာသွားအဖြီးသားနှင့်သာရယ်ပြလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့မင်္ဂလာဆောင်မှာသူရှိနေချင်သေးတယ်မဟုတ်လား။

တရားရုံးသို့ မနက်ဆယ့်တစ်နာရီခန့်တွင် ဝမ်ရိပေါ်တို့ရောက်လာခဲ့ကြသော်လည်း လိုအပ်သည့်စာရွက်စာတမ်းများကိုပြင်ဆင်နေရသဖြင့် နေ့လယ်ထမင်းစားပြီးချိန်မှ လက်မှတ်ထိုးဖြစ်ခဲ့ကြသည်။ သူ့ဘက်မှအသိသက်သေကို ချန်းယီအားထိုးခိုင်းကာ ရှောင်းကျန့်ဘက်တွင်တော့ ပါး၏လူယုံတဖြစ်လဲအတွင်းရေးမှူးမှလက်မှတ်ထိုးပေးခဲ့သည်။

“နောက်ဆုံးတော့ ငါ့သူငယ်ချင်းကြီးတောင် တရားဝင်အိမ်ထောင်ကျသွားပြီပဲ”

Valuable JewelDonde viven las historias. Descúbrelo ahora