Part 16

2.5K 301 8
                                    

Unicode

ဟန်ရှင်းကောပြန်သွားပြီးသည်နှင့် ရှောင်းကျန့်သူရွှေ့ဆိုင်းထားခဲ့သည့်အလုပ်များကိုဆက်ပြီးလုပ်နေလိုက်၏။

ကိုကိုနဲ့တော့စကားတခွန်းမှသူထပ်မပြောဖြစ်တော့ဘူး။ သူနဲ့မျက်စောင်းထိုးအနေအထားမှာရှိနေတဲ့ ဆိုဖာခုံမှာထိုင်ပြီး သူ့အလုပ်စားပွဲရှိရာကိုမမှိတ်မသုန်ထိုင်ကြည့်နေတဲ့ ကိုကို့ ကိုအတတ်နိုင်ဆုံးလျစ်လျူရှုဖို့ဆုံးဖြတ်ထားတယ်။

ဘာမှလုပ်စရာမရှိသည့် ဝမ်ရိပေါ်မှာ သူ့ဘာသာအလုပ်လုပ်နေသည့် လူအားမကျေနပ်သည့်ရုပ်ဖြင့်ထိုင်၍ကြည့်နေရင်း တယောက်တည်းစိတ်ထဲမှပြစ်တင်ပြောဆိုနေလေသည်။

အဲဒီဟာလေးကတကယ်ပဲဘာလေးလဲ။ သူတို့ကဘယ်လိုပဲပါးကြောင့်လက်ထပ်လိုက်ရတယ်ဆိုပေမယ့်လည်း အခုလိုတရားဝင်လက်ထပ်ထားတဲ့နေ့ကြီးမှာ ဒီလောက်အထိအလုပ်လုပ်နေစရာလိုလို့လား။

အရင်ဘဝကအလုပ်မလုပ်လိုက်ရဘဲသေသွားလို့များ ဒီဘဝမှာအဲဒီလောက်အထိလာကြိုးစားပြနေတာလား။ ဒါမှမဟုတ် သူ့အရှေ့မှာမို့တမင်သပ်သပ်လုပ်ပြနေတာလား။ သူရဲ့မင်္ဂလာနေ့က တကယ်ပဲရုံးခန်းထဲမှာပဲအချိန်ကုန်လိုက်ရတော့မှာလား။

ကုမ္ပဏီတွင်းရှိအခြားသောဌာနများသို့ ရှောင်းကျန့်သွားသည့်အခါတွင်လည်း အနောက်မှဝမ်ရိပေါ်မှာ မပါမဖြစ်တကောက်ကောက်လျှောက်လိုက်တော့သည်။

ထိုသို့သွားသည့်အခါတိုင်း ဌာနဆိုင်ရာများမှဝန်ထမ်းများမှာ CEO ဖြစ်သူအားနှုတ်ဆက်ကြသဖြင့် ရှောင်းကျန့်မှာလည်းအပြုံးတခုဆင်မြန်းကာ ခေါင်းငြိမ့်ပြလို့အသိအမှတ်ပြုနေလေရာ ဘေးနားတွင်အတူပါလာသည့် ဝမ်ရိပေါ်မှာအကြီးအကျယ်ပေါက်ကွဲတော့ပြန်သည်။

ဘာလဲ…ဘာလို့လူတကာကိုအဲဒီလောက်တောင်လိုက်ရယ်ပြနေတာလဲ။ သူ့ကိုကျတော့ တစ်ချိန်လုံးမရှိတဲ့ လူတယောက်လိုဆက်ဆံခဲ့ပြီး အခုဒီဘာမဟုတ်တဲ့ ဝန်ထမ်းတွေကိုကျရယ်ပြနေတာတဲ့လား။ တကယ်ပဲဒေါသထွက်စရာကောင်းလိုက်တာ။ သူ့ကိုမမြင်သလိုမရှိသလိုလုပ်နေရ‌အောင် သူကဘာလဲ လေလား။

Valuable JewelWhere stories live. Discover now