Part 20

2.7K 298 9
                                    

Unicode

“ခဏနားပြီးတာနဲ့အောက်ကိုဆင်းလာခဲ့”

ကုမ္ပဏီမှပြန်ရောက်လာပြီး သူ၏အခန်းထဲသို့မဝင်ရသေးခင် မျက်နှာချင်းဆိုင်အခန်းဝမှာရပ်နေသောကိုကိုက အ‌နောက်မှလှမ်းကာပြောလာသဖြင့် လှည့်ကြည့်လိုက်မိသည်။

“အလုပ်ရှိလို့လား ကိုကို”

“ဆိုင်ကယ်စီးသင်ပေးမယ်လို့ပြောထားတယ်လေ”

“အာာ..ကျွန်တော်မအား…”

“ဒုန်းးး”

သူ့စကားတောင်ဆုံးအောင်မပြောလိုက်ရသေးဘူး။ အခန်းထဲကိုဝင်သွားတဲ့ ကိုကို့ကြောင့် ရှောင်းကျန့်တံတွေးတချက်မျိုချမိပြီး ဆုံးဖြတ်ချက်တခုကိုချလိုက်တော့တယ်။

ဘာပဲဖြစ်ဖြစ်ဒီနေ့အခန်းထဲကလုံးဝအပြင်ပြန်မထွက်‌တော့မှပဲ။

ဒါပေမယ့်လည်း ရှောင်းကျန့်တယောက်ရေချိုးအဝတ်အစားလဲပြီးတော့ ကားထဲမှာ Laptop ကျန်ခဲ့တာကိုသတိရသွားလို့ အောက်ထပ်ကိုမဆင်းမဖြစ်ဆင်းရတော့မှာမို့ အခန်းထဲကနေမထွက်ခင် တဖက်အခန်းကိုအသာလေးအရင်ချောင်းကြည့်လိုက်တယ်။

ဘယ်သူမှမရှိသလို ဘာသံမှလည်းမကြားရတော့ ကိုကိုရေချိုးနေလောက်တုန်းပဲဖြစ်လောက်တာမို့ အောက်ထပ်ကိုအမြန်ဆင်းလာလိုက်ပြီး ကားတံခါးကိုဖွင့်မို့လုပ်နေတုန်းမှာပဲ အနောက်ကနေကြားလိုက်ရတဲ့အသံကြောင့်တကိုယ်လုံးလှုပ်မရတော့သလို တောင့်တောင့်ကြီးရပ်လိုက်မိသွားတယ်။

“ရှောင်းကျန့်”

လှည့်ကြည့်လိုက်တော့သူ့ကိုလက်ပိုက်ကာ ရှုတည်တည်ဖြင့်ကြည့်နေသည့်ကိုကိုက မင်းဘယ်ပြေးမလဲဆိုတဲ့စကားကိုမပြောဘဲ မျက်နှာအမူအရာဖြင့်ပြနေသလို…

“ကိုကို…ဟို..ကျွန်တော်အလုပ်ရှိသေးလို့”

“မရဘူး”

ထို့နောက်တွင်တော့ချက်ချင်းပင် အိမ်ထဲသို့ပြန်ဝင်ပြေးရန်ကြံသောကောင်လေးတယောက်၏အကြံအစည်မှာ မအောင်မြင်လိုက်ဘဲ ဂုတ်မှဆွဲခေါ်ခြင်းကိုခံလိုက်ရလေသည်။

“ကိုကို ကျွန်တော်တကယ်မအားဘူး။ အလုပ်ရှိသေးတယ်”

“တနေကုန်လည်းအလုပ်တွေလုပ်ပြီးပြီလေ။ အဲဒါတောင်ဘာကိုထပ်ပြီးလုပ်ဦးမလို့လဲ။ အဲဒီလောက်အလုပ်လုပ်နေတာက ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ ဒီအတိုင်းကိုယ်လက်လှုပ်ရှားမှုနည်းနည်းတော့လုပ်ရဦးမှာပေါ့”

Valuable JewelWhere stories live. Discover now