[ 53 ]

3.5K 522 19
                                    

Unicode

အပိုင်း - ၅၃

တဖြည်းဖြည်းနှင့် လုကျင်းလန်တစ်ယောက် အသိစိတ်ပျောက်လောက်အောင် မူးလာတာကို ဝမ်ကျားနင် မြင်ရသဖြင့် လုယွီနမ်ဆီ ဖုန်းဆက်ပြီး လုကျင်းလန်ကို လာခေါ်ပေးဖို့ ပြောလိုက်သည်။

လုယွီနမ် ရောက်လာတော့ ဝမ်ကျားနင်ကို ကြည့်ပြီး တစ်ချက် တွေဝေသွား၏။ သူ လုကျင်းလန်ကို ကူတွဲပေးရင်း ဝမ်ကျားနင်လည်း အတူလိုက်လာလောက်မလားဟု တွေးကာ ခပ်တိုးတိုး ခေါ်လိုက်သည်။

“ ရှင်ဟန်? ”

ဝမ်ကျားနင်က ခေါင်းခါလိုက်ပြီး

“ နောက်ကျနေပြီ၊ မစ္စတာလုကို ခေါ်သွားလိုက်ပါ ”

အပြင်လူများရှေ့မှာမို့ လုယွီနမ်လည်း ဘာမှ သိပ်မပြောဘဲ လုကျင်းလန်ကို ကူတွဲရင်း ထွက်သွားတော့သည်။

ဝမ်ကျားနင် တစ်ခဏလောက် ဆက်ထိုင်နေပြီးနောက် ဝိန်ထင်းဟွမ် လာခေါ်သဖြင့် သူလည်း နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်၏။

ကားထဲ ဝင်ထိုင်လိုက်ချိန်၊ ဝိန်ထင်းဟွမ်က ဆီးကြို မေးသည်။

“ ငါ ကြားတာတော့ 'October fireworks'ဇာတ်ကားကြောင့် လုကျင်းလန်ကို ဂုဏ်ပြုပေးတဲ့ ပွဲ မဟုတ်လား ”

ဝမ်ကျားနင်က ခပ်ပြုံးပြုံးနှင့်။

“ ဒီတစ်ခါလည်း သိပြန်ပြီပေါ့ ”

“ ငါက သတင်းစုံ သိပါတယ်နော်! ”

ဝမ်ကျားနင်က ဘာမှ ပြန်မပြောဘဲ သူ့ကိုယ်တွင်းမှ တရိပ်ရိပ်လောင်မြိုက်နေဆဲ အပူရှိန်တွေ သက်သာလိုသက်သာငြား ကားပြတင်းမှန်ကို ခေါင်းမှီထားလိုက်သည်။

သူ မတည်မငြိမ်ဖြစ်နေမှန်း ဝိန်ထင်းဟွမ်က ရိပ်မိသွားပုံပင်။

“ ဘာလဲ၊ လုကျင်းလန်ကို မြင်လိုက်ရတော့ အချစ်ဟောင်းတွေ ပြန်ထကြွလာလို့လား ”

ဝမ်ကျားနင်က ပြုံးရုံ ပြုံးသည်။

ဝိန်ထင်းဟွမ် : “ ငါလည်း အရင်က မချစ်ဖူးတာတော့ မဟုတ်ပါဘူး၊ ထိန်းချုပ်ဖို့ လွယ်ကူလွန်းတဲ့ အချစ်ဆိုတာမျိုးကိုလေ...တကယ်တော့ အချစ်ဆိုပြီး သတ်မှတ်လို့ မရဘူး ”

ပြီးပြည့်စုံခြင်း [COMPLETED]Where stories live. Discover now