𝙀𝙒𝙓 31 Final ♡

6.2K 235 10
                                    

(Unicode)

^အအေးချမ်းဆုံးသော မိသားစုကြားကချစ်ခြင်းမေတ္တာတရား^

အထိန်းတော်ယွေ့ရဲ့အဖြစ်ပျက်တွေပြီးတော့ ရှောင်းကျန့်ကိုယ်တိုင်လဲအများကြီးထိပ်လန့်သွားပြီး ရှောင်းအားနားအနီးကပ်အထိန်းတော်မထားရဲတော့ပဲ အစစအရာရာယွမ်းရှင်းနဲ့သူကိုယ်တိုင်ပဲလုပ်ပေးဖြစ်တယ် ရှောင်းကျန့်ပင်းပန်‌မှာကိုမကြည့်ရက်တဲ့ရိပေါ်ကြောင့် ရှောင်းချီရဲ့အထိန်းတော်ယွဲ့မှာ ရှောင်းအားကိုဂရုစိုက်ဖို့တာဝန်တစ်ခုထပ်တိုးလာတယ်

ဒီနေ့မှာတော့ စိတ်ပြေလက်ပျောက်ဖြစ်အောင် ရှောင်းကျန့်တို့သားဖသုံးယာက်ကို နန်းပြင်ခေါ်သွားဖို့ ရိပေါ်ကစီစဉ်ထားတယ် ဒါကြောင့်ညီလာခံကိုအမြန်သိမ်းပြီး ရိပေါ်လျန်ဟွားအဆောင်ကိုအမြန်ပြန်လာ‌တော့ ရှောင်းကျန့်တို့သားဖသုံးယောက်က အရပ်သားဝတ်စုံတောင်လဲထားပြီးပြီး...

"တျဲတျဲ မြန်မြန်လုပ်"

နန်းပြင်ကိုထွက်ရမယ်ဆိုတာနဲ့ တက်ကြွနေတဲ့ ရှောင်းအားလေးကိုရိပေါ်ကချီပြီး ဖောင်းဖောင်းကစ်ကစ်ဖြစ်လာတဲ့ပါးနှစ်ဖက်ကိုနမ်းလိုက်ပြီးမှာ နန်းပြင်ထွက်ဖို့ပြင်ဆင်လိုက်တယ်

ဝမ်အင်ပါယာရဲ့တောင်ပိုင်းမြို့နယ်ဖြစ်တဲ့ ရန်လုံမြို့က အရမ်းကိုစည်ကားကျယ်ပြန့်တယ် အဓိကအားဖြစ်စိုက်ပျိုးရေလုပ်ငန်းကိုလုပ်ကြပြီး ပန်းမျိုးစုံကိုလဲစိုက်ပျိုးကြတာ‌ကြောင့် ပန်းခင်း အမြောက်အများတည်ရှိတဲ့မြို့လဲဖြစ်တယ်

ရိပေါ်တို့မိသားစု ရန်လုံမြို့ကိုရောက်တော့ ညမိုးချုပ်နေပြီးဖြစ်တာကြောင့် နီးစပ်ရာခေါက်ဆွဲဆိုင်မှာအရင်ဆုံးညစာစားလိုက်ပြီးမှ အနားယူဖို့အတွက်တည်းခိုဆောင်သို့ထွက်လာလိုက်တယ်

တရက်လုံးခရီးနှင်လာရတာကြောင့် တည်းခိုဆောင်ရောက်တာနဲ့ရှောင်းကျန့်က သားနှစ်ယောက်ကိုရေအမြန်ချိုပေးပြီး သူပါတစ်ခါထဲရေချိုးလိုက်တယ် ရှောင်းကျန့်ခရီးပန်းနေတာသိတဲ့ရိပေါ်က ဒီညတော့စောစောအနားယူဖို့တွေးလိုက်ပေမယ့် ညဈေးတန်းသွားလည်ချင်တယ်ဆိုပြီး ဂျီကျလာတဲ့ရှောင်း‌အားကြောင့် မိသားတစ်စုလုံးညဈေးတန်းကို ထွက်လာလိုက်တယ်
ရန်လုံမြို့ရဲ့ညဈေးတန်းကလဲအရမ်းကိုစည်ကားပြီ စားစရာတွေနဲ့မုန့်တွေလဲမျိုးစုံအောင်ကိုရှိတယ် ‌ဒါအပြင်လမ်းတန်းတစ်လျှောက်ထွန်းထားတဲ့ မီးရောင်စုံကလဲအရမ်းကိုလှပတယ် တွေ့သမျှအစားစာတွေအကုန်စားချင်နေတဲ့ရှောင်းအားကြောင့် ရှောင်းကျန့်နဲ့ရှောင်းချီမှာ ချော့လိုက် အော်လိုက်နဲ့တားနေရတယ် ရိပေါ်တို့မိသားစုကညနက်တဲ့အထိ လည်ပတ်ပြီးမှာ တည်ခိုးဆောင်ကိုပြန်လာလိုက်ကြတယ်

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now