𝙀𝙒𝙓 30 ♡

1.3K 59 0
                                    

(Unicode)

^အရှင်လတ်လတ်ငရဲမကျချင်ရင် မင်းသားလေးဝမ်ရှောင်းအားကိုမထိသင့်ဘူး^

အစေခံရဲ့လျှောက်တင်သံအဆုံး ရှောင်းကျန့်ကဆံပင်ပါဖြူချင်သွားတယ် အခုထိအငိုမတိတ်သေးတဲ့ရှောင်းအားလေးကို ရိပေါ်လက်ထဲထည့်ပေးလိုက်ပြီး သူကတော့အမြန်တားမြစ်မိကျောင်းကန်ဆီထွက်လာလိုက်ရတယ်

အရင်ကတော့ ရိုးရိုးတားမြစ်ရေကန်ပဲဆိုပေမယ့် ရှောင်းချီအသက် 8 နှစ်ပြည့်မွေးနေ့တုန်းက မိကျောင်းမွေးချင်တယ်ဆိုပြီးပြောလာတာကြောင့် ရိပေါ်ကဒီတားမြစ်ရေကန်ကိုပြန်ပြုပြင်ပြီး မွေးပေးထားတာဖြစ်တယ် အသားစားတတ်သဝါဖြစ်တဲ့အပြင် အန္တရာယ်လည်းများတာကြောင့် ရှောင်းကျန့်ကလုံးဝမမွေးစေချင်ဘူး ဒါပေမယ့်သူကဘယ်လောက်တားတားရိပေါ်ကနားမဝင်ပဲ သားတွေကိုအရမ်းအလိုလိုက်လွန်းတယ် ပြသနာတစ်ခုခုဖြစ်ရင်တော့ လိုက်ရှင်းရတာကသူပဲဖြစ်တယ်

ရှောင်းချီကတော်ရုံဒေါသထွက်တက်တဲ့သူမဟုတ်ဘူးဆိုတာရိပေါ်ကသိတယ် ‌အထိန်းတော်ယွေ့ကိုတားမြစ်မိကျောင်းကန်ထိဆွဲခေါ်သွားတယ်ဆိုတဲ့သတင်းကြားလိုက်ရတော့ ရှောင်းအားလက်ကကုတ်ခြစ်ရာတွေကအထိန်းတော်ယွေ့ကြောင့်ဆိုတာကို ရိပေါ်ကသဘောပေါက်လိုက်တယ် ဒါကြောင့်ရှောင်းအားကိုပွေ့ချီပြီး ‌ရိပေါ်ပါရှောင်းကျန်အနောက်ကနေလိုက်လာခဲ့လိုက်တယ် မကြောက်မလန့်သူ့သားကိုထိရဲမှာတော့ ဖြစ်လာမှာနောက်ဆက်သွယ်အကြိုဆက်ကိုလည်းခံစားနိုင်ရမှာပေါ့ ဟုတ်တယ်မလား

~~~~~~~~~~

"မင်းလိုအစေခံကများ ဘယ်ကသတ္တိတွေနဲ့အတင့်ရဲပြီးကောကို ကိုယ်ထိလက်ရောက်ကျူးလွန်းရဲရတာလဲဟမ်း!"

"အိမ်ရှေ့စံအထင်လွဲနေတာပါ ကျွန်တော်မျိုးမမင်းသားလေးကိုဘာမှမလုပ်ရပါဘူး လုပ်လဲမလုပ်ရဲပါဘူး"

"သူကိုရေကန်အလည်ကကျောက်ဆောင်စီဆွဲခေါ်သွားကြစမ်း!!"

"အမိန့်တိုင်းပါအိမ်ရှေ့စံမင်းသား"

"မလုပ်မ...လုပ်ပါနဲ့အိမ်ရှေ့စံ ကျွန်တော်မျိုးမတကယ်မင်းသားလေးကိုဘာမှမလုပ်ရပါဘူး"

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now