𝙀𝙒𝙓 29 ♡

3.5K 175 2
                                    

(Unicode)

^ဝမ်အင်ပါယာ၌ ဧကရီရှောင်းနဲ့ အမွှာနှစ်ယောက်သာ အာဏာအကြီးဆုံး^

(11 နှစ်ခန့်ကြာပြီးနောက်)

လျန်ဟွားအဆောင်ရှေ့မှာ ဒူးထောက်နေရတဲ့ ဝမ်အရှင်နဲ့မင်းသားဝမ်ရှောင်းအားကြောင့် ယွီကုန်းကုန်းနဲ့အစေခံတွေမှာ ဒူးပဲထောက်ရမလိုလို ရပ်ပဲရပ်နေရမလိုလိုဖြစ်နေကြတယ် ဒါမျိုးကဝမ်အရှင်နဲ့မင်းသားလေးရှောင်းအားအပြစ်လုပ်တိုင်းဖြစ်နေကြဆိုပေမယ့် ဒီလိုဖြစ်တိုင်း သူတို့မှာတော့နေစရာ နေရာမရဖြစ်နေတက်တယ်

အဆောင်ထဲမှာတော့ဧကရီရှောင်းကကုတင်ခေါင်းရင်းကိုမှီရင်းစာဖတ်နေသလို အိမ်ရှေ့စံမင်းသားဝမ်ရှောင်းချီမှာလည်း စာရေးစားပွဲမှာထိုင်ပြီး အေးဆေးစွာစာလုပ်နေတယ် တစ်ချက်တစ်ချက်တော့ ကုတင်ပေါ်မှာစာဖတ်နေတဲ့ သူ့ပါးပါးကိုမသိမသာခိုးခိုးကြည့်နေတက်တယ်

"ဟင့်"

အပြင်ဘက်ကရှောင်းအားရဲ့ရှိုက်သံကိုကြားရတဲ့အချိန်မှာတော့ ရှောင်းချီကစာဆက်မလုပ်နိုင်တော့ပဲ အဆောင်ပြင်ဘက်ကိုထွက်လာလိုက်တယ်

"ကောဘာဖြစ်လိုလဲ ဘာလိုငိုနေတာလဲ"

"ရှောင်းချီ ကောရဲ့ဒူးကနာနေပြီ ဟင့် အရမ်းနာနေပြီး"

"ထတော့"

"ဘယ်သူကထခိုင်းလိုလဲ အပြစ်ပိုကြီးချင်နေတာလာဟမ်း!"

အဆောင်ထဲကနေ ဟိန်းထွက်လာတဲ့ရှောင်းကျန့်ရဲအသံကြောင့် ထတော့မလိုပြင်နေတဲ့ရှောင်းအားက ကြောက်လန့်ကာမထရဲတော့ပဲ ဒူးပြန်ထောက်နေလိုက်ရတယ်

မျက်ရည်အဝိုင်းသားနဲ့ရှောင်းအားကသူကိုကြည့်လာတဲ့အခါမှာတော့ ရှောင်းချီကဘယ်လိုမှမနေနိုင်တော့ပဲ ရှောင်းအားကိုဆွဲမလိုက်ပြီး ရှောင်းအားအစားသူကရိပေါ်ဘေးမှာဒူးထောက်ထိုင်ချလိုက်တယ်

ရိပေါ်ကတော့ဘာမှဝင်မပြောပဲငြိမ်နေလိုက်တယ် သူသာဝင်ပြောလိုက်ရင် သူရှောင်းကပိုစိတ်ဆိုးသွားတော့မှာကြိုသိနေတယ်

"ဒါဘာလုပ်တာလဲရှောင်းချီ"

"ကောကအရမ်းနာနေပြီးဒူးတွေတောင်နီရဲနေပြီး ပါးပါးစိတ်ဆိုးမပြေသေးရင် ပြေတဲ့အထိ ကောအစား သားပဲဆက်ဒူးထောက်‌ပေးမယ်"

𝙀𝙢𝙥𝙚𝙧𝙤𝙧 𝙒𝙖𝙣𝙜'𝙨 𝙓𝙞𝙖𝙤 (Completed)Where stories live. Discover now