အပိုင်း - ၁၄

1K 24 0
                                    


မနက်သုံးနာရီခန့်...
နေ့ဘက်မရောက်သေးသော်လည်း လျှပ်စစ်မီးများ၏အကူအညီဖြင့် ဆေးရုံတစ်ခုလုံး လင်းထိန်နေလျှက်။

အေးချမ်းမေသူတစ်ယောက် ဆေးရုံခန်းလေး၏ကြမ်းပြင်ထက်တွင်ဖျာလေးခင်းကာ အိပ်ပျော်နေရာမှ ရုတ်တရက်တရေးနိုးလာကာ ဗိုက်ထဲ၌လည်း ရစ်တစ်တစ်ခံစားလိုက်ရ၏။

ညစာအဖြစ်စားခဲ့သည့် မျှစ်များများနှင့်ချဉ်ပေါင်ရွက်ကြော်က ညဥ့်နက်သန်းခေါင်မှပင် အစွမ်းများထုတ်ကာ သိုင်းကွက်ပြလာပြီထင့်။

သန့်စင်ခန်းကလည်း အခန်းအပြင်ဘက် မနီးမဝေးတွင်သာဖြစ်ရာ အနား၌အိပ်မောကျနေဆဲကြီးမေကို နှိုးမနေတော့ဘဲ တစ်ယောက်တည်းသာထွက်လာခဲ့လိုက်တော့သည်။

မိန်းမဘသားသတ္တိဖွား အေးချမ်းမေသူက အိမ်တွင်နေကတည်းက ညဘက်၌လည်း တစ်ကိုယ်တော်သာ အပေါ့အပါးသွားနေကျပင်။

ယခုလည်း အေးအေးလူလူပင် အခန်းအပြင်ဘက်ထွက်ကာ သန့်စင်ခန်းဘက်ဆီ ဦးတည်လိုက်၏။

ရုတ်တရက် မီးပျက်လျှင်ခက်မည်ဖြစ်၍ ခေါင်းရင်း၌ထားအိပ်နေကျ ဓာတ်မီးလေးကလည်း မပါမဖြစ်။

အခန်းအပြင်ဘက်ထွက်သည်နှင့် အခန်းမယူထားသည့် လူနာအချို့အား ဟောခန်းကျယ်၌ ခုတင်ကိုယ်စီဖြင့် တွေ့လိုက်ရ၏။

အမှန်အကန်အိပ်ကောင်းချိန်ဖြစ်၍ ဆေးရုံတစ်ခုလုံးတိတ်ဆိတ်နေကာ လူနာများသာမက လူနာစောင့်များပါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေကြဆဲ။

ယခုအချိန်မျိုး၌ တစ်ခါတစ်ရံရုတ်တရက်ရောက်လာတတ်သည့် အရေးပေါ်လူနာအချို့နှင့် အလှည့်ကျ လာroundရသော သူနာပြုဆရာမများ၏ ခြေသံမှအပ မည်သည့်အသံတစ်စုံတစ်ရာမျှ မကြားရပါချေ။

သူ(မ)သန့်စင်ခန်းဝင်ပြီး ဆေးရုံအခန်းဆီပြန်လာချိန်၌ သူတို့ဘက်ဆီ တရွေ့ရွေ့လျှောက်လာနေသည့်ခြေသံအား ကြားလိုက်ရ၏။

Dutyကျသူနာပြုဆရာမလေးက စောစောကတင်ပြန်ထွက်သွားသည်ကိုမြင်လိုက်ရ၍ ထပ်ပြန်လာခြင်းတော့မဟုတ်တန်ရာ။

ရုတ်ချည်းပင် ကျောထဲစိမ့်သွားမိသော်လည်း အေးချမ်းမေသူပီသစွာပင် မတ်တတ်ရပ်ကာ မမှိတ်မသုန်ပြန်စိုက်ကြည့်နေမိသည်။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now