အပိုင်း - ၃၈

642 21 0
                                    


မနက်မိုးလင်းလင်းချင်း မနက်စာပင်မစားခဲ့နိုင်ဘဲ ထက်နောင် ပထမဆုံးခြေချမိသည်က ပုဂံမြေဆီ။

ဆိုင်ကယ်ကို ဟိုတယ်ထဲ ထိုးဝင်တော့မည့်အခိုက် အနား၌ရပ်လာသော ကားနက်တစ်စီး။

ထက်နောင်ကြည့်နေစဉ်မှာပင် ကားမှန်လေးကလျောကျသွား၍ ကားထဲမှလူကို ထင်ထင်ရှားရှားမြင်လိုက်ရ၏။

ထိုသူကို ထက်နောင် ကောင်းကောင်းသိသည်။
လူးကပ်စ်မွေးနေ့က ကားမောင်းပို့ခဲ့သော ဦးကံကောင်းဆိုသူပင်။

" လူးကပ်စ်လေးဆီ လာသလား "

ထက်နောင် အမြန်ခေါင်းညိတ်ပြလိုက်သည်။

ဦးကံကောင်းက လူးကပ်စ်၏ဦးလေးလည်း တော်စပ်သူဆို၍ တစ်ခုခုတော့ အကြောင်းထူးမည်ဟူသော မျှော်လင့်ချက်များက တဖွားဖွား။

နှုတ်မှလည်း...

" ဟုတ်ကဲ့ လူးကပ်စ်ကို တွေ့ချင်... "

" လိုက်ခဲ့ "

" ဗျာ "

" နောက်ကလိုက်ခဲ့ "

ဦးကံကောင်းက ကားမှန်လေးကို ပြန်တင်သွား၏။

ထက်နောင် ဆိုင်ကယ်‌လက်ကိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ မနှေးမမြန်မောင်းသွားသည့်ကားလေးနောက်မှ အမီလိုက်ရသည်။

တရိပ်ရိပ်ပြေးနေသည့် ဆိုင်ကယ်လေးနည်းတူ နှလုံးသားကလည်း ခုန်ပေါက်ပြေးလွှားနေလျှက်။

မြတ်နိုးရာကမ္ဘာငယ်လေးကို တွေ့ရတော့မည်ဟူသော အတွေးနှင့်ပင် ထိန်းမနိုင်သိမ်းမရ လှုပ်ရှားနေမိသော နှလုံးသား...

ထိုသို့သောဖြစ်တည်မှုလေးကို သူ ဘယ်လိုနည်းဖြင့် စွန့်လွှတ်နိုင်ပါ့။

မိနစ်ပိုင်းအကြာတွင် ဆေးရုံဝန်းကြီးထဲ မောင်းဝင်သွားသည့်ကားလေးကြောင့် ထက်နောင် မျက်ခုံးတန်းများ ပင့်တက်သွားရသည်အထိ။

အစက သူ ထင်ထားခဲ့သည်က လူရှင်းသည့်တစ်နေရာတွင် တစ်ခုခုပြောကြရန် ခေါ်လာခြင်းဟုသာ။

တွေးထားခဲ့သည်နှင့် ဆန့်ကျင့်စွာပင် ယခု ရောက်လာသည်က ညောင်ဦး ခုတင် 200ဆေးရုံကြီး။

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Where stories live. Discover now