ပုဂံမြေ မြင်းကပါအရပ်၏တောင်ဘက်
အပယ်ရတနာဘုရားဂူဘုရားထဲ အုပ်စုလိုက်လှည့်လည်ကြည့်ရှုနေကြသည့် လူကြီးလေးငါးဦးနှင့် ကလေးအဖွဲ့ကြီး။
အရပ်ဝတ်များနှင့်သာဖြစ်သော်လည်း မည်သို့ပင်ကြည့်ကြည့် ကျောင်းလေ့လာရေးခရီးထွက်လာသည့်အဖွဲ့ဖြစ်ကြောင်း သိသိသာသာ။
ကလေးများက အရွယ်စုံ၏။
အရွယ်အရ မူလတန်းကျောင်းတစ်ကျောင်းကျောင်းမှ ဖြစ်မည့်ပုံပင်။ဂူဘုရား၏ ခန်းမကြီးထဲရှိ ဘူမိဖဿမုဒြာဟန် အုတ်ဆင်းတုကြီရှေ့၌ တစ်ဖွဲ့လုံး ပဆစ်တုပ်လျှက် လက်အုပ်ချီကာ ထိခြင်းငါးပါးဖြင့် တညီတညာလည်း ကန်တော့လိုက်ကြ၏။
ထို့နောက် ကလေးအားလုံး ခန်းမဆောင်၏တစ်နေရာ၌ စုထိုင်လိုက်ကြကာ ထိုကလေးများကို ဆရာမတစ်ယောက်က အပယ်ရတနာ၏ဘုရားသမိုင်းကို စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြနေလျှက်။
" အားလုံးသိကြတဲ့အတိုင်း ဒီဘုရားကိုတော့ အပယ်ရတနာဘုရားလို့ခေါ်တယ် ဒီဘုရားက ဂူဘုရားတစ်ဆူဖြစ်ပြီး ထူပါပေါက်ဂူဘုရားအမျိုးအစားထဲပါတယ် "
" ထူပါပေါက်ဆိုတာ ဘာလဲဆရာမ "
ခြောက်နှစ်ခန့်အရွယ်ကောင်လေးတစ်ယောက်က ထမေးလာ၏။
ထိုကလေးက ပထမတန်းမှဖြစ်သော်လည်း အရပ်ရှည်ကာ မျက်လုံးတောက်တောက်ကလေးများနှင့် အညာသားပီပီ ဟန်ချီချီဖြင့် ချောကလတ်ရောင်အသားအရေပိုင်ဆိုင်ထားသော လူညိုချောလေးပင်။
ကလေး၏ မျက်နှာဝိုင်းဝိုင်းလေးကလည်း ဆံပင်အုပ်အုပ်အုန်းမှုတ်ခွက်ကေလေးနှင့်ဖြစ်ရာ တစ်မျိုးတစ်ဖုံ ချစ်စရာ့အသွင်။
အသက်ငယ်ငယ်နှင့် စကားတတ်လည်းတတ်သေးသည့် ချစ်စရာထိုကောင်လေးက ဆရာဆရာမများ၏အသည်းကျော်လေးပင်။
ဆရာ၊ ဆရာမများသာမက အကြီးတန်းမှကိုကို၊ မမများကပါ နောင်နောင်ဟု ချစ်စနိုးခေါ်ကြသည်အထိ ရဲသွေးထက်နောင်ဆိုသော ထိုကောင်လေးက စန်းပွင့်ပါ၏။
" ဪ အဲဒါကျတော့ ဂူဘုရားတွေရဲ့အထက်ပိုင်းအထွတ်လက်ရာကိုကြည့်ပြီး ခေါ်ကြတာသားနောင်နောင်ရဲ့ ထူပါပေါက်၊ သီဟိုဠ်ပေါက်၊ မဟာဗောဓိပေါက်၊ ကွမ်းတောင်ပေါက် စသဖြင့်ပေါ့ "
BINABASA MO ANG
ပုပ္ပားမြေမှ စံကားဝါ / ပုပၸားေျမမွ စံကားဝါ (Completed)
Romanceပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့ရင် ပေပေါင်း 2417မြင့်တာကို မျက်ကွယ်ပြုလို့ ပေ1500လို့ပဲ ကိုယ်ဖြေမယ် မင်းနဲ့တွေခဲ့တဲ့နေရာ... ချစ်မိခ...