အပိုင်း - ၃၁

2.5K 165 17
                                    


ဦးသောင်းတင်၏ တစ်လပြည့်ဆွမ်းသွတ်က ကျောင်းပိတ်ရက်နှင့် တိုက်သွားသည့်အပြင် ထွေးလေးဖြစ်သူက တိုင်ပင်စရာရှိသည်ဆိုလာ၍ ထက်နောင်တို့တစ်မိသားစုလုံး ပေါင်းတလည်သို့ထွက်ရပြန်သည်။

‌ဖုန်းထဲမှ အရိပ်အမြွတ်ကြားထားပုံအရ ထွေးလေးတို့က ပုပ္ပားဆီပြန်ပြောင်းလာမည့်ပုံပင်။

အငယ်မနီနီကတော့ မမနှင့် အနားနီးနီးနေရတော့မည်ဆိုကာ အပျော်ကြီးပျော်နေလျှက်။

မပျော်နိုင်သူက ထက်နောင်။
တစ်ညအိပ်၊ နှစ်ရက်ခရီးစဉ်လေးကိုပင် သူ့မှာအင်တင်တင်ဖြစ်နေမိသည်။

ပူပူနွေးနွေးရထားသည့်ချစ်သူလေးနှင့် မခွဲချင်သေးသော်လည်း ' လိုက်ခဲ့ပါသားရယ် ကျောင်းပိတ်ရက်ပဲ နင့်ထွေးလေးကလဲ အားကိုးတကြီးခေါ်တဲ့ဟာ ' ဆိုသော အမေ့စကားကြောင့် စိတ်မပါလက်မပါလိုက်လာခဲ့ရခြင်းသာ။

အမှန်တကယ်လည်း ရောက်သည့်အခါ ထက်နောင်တစ်ယောက် ခွေခေါက်နေမိ၏။

တစ်လပြည့်အတွက်က သူ့အတွက်အလုပ်လည်းသိပ်မရှိ။

ဆွမ်းနှင့် လူများကိုကျွေးရန်က စရန်ရိုက်ပြီးဖြစ်ကာ အချိုပွဲအတွက်မုန့်နှင့် အခြားလိုသည့် တို့တို့တိတိများကို မေသူနှင့် နီနီတို့ကသာ သွားဝယ်ကြမည်ပင်။

ထွေးလေးက အမေ့အနားကပ်ကာ ပုပ္ပားတွင်အခြေချရန်ကိစ္စများကို သမီးယောက်မချင်း ခေါင်းချင်းဆိုင်ကာ တတွတ်တွတ်တိုင်ပင်နေကြရင်းမှ ထက်နောင်ကိုပါ သူတို့စကားဝိုင်းထဲ ဆွဲဆွဲထည့်လာပြန်သည်။

သိန်းနှစ်ရာခန့် အိမ်နှင့်ခြံအသင့်ရောင်းရန်ရှိမရှိနှင့် ထက်နောင်တို့အိမ်အနီးနား၌ အိမ် ခြံဈေးမည်မျှပေါက်သလဲ၊ မည်သည့်ခြံရောင်းရန်ရှိသလဲစသည်စသည်...

ထက်နောင်ကလည်း သိသလောက်ဖြေပေးကာ သူ့အသိပွဲစားအချို့ကိုပါ ဆက်သွယ်ပေးလိုက်ပါ၏။

ထိုအခိုက်မှာပင် ဝတ်စားပြင်ဆင်ထားသည့် အေးချမ်းမေသူနှင့် နီနီက အိမ်ထဲမှထွက်လာရင်း...

" မေလေးတို့ မနက်ဖြန်လိုအပ်တာလေးတွေဝယ်ရင်း ဈေးထဲသွားမလို့ ဘာမှာချင်‌သေးလဲ ကြီးမေ "

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Donde viven las historias. Descúbrelo ahora