အပိုင်း - ၃၅

2.3K 161 7
                                    

စက္ကန့်မှသည် မိနစ်၊ မိနစ်မှ နာရီ၊ နာရီမှ ရက်သို့ တရွေ့ရွေ့ဖြင့် သီတင်းကျွတ်ပိတ်ရက် ဆယ်ရက်က ခဏလေးအတွင်း ပြီးဆုံးလုလု။

ပိတ်ရက်ဖြစ်သော်လည်း ယခုရက်များ၌ ထက်နောင်မနားရ။

ဒေါ်ပန်းရုံတို့နှင့်အတူ တောင်ကလပ်မှဆိုင်လေးတွင် ဝင်ကူနေရခြင်းပင်။

သူသာမဟုတ်။
အခြားဆိုင်များတွင်လည်း မိသားစုများ ဝိုင်းကူနေကြသည်သာ။

ပုဂံ၊ ပုပ္ပားဘက်ဆိုသည်က ယခင်ကတည်းက ခရီးသည်မပြတ်သည့်ဒေသဖြစ်သော်လည်း ယခုကဲ့သို့ ပိတ်ရက်ရှည်များ၌ ပို၍စည်ကားတတ်သည်မဟုတ်ပါလား။

သားအမိသုံး‌ယောက်လုံး ဆိုင်ထိုင်သည်ကိုပင် တစ်ခါတစ်ရံ လူများများကျလာပါက လက်ပင်မလည်ချင်။

အလည်အပတ်လာသူများ စည်ကားသည့်နည်းတူ ဈေးလည်းအတော်များများရောင်းရ၍ သူတို့မှာမမောနိုင်၊ မပန်းနိုင်။

အငယ်မနှင့် အမေဆိုလျှင် ဝမ်းသာမဆုံး တပြုံးပြုံးဖြင့်ရှိနေတော့သည်သာ။

‌သူတို့သာမဟုတ်။
ငွေအဝင်ကောင်းသည်မို့ ဆိုင်ရှင်အားလုံး၏ မျက်နှာထက်၌ အပြုံးများကမပြတ်။

တစ်နေ့တာလုံးပင်ပန်းကြသော်လည်း ပင်ပန်းသည့်နည်းတူပင် အဝယ်လိုက်သဖြင့် ညဘက်ငွေရှင်းကြသည့်အခါ တစ်နေ့တာလုံး၏အမောများပြေသွားရသည်အထိ။

ယခုတလော အလုပ်မအားလပ်၍ ထက်နောင်တစ်ယောက် လူးကပ်စ်နှင့်ပင်မတွေ့နိုင်။

မုန့်လုပ်စားသည့်တစ်ရက်သာ လူးကပ်စ်နှင့်တွေ့လိုက်ရကာ ကျန်ရက်များ၌ ဖုန်းဖြင့်သာဆက်သွယ်နေကြရပြန်သည်။

" သားရေ "

ဒေါ်ပန်းရုံအသံကြောင့် ထက်နောင့်အတွေးများက တိခနဲရပ်သွားရရင်း...

" ဗျာ အမေ့ "

" ဟိုနေ့က ဖုန်းဆက်တာလေ အိမ်နဲ့ခြံ ရောင်းမယ်ဆိုတာ အဲဒါ ဒီနေ့သွားကြည့်လိုက်ပါလား "

အမေပြောမှ သူသတိရသည်။
ထွေးလေးတို့အတွက် အိမ်ရှာပေးရန်စုံစမ်းထားသည့်ကိစ္စကို အလုပ်များနေ၍ သူ သတိပင်မရမိ။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now