အပိုင်း - ၄၅

3K 142 15
                                    


" နင် ငါ့ကို လိုချင်တာမဟုတ်လား နင် ခိုးပြေးတဲ့သူက ငါပဲလေ ယူ ငါ့ကိုယူလိုက် "

အသံသည် တိုးဖျော့နေသော်လည်း ပြတ်သားမှုအပြည့်။

သန့်ဇင်ဦး တစ်ချက်ပြုံးလိုက်၏။
အရာရာသည် သူလိုချင်သည့်အတိုင်း အကွက်တကျ။

" အင်း ဟင်း ဟင်း အင်း ဟင်း "

တစ်ဖက်တိုင်မှ အေးချမ်းမေသူက တအင်းအင်းအော်ကာ အတင်းတွန်းထိုးရုန်းကန်နေသော်လည်း လုံးဝအရာမထင်။

ထိုတစ်ယောက်ကို သန့်ဇင်ဦး ဥပေက္ခာပြုထားလိုက်၏။

အမှန်ဆိုပါက အေးချမ်းမေသူဆိုသည့်ကလေးမကိုပင် ကျေးဇူးတင်ရဦးမည်သာ။

သူ(မ)ကြောင့်သာမဟုတ်ပါက နီနီ့ကိုနားချရမည့်ကိစ္စမှာ လွယ်မည်မထင်။

" မင်း လက်ခံတာနော် မင်းက ငါနဲ့ခိုးရာလိုက်ခဲ့တာ "

" ငါ နှစ်ခါမပြောဘူး "

စကားသံအဆုံး နီနီ့မျက်ရည်တစ်စက်က ပါးပြင်ပေါ်ပေါက်ခနဲ။

" ဟက် "

သန့်ဇင်ဦး ရှေ့မှမိန်းမပျိူ၏ အဝတ်ကိုဆွဲချွတ်လိုက်သည်။

အတွင်းခံနှင့် ဘရာသာ ရှိတော့သည့်ခန္ဓာကိုယ်ကောက်ကြောင်းက စွဲမက်ဖွယ်အတိ။

အမို့အမောက်၊ အနိမ့်အမြင့်၊ အပြေအပြစ်၊ အကွေးအကောက် အပြစ်ပြောဖွယ်မရှိသည့် ခန္ဓာကိုယ်က အသက်ရှူမှားလောက်စရာ။

သူ ထိုအလှလေးကို စွဲလမ်းခဲ့ရသည်မှာကြာပြီဖြစ်သည်။

စူးရှရှမျက်ဝန်း
ထူထဲပြီး ကွေးညွတ်ညွတ်မျက်ခုံး
လုံးဝန်းကာ အဖျားချွန်ယောင်ယောင်နှာတံ
ဆေးမကူထားသည့် သဘာဝနီစွေးစွေးနှုတ်ခမ်းပါး

နေမကောင်းချိန်၌ပင် ချောရက်လွန်းသည့်မျက်နှာလှလှလေးနှင့် သွယ်လျလျခန္ဓာကိုယ်လေး....

ယခုကဲ့သို့ ဒေါသဖြစ်နေချိန်၌ဆိုလျှင် နီနီက ပို၍ပင်လှနေသယောင်။

နာကျည်းမှုကို ထမ်းပိုးထားသော စိုလဲ့လဲ့မျက်ဝန်းလေးနှင့် တင်းတင်းစေ့ထားသည့်နှုတ်ခမ်းက သူ့ကိုပို၍ သွေးကြွစေသည်။

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Where stories live. Discover now