ဒေါ်ပန်းရုံတို့သားအမိအား ကားပေါ်သို့ တင်ပေးပြီးချိန်၌ အချိန်က အတော်လေးပင်နောက်ကျနေလေပြီ။ကားစောင့်နေရင်းမှ လူးကပ်စ်က သူ့မဲ့ရ်ဆီဖုန်းဆက်ကာ အကျိုးအကြောင်းပြောသည့်အခါ အနည်းငယ်အံ့အားသင့်သွားပုံရသော်လည်း ရှောရှောရှူရှူပင် ခွင့်ပြုလိုက်သည်မို့ အတော်လေးအဆင်ပြေသွားသည်ဟု ဆိုရမည်သာ။
လူးကပ်စ်ကလည်း အပြောကောင်း၏။
ပုပ္ပားတောင်မကြီးသို့ အတူတူတက်ခဲ့သည့် အသိအစ်ကို၏ဦးလေး အရေးပေါ်ဖြစ်ကြောင်းအသိပေးကာ မဖြစ်မနေ ညအိပ်ဖော်အိမ်စောင့်ပေးရန် လိုအပ်နေကြောင်း အသေအချာ ဇာတ်ဆုံခင်းလိုက်သည့်အခါ ဒေါ်ထွေးရီမော်မှာ ငြင်းဆန်ရန်အခက်တွေ့သွားရသည်။
ထို့အပြင် ညဘက်သာ လာအိပ်ပေးမည်ဖြစ်ကာ မနက်ပိုင်း၌ တစ်ခါတစ်ရံပြန်လာမည်ဖြစ်ကြောင်းနှင့် တစ်ဘက်၌လည်း ခွဲခန်းဝင်နေရ၍ မသွားမဖြစ်ကြောင်း အကျိုးအကြောင်းပြောသည့်အခါ စာနာစိတ်နှင့်အားနာစိတ်ကြောင့် တားဆီးရန်မဖြစ်နိုင်ပါလေတော့။
တစ်ဦးတည်းသောသားဖြစ်သူလေးအား လက်လွတ်စပယ်မလွှတ်ချင်သော်လည်း သားဖြစ်သူ၏ ရှားရှားပါးပါးမြန်မာလူမျိုး အသိရသွားခြင်းကို ဝမ်းသာမိ၍လည်း သားဖြစ်သူစကားကို လျစ်လျူရှု၍မထားလိုပါချေ။
ကိုယ်တိုင်လည်းပြည်ပတွင်နေလာသူမို့ အသက်ပြည့်သူတစ်ယောက်အား များစွာမချုပ်ချယ်လိုခြင်းကြောင့် နောက်ဆုံး၌ သားဖြစ်သူဆန္ဒအား လွယ်လွယ်ကူကူဖြင့် ခွင့်ပြုလိုက်ခြင်းပင်။
ညဘက်အိပ်ဖော်စောင့်ရှိသွားသည်မို့ အနည်းငယ်မျှ နောက်ဆံတင်းသက်သာသွားရသော်လည်း ဒေါ်ပန်းရုံက ကားထွက်ခါနီးအချိန်ထိ ထက်နောင်အား စိတ်မချစွာဖြင့် တဖွဖွမှာကြားနေဆဲ။
ထက်နောင်မှာသာ ဒေါ်ပန်းရုံမှာသမျှအား ခေါင်းတဆက်ဆက်ညိတ်ပြရင်း ဟုတ်ကဲ့လိုက်နေရ၏။
" အမေ့အခန်းထဲက ဗီရိုအပေါ်ထပ်ထဲမှာ ပိုက်ဆံငါးသိန်းကို ထဘက်နဲ့ပတ်ထည့်ထားတယ် ဘာပဲ
လိုလို ယူသုံးလိုက်နော် "
ESTÁS LEYENDO
ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပားမြေမှ စံကားဝါ (Completed)
Romanceပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့ရင် ပေပေါင်း 2417မြင့်တာကို မျက်ကွယ်ပြုလို့ ပေ1500လို့ပဲ ကိုယ်ဖြေမယ် မင်းနဲ့တွေခဲ့တဲ့နေရာ... ချစ်မိခ...