နိုင်ငံခြားတွင် ကျောင်းသွားတက်နေသည့် တပည့်တစ်ယောက်က သူ့ပါရဂူကျမ်း (dissertation)အတွက် ပုပ္ပားတောင်ကလပ်မှ ရှုခင်းပုံအချို့လိုအပ်ကြောင်း အကူအညီတောင်းလာ၍ ထက်နောင်တစ်ယောက် ပုဂံဘက်မှပြန်လာလာချင်း တောင်ကလပ်ပေါ်ရောက်လာခဲ့ရသည်။ပါရဂူကျမ်းအတွက် အသုံးဝင်မည်ထင်ရသည့်ပုံအချို့ကို အမိအရရိုက်ကူးပြီးနောက် တောင်ကလပ်ပေါ်တွင်ပင် ပုံများပို့ကာ အဆင်ပြေမပြေမေးရ၏။
တောင်ကလပ်ပေါ်ဆီ နောက်တစ်ကြိမ်ပြန်တက်ရန်မှာ ထင်သလောက်မလွယ်ကူသည်မဟုတ်ပါလား...
တပည့်ကျော်က ပုံများကိုကျေနပ်ပါသည်ဟုဆိုမှ သူ့ဖုန်းလေးကိုယူကာ တောင်အောက်ဆီဆင်းရန်ပြင်ရ၏။
ထိုအချိန် သူ့မြင်ကွင်းထဲ အမှတ်မထင် ဝင်ရောက်လာပါသည့် ပုံရိပ်လေးတစ်ခု...
ပန်းချီဆွဲနေသည့် ယောကျ်ားလေးတစ်ဦး၏ပုံရိပ်သည် ရိုးရှင်းစွာဖြင့်ပင် သူ့အာရုံကိုဆွဲဆောင်ထားလေ၏။
အတိအကျဆိုရပါမူ တစ်ချက်ကြည့်လိုက်သည်နှင့်ပင် foreignerတစ်ဦးဖြစ်ကြောင်း သိသာစေသည့် မျက်ဆန်အရောင်၊ ဆံသားအရောင်တို့ဖြင့် ကောင်ငယ်လေးတစ်ဦးပင်။
ရှုမျှော်ခင်းလှလွန်းသည့် ဤတောင်ကလပ်၌ ပြည်တွင်းပြည်ပမှ ဓာတ်ပုံရိုတ်သူများ ပန်းချီဆွဲသူများ ရောက်ရှိနေတတ်သည်မှာ အထူးအဆန်းဟုတ်မနေပါ...
သို့သော် ကားချပ်ပေါ်သာအကြည့်မြဲနေသည့် မျက်ဝန်းဝါတို့က ငေးကြည့်ရလောက်အောင် လှသည်ကိုဖြင့် ဝန်ခံရပေလိမ့်မည်။
မျက်ဝန်းဝါလေး၏ V shapeဆန်ဆန်မျက်နှာလေးထက် နူးညံ့ပုံရသည့် ရွှေအိုရောင်ဆံသားတို့ကလည်း လေတိုက်တိုင်းခပ်ဖွဖွလွင့်မျောနေပြန်၏။
ပန်းချီကားလေးကို ပြန်ကြည့်လိုက်၊ ဆက်ဆွဲလိုက်ဖြင့် ကျေနပ်နေဟန်မျက်ဝန်းဝါလေးတို့က အမှန်တကယ်ပင် နှစ်လိုဖွယ်အတိ...
စုတ်တံကိုင်ထားသော သွယ်လျလျလက်ချောင်းတို့က ကားချပ်ပေါ်ညင်သာစွာလှုပ်ရှားနေပုံမှာလည်း အကြည့်မလွှဲချင်စရာ...
KAMU SEDANG MEMBACA
ပုပ္ပားမြေမှ စံကားဝါ / ပုပၸားေျမမွ စံကားဝါ (Completed)
Romansaပုပ္ပားမြေမှ စကားဝါ ပင်လုံးညှာ ရွှေရောင်ဝင်းလေတော့ ကြူသင်းစွာ မွှေးရနံ့ရယ်(ကွယ်) နှလုံးသားအထိ...စွဲ။ တစ်စုံတစ်ယောက်က ပုပ္ပားတောင်ကလပ်အမြင့်ကိုမေးခဲ့ရင် ပေပေါင်း 2417မြင့်တာကို မျက်ကွယ်ပြုလို့ ပေ1500လို့ပဲ ကိုယ်ဖြေမယ် မင်းနဲ့တွေခဲ့တဲ့နေရာ... ချစ်မိခ...