အပိုင်း - ၃၃

698 17 0
                                    


" တကယ်ကြီး လိုက်သွားတော့မှာလား မေလေးရယ် သေချာလေးပြန်စဉ်းစားပါအုံးဟာ "

ရှေ့ဘက်မှ ကောင်းဆက်ထူးကိုကြည့်ရင်း အေးချမ်းမေသူ သက်ပြင်းတစ်ချက်ကိုသာ ကျိတ်ချလိုက်မိ၏။

မိန်းကလေးတို့၏ ဆဋ္ဌမအာရုံနှင့် ငယ်ကတည်းကပေါင်းလာသည့်သူငယ်ချင်း၏ စကားအသွားအလာအရ ကောင်းဆက် သူ(မ)ကိုချစ်နေကြောင်းကိုလည်း ခံစားမိပါ၏။

သို့သော်လည်း သူငယ်ချင်းကို အားနာမိရုံမှလွဲ၍ သူ(မ)မတတ်နိုင်ခဲ့။

ကိုယ်တိုင်မထိန်းချုပ်နိုင်သည့်နှလုံးသားက အခြားတစ်ဦးဆီ ညွတ်ခသက်ဆင်းနေမိပြီမို့...

ယခုလည်း အေးချမ်းမေသူတို့ ပုပ္ပားပြောင်းတော့မည်ကြားကတည်းက ကောင်းဆက်ထူးမျက်နှာက မရွှင်လန်း။

ယနေ့ လေးဖေ၏တစ်လပြည့်၌ ကောင်းဆက်ကပြောစရာရှိသည်ဆို၍ အိမ်နောက်ဘက်တစ်နေရာတွင် စကားပြောနေမိကြခြင်း။

မေသူ ခပ်ဖျော့ဖျော့‌ပြုံးလိုက်ပြီး ဇွတ်ပေါ့ပေါ့ပါးပါး‌ဟန်လုပ်လိုက်ရင်း...

" တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ကောင်းဆက်ရဲ့ ပြောင်းချိန်တန်လို့ပြောင်းရတယ်ပဲ တွေးရမှာပေါ့ သူငယ်ချင်းရယ် "

" ဘယ်သူလဲ ဘယ်သူကောင်းဖို့လဲ "

ချက်ချင်းတုံ့ပြန်လာသည့် ကောင်းဆက်စကားကြောင့် သူ(မ)မျက်လုံးကိုအသာလှန်ကြည့်မိသည့်အခါ ကောင်းဆက်မျက်နှာထက်၌ အလိုမကျမှုတို့အထင်းသား။

" ဘယ်သူကောင်းဖို့ ဘာဖြစ်ဖို့ဆိုတာထက် ငါတို့က ကံဇာတ်ဆရာအလိုကျ သံသရာခရီးသည်တွေပဲကောင်းဆက်ရာ အခုပြောင်းချိန်တန်တော့လဲ ပြောင်းရမှာပဲပေါ့လေ "

" ကံဇာတ်ဆရာအလိုထက် နင့်ကြီးမေအလိုမဟုတ်လား မေလေး "

" ကြီးမေဆန္ဒက အဓိကပေမဲ့ ငါကိုယ်တိုင်လဲစိတ်ပါလို့ပါကောင်းဆက်ရယ် "

" တကယ်ပဲ နင့်စိတ်အရဟုတ်ရဲ့လား မေလေးရဲ့ နင် နင် မပြောင်းလို့မရဘူးလားဟာ "

ပုပ်ပားမွမှေ စံကားဝါ / ပုပ္ပား​မြေမှ စံကားဝါ (Completed) Hikayelerin yaşadığı yer. Şimdi keşfedin