အပိုင်း - ၁၇

3.1K 191 19
                                    

နေ့လယ်ကျောင်းဆင်းချိန်ဖြစ်၍ ရုံးခန်းတွင်း၌ သူ့အစုနှင့်သူ နေ့လယ်စာစားသောက်နေကြသည့် ဆရာ၊ ဆရာမအချို့မှလွဲ၍ လူကြဲပါးနေလျှက်။

ထက်နောင်တစ်‌ယောက် ဆိုင်တစ်ဆိုင်တွင် နေ့လယ်စာစားကာ ရုံးခန်းအတွင်းဝင်လာသည်အထိ ဆရာ၊ ဆရာမအချို့က လက်ဖက်သုတ်စားနေကြကာ စကားဝိုင်းဖွဲ့မိနေကြဆဲ။

" ဟော ဆရာနောင် ပြန်လာပြီပဲ လာဗျို့ ဒီမှာ လက်ဖက်သုတ်နဲ့ ရေနွေးကြမ်း "

ပြုံးပြုံးရွှင်ရွှင် လှမ်းခေါ်နေသည့် ရက်ကန်းဌာနမှ ဌာနမှူးဆရာကြီး ဦးတင်ရှိန်အား အသိအမှတ်ပြုကာ ပြန်ပြုံးပြလိုက်ရင်း အားနာပါးနာဝင်ထိုင်လိုက်ပြီး စိတ်ထဲသိချင်နေသည်ကို အောင့်မထားနိုင်တော့ဘဲ...

" ဒါနဲ့လေ ဆရာတို့၊ ဆရာမတို့ထဲ ပြင်သစ်စကားပြောတတ်တဲ့သူမရှိဘူးလား "

မေးမိပြီးမှ ထက်နောင် ပါးစပ်တွန့်သွားရ၏။
ဘာကြောင့်မေးမိသလဲ သူ့ကိုယ်သူပင်နားမလည်။

" ဗျာ ဘယ်ဘာသာစကား "

သူ့စကားအား ဆရာဦးကျော်သူမင်းက ထူးထူးဆန်းဆန်းဟူသည့်သဘောဖြင့် မေးလာပြန်၏။

သူလည်း မေးမိပြီးမှ မထူးတော့၍...

" ပြင်သစ် ပြင်သစ်စကား‌ဗျာ ဟို အခြေခံပြောစကားလောက် နားလည်ရင်လဲရတယ်ဗျ "

" ဟမ် အခြေခံပြောစကား ဘာလဲ ဆရာနောင်လို့ ဘယ်လိုအခြေခံစကားကို မေးနေတာလဲ ကျုပ်ဖြင့် နားတွေရှုပ်နေပြီ "

" အဟမ်း အခြေခံစကားဆိုတာဗျာ အင်း ဟို မင်္ဂလာပါတို့ ချစ်တယ်တို့ပေါ့ "

" ဪ အဲဒီလိုလား ကျုပ်ဖြင့်တစ်ခါမှ မကြားဖူးပေါင်ဗျာ ထူးထူးဆန်းဆန်းပါလား ဆရာနောင်ရယ် "

ဆရာကျော်သူမင်း မှတ်ချက်အဆုံး ဆရာ၊ ဆရာမအားလုံး ပြုံးစိစိ။

ထက်နောင်လည်း ပေါက်တဲ့နဖူးမထူးတော့ပြီမို့ သူသိချင်သည်ကိုသာ ပြန်မေးလိုက်မိပြန်သည်။

" ကျွန်တော်သိချင်တာကဗျာ ပြင်သစ်စကားကို နည်းနည်းလောက်ပဲဖြစ်ဖြစ် နားလည်တဲ့သူမရှိဘူးလား "

ပုပ္ပားမြေမှ စံကားဝါ / ပုပၸားမြေမှ စံကားဝါ (Completed) Onde histórias criam vida. Descubra agora