အပိုင်း ၁

11.2K 367 27
                                    

[Unicode]

စာတွေပြင်ရင်း Edit ထားတာမို့ ဖတ်မရတာမျိုးရှိခဲ့ရင် Libraryထဲက ခဏထုတ်ပြီး ပြန်ထည့်ပြီး ဖတ်ကြည့်ပါနော်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်ရှင့်💙

****

"ဟယ်လို စာဖတ်သူတို့။ မင်္ဂလာပါဗျ။
နေကောင်းကြရဲ့လား။
ဆုံး​ဖြတ်ချက်တွေရော အဆင်ပြေရဲ့လား။
မပြေလဲ ကျွန်တော်တော့ မတတ်နိုင်ဘူးနော်။ဘာလို့ဆို စာဖတ်သူတို့ရဲ့ စောင့်ရှောက်သူက ကျွန်တော်မှ မဟုတ်ပဲ။
အပေါ်က အဆင်ပြေလား ဘာညာက အာချောင်တာ ဟဲဟဲ။

အော် အပိုင်း ၁ အခုမှ စတာဆိုတော့ ကျွန်တော့် ကိုယ် ကျွန်တော် အရင် မိတ်ဆက်ရမှာပေါ့။
ကျွန်တော်ကတော့ လူတွေကို စောင့်ရှောက်ပေးရတဲ့ စောင့်ရှောက်သူပေါ့ဗျာ။ အဲ...မြန်မာလို အခေါ်အရဆို ကိုယ်စောင့်နတ်ခေါ်မလားပေါ့။

🎼 နင်ဟာ ငါတယောက်ထဲအတွက် ငါ့ရဲ့ ကိုယ်စောင့်နတ်လို 🎼

အဲ့ဒီသီချင်းထဲကလိုပေါ့။
အဟမ်း အဟမ်း...ကျွန်တော့်အသံ ကောင်းလားဗျ။

စာဖတ်သူတို့ ငယ်ငယ်က ကြားဖူးမှာပေါ့ အိပ်ရာစောစော မထရင် ကိုယ်စောင့်နတ်က နတ်သဘင်အစည်းအဝေးပွဲ သွားဖို့နောက်ကျပြီး ကျိန်ဆဲတတ်တယ်ဆိုတာ။ အဲ့ဒါတွေက လူကြီးတွေက ကလေးတွေ အိပ်ရာစောစောထစေချင်လို့ ​ပြောခဲ့တဲ့ ဂျင်းတွေ။ မယုံနဲ့။

ဒီခေတ်ကြီးထဲ ဘယ်နတ်က အဲ့ဒီလောက်အစောကြီးထပြီး နတ်သဘင်အစည်းအဝေးသွားမှာလဲ။ အော်....လူတွေ လူတွေ သူတို့ပဲ ခေတ်မှီ တိုးတက်ပြီး နတ်တွေကို ခေတ်နောက်ကျကျန်ခဲ့တယ်များ ထင်နေလားမသိ။ အမှန်ဆို နတ်တိုင်းပြည်မှာက သူတို့ထက်တောင် ပိုတိုးတက်သေး။

သူတို့မသိတာပဲ ကောင်းပါတယ်။
သိသွားရင် နတ်ပြည်တက်ချင်လာလို့ နတ်ပြည်ကျပ်နေအုံးမယ်။

အခုနတ်ပြည်တောင် Covid ပြန်ထနေလို့ အစည်းအဝေးကို Zoom Meetingပဲ လုပ်နေရတာ။ နတ်တွေလဲ ကိုဗစ်ကြောက်ရတယ်ဗျ။ လေလှိုင်းကနေကူးတာကိုး။
အခုကိုဗစ်တွေပြန်ဖြစ်နေလို့ နတ်ပြည်ကို Lock Down ချထားတယ်လေ။ အဲ့တာကြောင့် ကျွန်တော်လဲ အခုလိုအားယားပြီး လေပေါနေနိုင်တာပေါ့ ဟဲဟဲ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now