[Unicode]
"အဲ့ဒီတော့ မင်းက ငါ့ကိုယ်စောင့်နတ်ပေါ့။ ငါလုပ်သင့်တဲ့အရာတွေကို မင်းက အကြံပေးတယ်ပေါ့ အဲ့လိုလား"
"အေး"
"ဒါဆို ငါ့ဘဝက ဘာလို့ သောက်တလွဲ ဖြစ်နေရတာလဲ"
ဒီဖေ.....
အင်း။ စိတ်ထိန်း စိတ်ထိန်း။
နတ်တွေ ဆဲမိသွားရင် ဒဏ်ကြေးဆောင်ရလိမ့်မယ်။
"ငါက မင်းအတွက် ကောင်းတဲ့အကြံတွေကို ပေးပေမဲ့ မင်းက အမြဲတမ်း ငါပေးတဲ့အကြံတွေနဲ့ တလွဲလုပ်နေတာလေ။ အဲ့ဒီတော့ ငါ့အပြစ်မဟုတ်ဘူး"
"ပြောတော့ မင်းက ငါကောင်းတာလုပ်ဖို့ အကြံပေးရတာဆို။ အဲ့တာဆို ကောင်းအောင်လုပ်ဖို့ မရရအောင် အကြံပေးပေါ့"
ဒီခွေး....အင်း ခွေးသားပေါက်လေး ကတော့။
ကျွန်တော်သူ့ကို ရှင်းပြနေတာ ၅ခေါက်ထက် မနည်းတော့ဘူး။အဲ့တာကို အခုထိ သဘောမပေါက်သေးဘူးကြည့်ပါလား။
"ကဲပါ ထားပါတော့။ မင်းအခု ငါ့ကိုမြင်နေရပြီပဲ။ အခုကစပြီး ငါပြောသလိုလုပ် ကြားလား။ အဲ့တာဆို မင်းဘဝ အရမ်းအကောင်းကြီး ဖြစ်မလာရင်တောင် အဆိုးကြီးမဖြစ်တော့ဘူးပေါ့။ ဟုတ်ပြီလား"
"အင်း။ အဲ့တာဆို အခုရောဘာစားရမှာလဲ။ ငါဘာမှာရမလဲ"
"ဝက်သားနဲ့ ပုန်းရည်ကြီးဟင်း မှာလိုက်"
"အော် အဲ့တာက ငါစားရမှာလား။ အဲ့ဒီဟင်း စားရင် ငါအတွက် ပိုကောင်းမှာလား"
"မဟုတ်ဘူး ငါစားချင်လို့"
ဒီဖေ.......။
ဒီတခါဆဲလိုက်သူမှာတော့ အာကာမင်းမောင်ဖြစ်သည်။
"ငါ့ကိုစိတ်ထဲက ကြိမ်ဆဲမနေနဲ့။ အကုန်ကြားနေရတယ်"
အာကာမင်းမောင်လဲ ဘာမှပြန်ပြောမနေတော့။ ဆေးရုံက ထမင်းနဲ့ဟင်းသာ မှာပြီး စားလိုက်တော့သည်။ ဟို နတ်လို့ပြောတဲ့ သရဲလိုလို အကောင်အတွက်ရောပေါ့။
"ငါ သရဲမဟုတ်ပါဘူးဆို"
"မင်း ငါ့စိတ်ထဲက စကားတွေ ခိုး နားမထောင်လို့ မရဘူးလား"
"ဟ ငါခိုးထောင်တာမှ မဟုတ်တာ။ မင်းကိုယ်စောင့်နတ်မို့ ဒီအတိုင်း သူ့ဘာသာ ကြားနေရတာ"
YOU ARE READING
ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]
![ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]](https://img.wattpad.com/cover/343907155-64-k699546.jpg)