[Unicode]
ချီးမွန်း ၇ရက် ကဲ့ရက် ၇ရက်ဟု ဆိုသော်ငြားလဲ အာကာမင်းမောင်နှင့် ကြည်ပြာရောင်၏ အတင်းအဖျင်း သတင်းများမှာ ပျောက်ကွယ်မသွားပဲ ပို၍သာ ဆိုးဆိုးလာလေသည်။
Media များက ပါ အာကာမင်းမောင်ထံ မရမက ဆက်သွယ်၍ အင်တာဗျူးခွင့်ပေးရန် တောင်းဆိုကြလေသည်။ ထို့ကြောင့် အာကာမင်းမောင်လဲ ဖုန်းပိတ်ကာ အိမ်ပြင်သို့ပင် ထွက်မရတော့ပဲ အိမ်တွင်းပုန်းနေရတော့သည်။ စတုတ္ထရာနှင့် အတူပေါ့။
၁၀ရက်လောက် အကြာတွင်တော့ FB ပေါ်တွင် Live တစ်ခု တက်လာလေသည်။
မင်းသမီးကြီး ကြည်ပြာရောင်၏ ကောလဟာလများ အပေါ် သတင်းစာရှင်းလင်းပွဲ။ အာကာမင်းမောင်လဲ စတုတ္ထရာနှင့်အတူ အိမ်ထဲ တွင် ထိုင်ကာ ကြည့်နေမိသည်။ Live လွှင့်နေသော သတင်းစာရှင်းလင်းပွဲတွင်တော့
ကြည်ပြာရောင် ဆိုသည့် မင်းသမီးက ဓာတ်ပုံထဲမှ အတူရှိသောသူ သည် ကောလဟာလများအတိုင်း မဟုတ်ပဲ သူ၏ သားအရင်းသာ ဖြစ်ကြောင်း။
ငယ်ရွယ်အခါက မိဘများ သဘောမတူသည့် ကြားထဲမှ အချစ်ကို ရူးသွပ်ကာ ချစ်သူနှင့် ခိုးရာလိုက်ပြေးခဲ့ကြောင်း။
ချစ်သူမှ ကိုယ်ဝန်ရသည့်အခါ စွန့်ပစ်သွားပြီး နိုင်ငံခြားသို့ထွက်သွားကာ တခြားမိန်းမနှင့် လက်ထပ်ခဲ့ကြောင်း။
သားလေးကို မွေးပြီးနောက် ကျွေးမွေးပြုစုရန် ကြိုးစားခဲ့သော်လဲ အကြောင်းကြောင်းကြောင့် ကလေးပျောက်ဆုံးသွားခဲ့ကြောင်း။
တသက်လုံး လိုက်ရှာခဲ့သော်လဲ ယခုအခါမှသာ သားဖြစ်သူနှင့် ပြန်လည်တွေ့ဆုံရသောကြောင့် ဝမ်းသာ၍ ခရီးတစ်ခုထွက်ခဲ့ခြင်းဖြစ်ကြောင်း။
ပရိသတ်များကို ဖုံးကွယ်ကာ အသိမပေးမိသည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိပြီး တောင်းပန်ပါကြောင်း ကို မျက်ရည်များ တဖြိုင်ဖြိုင်ကျဆင်းကာ ငိုယို၍ ပြောဆိုနေတော့သည်။
အောက်က Comment များကတော့ ငိုကြွေးနေသည့် မင်းသမီးကို သနားနေကြပြီး၊ စွန့်ပစ်သွားသည့် မင်းသမီး၏ ချစ်သူဆိုသည့်လူကို သာ ဆဲဆိုပြစ်တင်နေကြသည်။ Live ကို ဆက်မကြည့်ချင်တော့၍ တစ်ချက်ရယ်မောရင်းသာ ပိတ်လိုက်မိသည်။
YOU ARE READING
ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]
![ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]](https://img.wattpad.com/cover/343907155-64-k699546.jpg)