Interview Room

1.8K 155 1
                                        


[Unicode]

အဟမ်း စာဖတ်သူတို့ မင်္ဂလာပါနော်။
မတွေ့ရတာ အဲ...စကားမပြောဖြစ်တာကြာပြီမလား။ ကျွန်တော်လဲ လူသားကောင် ကို ကူညီရင်း နဲနဲ အလုပ်ရှုပ်နေတာမို့ပါ။

မုန့်တွေစားပြီး အိပ်နေရလို့ မဟုတ်ဘူးပေါ့။

အဟမ်း...ဒါကလဲ ဒါပေမယ့် မုန့်တွေက ကျွန်တော် စားချင်လို့မဟုတ်ပါဘူး။ ကျွန်တော်က အငွေ့ပဲစားရတာလေ။ လူသားကောင် အားအင်ပြည့်ဖို့ စားရအောင် ကျွန်တော်က ကူဝိုင်းစားပေးတာပါ။

အင်း။
အခုက ဘာကိစ္စလဲဆိုတော့ စာရေးသူက ကျွန်တော်တို့နှစ်ယောက်ကို Interview ချင်တယ်ဆိုလို့။ OCC (Out Of Character) တော့ ဖြစ်သွားလား မသိဘူး။

ဒါပေမယ့်လဲ မတတ်နိုင်ဘူးလေနော်။
ကျွန်တော့်လို ချောမောလွန်းလှတဲ့ နတ်သားနဲ့ အင်တာဗျူးချင်တယ်ဆိုတော့လဲ ခွင့်ပြုပေးရတော့တာပေါ့ အဟင်း...။

မြန်မြန်တော့ မေး။
ပြီးရင်ခေါက်ဆွဲပြုတ်စားမလို့။

စာရေးသူ: ဟုတ် ဟုတ်ကဲ့။ မေးချင်တာကတော့ ပထမဆုံးအနေနဲ့ စတုတ္ထရာနတ်သားက လူသား အာကာမင်းမောင်နဲ့ အတူနေထိုင်ရတာ အဆင်ပြေရဲ့လားရှင့်။

စတုတ္ထရာ: ဘယ်ပြေလိမ့်မလဲ နတ်ပြည် နတ်ဘုံနတ်နန်းလောက်တော့။ လူသားကောင်ရဲ့ တိုက်ခန်းက ကျဉ်းလဲ ကျဉ်းသေးတယ်။ ကုတင်ကလဲတစ်ခုထဲ။ TV ကလဲ သေးသေးလေး။ ဟွန့်

စာရေးသူ: ဒါဆိုအဆင်မပြေဘူးပေါ့နော်။

စတုတ္ထရာ: ဒါပေမယ့် လူသားကောင်က ငါ့ကို အလိုလိုက်ပါတယ်လေ။ စားချင်တာဝယ်ကျွေးတယ်။ ကုတင်ပေါ်လဲ ပေးသိပ်တယ်။

စာရေးသူ: ဒါဆိုရင်ပြေတာလား မပြေတာလားရှင့်။

စတုတ္ထရာ: ငါနေတဲ့ နတ်ပြည်လောက်တော့ အဆင်မပြေပေမဲ့ လူသားကောင်နဲ့ နေရတာ နဲနဲတော့ အဆင်ပြေပါတယ်။

စာရေးသူ: အခုတလော ဘယ်လိုအခက်အခဲလေးတွေ ရှိလဲ ။

စတုတ္ထရာ : အင်း ရှိတယ်။ ဒီရက်ပိုင်း လူသားကောင်ရဲ့ အတွေးတွေ မကြားရတော့ဘူး။ လူသားကောင်ကလဲ ဘာဖြစ်မှန်း မသိပါဘူး။ ကျွန်တော်အနားရောက်တာနဲ့ မျက်နှာကြီး နီပြီး ထွက် ထွက်သွားတယ်။ တခုခုများ ဖြစ်နေလား။ နေမကောင်းတွေဘာတွေများ ဖြစ်နေလားမသိ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now