ဇာတ်သိမ်းပိုင်း (End)

3.8K 202 6
                                    

[Unicode]

"စတုတ္ထရာ ထမင်းစားမယ်လေ"

"အင်း ခနနေရင် စားမယ်"

"နောက်ကျနေပြီ စတုတ္ထရာရဲ့ ထမင်းစားရအောင် အတူတူ"

"မောင်ဆာရင် အရင်စားထားနှင့် ငါခုနက ဘိန်းမုန့်တွေစားထားသေးတယ်။ မဆာသေးဘူး"

နေ့လည် ၁နာရီထိုးခါနီးတောင် ထမင်းစားဖို့ မလာပဲ ဆိုဖာပေါ် Game ထိုင်ဆော့နေသော စတုတ္ထရာ။ အခုရက်ပိုင်း အသစ်ဝယ်ထားပေးသော ဖုန်းနှင့် Game ကစားရသည်ကို သဘောခွေ့နေသော စတုတ္ထရာ။

အာကာမင်းမောင်မှာတော့ အရင်လို သူ့နောက် တစ်ကောက်ကောက်လိုက်မရတော့ပဲ အတွေးတွေကို မကြားနိုင်တော့သည်မို့ လိုအပ်လျှင် ဆက်သွယ်လို့ရအောင် ဖုန်းဝယ်ပေးထားခြင်းကို စတုတ္ထရာကတော့ ဖုန်းနှင့်မျက်နှာနှင့် မခွာပဲ အမြဲGameဆော့နေတော့လေသည်။

ရုံးဖွင့်ရက်တွေဆို အာကာမင်းမောင်က ရုံးသွား​ပြီး အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတတ်သည်မို့ စတုတ္ထရာနှင့် အတူရှိဖို့ရာ အချိန်မပေးနိုင်။ ယခုလို ရုံးပိတ်ရက်လေးမှာပင် စတုတ္ထရာဘေးနား အတူရှိနေနိုင်သည်ဖြစ်ရာ အတူတူအချိန်ကုန်ဆုံးမယ်လို့ တွေးထားကာမှ စတုတ္ထရာက Game ပဲ ဆော့နေပြီး သူ့နားတောင် မကပ်။ နှစ်ယောက်သား ထမင်းတူတူလက်ဆုံ စားရအောင်ပါဆို အရင်စားနှင့်ခိုင်းပြီး Game ဆော့မပျက်သည့် စတုတ္ထရာကို နဲနဲတော့ စိတ်ခုမိသွားသည်။

ဤသည်ကို ဆိုဖာပေါ်တွင်ထိုင်၍ သဲကြီးမဲကြီး Game ထိုင်ဆော့နေသော စတုတ္ထရာကတော့ မသိရှာပေ။ Game ကို အာရုံစိုက် ဆော့နေစဥ် ရုတ်တရက် လေပေါ်မြောက်ကာ ပွေ့ချီခံလိုက်ရသော ကြောင့် စတုတ္ထရာလန့်သွားသည်။

"မောင် ဘာလုပ်တာလဲ ပြန်ချပေး။ ဒီမှာ Game ဆော့နေတာ"

မောင်ကတော့ ဘာမှပြန်ပြော သူ့ကို ပွေ့ချီကာ ကုတင်ပေါ်ပစ်တင်လိုက်သည်။ ထိုင်ရက် ကျသွားသော်လဲ မွေ့ရာထူထူတွေကြောင့် သိပ်မနာပေ။ ဒါပေမယ့် ကုတင်ပေါ် ပစ်ချခံလိုက်ရသောကြောင့် စိတ်တိုကာ ရန်တွေ့မည်အလုပ် ကုတင်ပေါ် တက်လာသော မောင်ကြောင့် လန့်သွားရသည်။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now