အပိုင်း ၁၇

1.9K 157 1
                                    

[Unicode]

"စတုတ္ထရာ"

"အင်...အင်း...."

"မောင် ကျောင်းသွားတော့မယ်နော်။ စားပွဲပေါ်မှာ စားဖို့ထားခဲ့တယ်။ အိပ်ရာနိုးလို့ ဆာရင် ထစားလိုက်နော်"

"အင်း....."

"မောင် သွားတော့မယ်နော်။ ကောင်းကောင်းအိပ်"

ပြန်ဖြေသံမကြားရတော့ အင်း...အဲ နှင့်သာ ဟိုဘက်လှည့်အိပ်သွားပြန်သည်။ အာကာမင်းမောင်လဲ ပြုံးကာ စတုတ္ထရာ၏ ပါးမို့မို့လေးပေါ် တစ်ချက်နမ်းရင်း ကျောင်းသို့ထွက်ခဲ့တော့သည်။

စတုတ္ထရာကတော့ အလိုလိုက်ထား၍ ဒီနောက်ပိုင်း ပိုပို အပျင်းကြီးလာသည်။ အရင်ကတည်းက အိပ်သည်ဆိုပေမယ့်လဲ အချိန်တန်အိပ် အချိန်တန်ထကာ စားသောက်သေးသည်။ အခုနောက်ပိုင်းတွင်တော့ အိပ်ရာထဲကပင် မထွက်တော့ပေ။

ဒါဟာလဲ သူ့ကြောင့်ပင် ဖြစ်ပါလိမ့်မည်။
ချစ်ဖို့ကောင်းလွန်းသော စတုတ္ထရာကို တွေ့လျှင် စိတ်မထိန်းနိုင်ခြင်းကြောင့်ပေ။ ရှက်သွေးဖြာသွားသောအခါ ဖြစ်သွားသည့် စတုတ္ထရာမျက်နှာလေးက သူ့အား အသဲယားစေသည်။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းပါသော်လဲ သွေးသားဆန္ဒတွေ ဆူလွယ်နိုးလွယ်သော အရွယ်ဖြစ်သဖြင့် ထိန်းမရ။ထို့ကြောင့်သာ အားအင်ကုန်ပြီး ပင်ပန်းနေခြင်းသာဖြစ်လိမ့်မည်။

သို့သော်လဲ နတ်သားဖြစ်သည်မို့ ဘယ်လိုလုပ်ပေးရမလဲ မသိပေ။ လူဖြစ်လျှင်တော့ အားဆေးတွေဘာတွေ ဝယ်တိုက်လို့ရသေးသည်။

နတ်သားကို အားဆေးတိုက်ဖို့ စဥ်းစားနေသော အူကြောင်ကြောင်အတွေးများကြောင့် အာကာမင်းမောင်လဲ ကိုယ့်ကိုကိုယ် ရယ်ရင်းသာ ကျောင်းသို့ ထွက်လာခဲ့မိတော့သည်။ ညနေကျောင်းဆင်းချိန် ရောက်ပြန်တော့ အရင်နေ့များလို ထွက်မကြိုသော စတုတ္ထရာ။

အခန်းထဲဝင်တော့ တအိမ်လုံးမှောင်မဲလျှက်။ မီးများဖွင့်လိုက်ပြီးနောက် အိမ်ထဲဝင်လာတော့ စားပွဲပေါ်က အစားအသောက်များကလဲ မနက်က သူထားခဲ့သည့်အတိုင်း နေရာမရွေ့။

စတုတ္ထရာကတော့ အပျင်းကြီးကာ အခုချိန်ထိ အိပ်နေသလားမသိ။ သွားကြည့်လိုက်တော့ ကုတင်ပေါ်မှာ စတုတ္ထရာက အိပ်မောကျနေသည်။သို့သော် မျက်နှာလေးကတော့ ဆူပုတ်ကာ တစ်ခုခုကို မလိုမကျဟန်ဖြင့်။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now