[Unicode]
ထိုင်းနိုင်ငံရှိ ဆေးရုံတစ်ခုတွင် ဖြစ်သည်။
ခွဲစိတ်ခန်း ဝင်ခါနီးပြီ ဖြစ်သော်လဲ အာကာမင်းမောင် စတုတ္ထရာ၏ လက်ကို ဆုပ်ကိုင်ထားသည်မှ မလွှတ်မိသေး။ စတုတ္ထရာကလဲ သူ့လက်ကို တင်းတင်းကြပ်ကြပ် ပြန်လည် ဆုပ်ကိုင်ထားသည်။
"စတုတ္ထရာ"
ခေါ်သံကြောင့် စတုတ္ထရာက ထိုင်နေရင်း ကုတင်ပေါ်ရှိ မိမိအား ကြည့်လာသည်။
"မင်း က ငါ့အတွေးတွေကို ကြားနေရလို့ သိပြီးသားဖြစ်လောက်ပေမယ့် ငါပြောပြချင်တယ်။ ငါ မင်းကို ချစ်တယ် စတုတ္ထရာ"
ပြောလိုက်တော့ စတုတ္ထရာ၏ မျက်နှာပေါ်တွင် ဖြစ်နေကျ အနီရောင် ရောင်ပြေးလေးတွေ ဖြတ်ပြေးသွားပြန်သည်။ ဘာမှတော့ ပြန်မပြောပဲ ငြိမ်၍သာ အာကာမင်းမောင်ကို ကြည့်နေလေသည်။
"မင်းက နတ်သားဆိုတော့ လူသားတွေရဲ့ ချစ်ခြင်းမုန်းခြင်း ခံစားချက်တွေကို မသိလောက်ပေမယ့်......"
"ငါ ငါ သိပါတယ်။ ငါ ငါလဲ မင်းလို ခံစားရပါတယ်"
နီမြန်းနေတဲ့ မျက်နှာလေးနဲ့ မရဲတရဲပြောနေသည့် စတုတ္ထရာက ချစ်ဖို့ကောင်းလွန်းသောကြောင့် လက်ကို ထပ်မံ၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
"အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါ့မယ် စတုတ္ထရာ။ ဒါပေမယ့် ငါနိုးလာရင်တော့ မင်းနှုတ်က ပြောမယ့် ချစ်တယ်ဆိုတဲ့ စကားကို ငါကြားခွင့်ရှိမလား ဟင်"
"အင်း"
အကြည့်တို့ကို လွှဲပြီး မျက်လွှာလေး အသာချကာ ပြောလိုက်သည့် စတုတ္ထရာကြောင့် ကိုင်ထားသည့် လက်လေးကို ဆွဲယူကာ နမ်းလိုက်မိသည်။
"ငါ နိုးလာရင် မင်းငါ့အနားမှာ ရှိနေပေးမယ်မလား"
"အင်း။ ငါမင်းအနားမှာ အမြဲရှိနေပေးမှာပါ"
"ချစ်တယ် စတုတ္ထရာ"
စတုတ္ထရာက ရှက်ပြုံးပြုံးကာ ခေါင်းငုံသွားသည်။
⏯⏯⏯⏯⏯⏯⏯⏯
ခွဲစိတ်မှုက ၅နာရီကြာမြင့်ခဲ့လေသည်။
စတုတ္ထရာလဲ ခွဲစိတ်ခန်းရှေ့ ဟိုလျှောက် ဒီလျှောက်နှင့် စောင့်မျှော်နေမိသည်။ ခွဲစိတ်ခန်း တံခါးပွင့်လာပြီး ဆရာဝန်တွေ ထွက်အလာမှာတော့ အလျှင်အမြန်သွား၍ မေးမြန်းမိသည်။
YOU ARE READING
ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]
![ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]](https://img.wattpad.com/cover/343907155-64-k699546.jpg)