အပိုင်း ၂၂

2.8K 192 1
                                        

[Unicode]

"ပြန်ရောက်ရောက်ချင်း မောင့်ကိုတော့ လာမတွေ့ဘူး။ မုန့်တွေတော့ လျှောက်စားနေတယ်ပေါ့ ဟုတ်လား အဆိုးလေး"

နဖူးကို သာသာတောက်ကာ မေးလိုက်တော့ စတုတ္ထရာက နဖူးကို အုပ်လိုက်ရင်း အာကာမင်းမောင်ကို မျက်စောင်းထိုးသည်။

"ဟွန့် အရင်က စားရတယ်ဆိုတာက တကယ်စားရတာမှ မဟုတ်ပဲ။ အငွေ့ပဲစားရတာ အခုမှတကယ်စားရတာလေ"

"ဒါဆို မောင်နဲ့ မုန့် ဘယ်ဟာပိုကြိုက်လဲ"

"အဲ....အဲ့တာက မတူဘူးလေကွာ။ မောင်က မောင် သက်သက် မုန့်ကသက်သက်"

"မောင်နဲ့ မုန့် တခုကိုရွေးရမယ် ဆိုရင်ကော"

အာကာမင်းမောင်၏ မေးခွန်းမှာ တော်တော်လေး အကြပ်ရိုက်သွားရရှာသော စတုတ္ထရာ။

မျက်လုံးလေး ကလယ်ကလယ်နဲ့ စဥ်းစားဟန် ပြုနေလေသည်။

ခနအကြာတွင်တော့ လေသံလေး တိုးတိုးဖြင့်

"မောင်....မောင့်ကို ရွေးမယ်"

သက်ရှိ နှင့် သက်မဲ့ ရွေးချယ်ရတာတောင် တော်တော်လေး အကြပ်ရိုက်ကာ စဥ်းစားနေရသော မျက်စိရှေ့က စတုတ္ထရာကို အသဲယားလာမိသည်။

အာကာမင်းမောင်ထံမှ အသံမကြားတော့၍ ထင်သည် စတုတ္ထရာက မေ့ာကြည့်လာသည်။

ထိုစဥ် အာကာမင်းမောင်က စတုတ္ထရာ မျက်နှာအနား တိုးကပ်လာသည်မို့ မျက်စိမှိတ်ထားရင်း မောင်ပေးလာမည့် အကြင်နာအနမ်းတွေကို စောင့်မျှော်နေမိသည်။

လွမ်းနေရသော မောင့် နှုတ်ခမ်းလေးနှင့် ထိကပ်မိလိုက်ချိန်တွင် ချစ်ကြည်နူးစိတ်များက ပြည့်လျှံတက်လာခဲ့သည်။

မောင့် နှုတ်ခမ်းပါးများကို လွမ်းဆွတ်မှုတို့ဖြင့် နမ်းရှိုက်နေခိုက် မောင်က ရုတ်ချည်း နောက်ပြန်ဆုတ်သွားသည်။

နမ်းလို့တောင် မဝသေးခင် နှုတ်ခမ်းတို့ကို ဖယ်ခွာသွားသော မောင်​ကြောင့် မျက်လုံးဖွင့်ရင်း နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။

စတုတ္ထရာကို လွမ်းဆွတ်မှုကြောင့် မွတ်သိပ်စွာ နမ်းရှိုက်နေရင်း ခေါင်းထဲ အသိတစ်ခုက ရုတ်တရက်ဝင်လာသောကြောင့် ရပ်တန့်လိုက်မိသည်။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now