အပိုင်း ၁၃

1.9K 165 0
                                    

[Unicode]

"လူသားကောင်"

"အင်း"

ရင်ခွင်ထဲ ဖက်ထားခိုက် ခေါ်လိုက်သော စတုတ္ထရာကြောင့် ငုံကြည့်ကာ ထူးလိုက်မိသည်။

"ငါ အကြံတစ်ခုလောက် ပေးလို့ရမလား"

"အင်း ပြောလေ စတုတ္ထရာ"

"မင်း အမေ ကို မင်း ကူညီသင့်တယ်လို့ ငါထင်တယ်။ မင်းအတွက် မတရားတာမှန်း ငါသိပေမယ့်လဲ ဒါက အကောင်းဆုံးလမ်းဖြစ်မှာလို့ ငါယုံကြည်တယ်"

"ဟင့်အင်း။ ငါမပေးချင်ဘူး"

"ဘာဖြစ်လို့လဲ ရိုးတွင်းချင်ဆီပေးရမှာ မို့လား"

"ငါ့ ရိုးတွင်းချင်ဆီကို ပေးလိုက်ရတာက အကြောင်းမဟုတ်ပါဘူး။ သူ့ကိုလဲ ငါမမုန်းပါဘူး။ သူငါ့ကို စွန့်ပစ်ခဲ့တာတွေ ငါ့အပေါ် လုပ်ခဲ့တာတွေကို အစကတော့ စိတ်ဆိုးပြီး နာကျည်းမိပေမယ့် နဲနဲကြာသွားတော့ အခု အဲ့ဒီလောက်မဟုတ်တော့ပါဘူး"

"ဒါဆို ဘာလို့လဲ"

"မင်းကြောင့် စတုတ္ထရာ။ ငါခွဲစိတ်ပြီး ပြန်နိုးလာတဲ့အခါ ငါ မင်းကို ပြန်မတွေ့ရတော့မှာ အရမ်းကြောက်တယ်။ ငါကားတိုက်မှုကြောင့် ခွဲစိတ်ပြီး ပြန်ထလာတဲ့အချိန်မှာ မင်းကို တွေ့ခဲ့ရတာလေ။ အခုနောက်တခါ ခွဲစိတ်ပြီး ပြန်နိုးလာတဲ့အချိန်မှာ မင်းငါ့အနားမရှိတော့ရင် ငါ ​မင်းကို မတွေ့ရတော့ရင် ငါရူးသွားလိမ့်မယ် စတုတ္ထရာရယ်"

နဖူးကို ခပ်ဖွဖွ ထိကပ်နမ်းရင်း ပြောလိုက်တော့ စတုတ္ထရာက သူ့အားကြည့်နေလေသည်။

"ငါ မင်းဘေးနားမှာအမြဲ ရှိနေမှာလေ။ ငါက မင်းကိုယ်စောင့်နတ်ပါ။ မင်းရှိစေချင်သည်ဖြစ်စေ မရှိစေချင်သည်ဖြစ်စေ ငါက မင်းဘေးမှာအမြဲရှိနေမှာ"

"ဒါပေမယ့်...ငါမင်းကို မမြင်ရ.... "

"ငါသိပါတယ်။ ဒါပေမယ့် ငါက မင်းကိုယ်စောင့်နတ်လေ။ မင်းကိုကောင်းစေချင်လို့ ကောင်းတာတွေ လုပ်ဖို့ အကြံပေးတဲ့ နတ်ပါ။ အခုလဲ ဒီအရာက မင်းအတွက် ကောင်းတဲ့အရာ ဖြစ်မှာမို့ ငါက လုပ်စေချင်တာပါ။ မင်းငါ့ကိုမယုံဘူးလား"

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now