အပိုင်း ၁၂

2.6K 193 0
                                        

[Unicode]

ရုံးပိတ်ရက်မို့ စတုတ္ထရာ နှင့်အတူ အချိန်ဖြုန်းရင်း သူ စားချင်တာများ ဝယ်ကျွေးထားသည်။ အာကာမင်းမောင် ရင်ခွင်ထဲ ခေါင်းမှီကာ CP ကြက်အူချောင်းများ ကိုက်စားနေသော စတုတ္ထရာ။ သဘောကျစွာဖြင့် စတုတ္ထရာ ခေါင်းကို ဖွဖွ ပွတ်သပ်ပေးနေခိုက်

"ဒေါက် ဒေါက် ဒေါက်"

တိုက်ခန်းတံခါးခေါက်သံကြောင့် စတုတ္ထရာကို ခနဖယ်ရင်း တံခါးထဖွင့်လိုက်မိသည်။ စိတ်ထဲတော့ အစားအသောက်ပို့သည့် Delivery သမား ထင်၍။

သို့သော်လဲ ဖွင့်လိုက်ရာ တိုက်ခန်းရှေ့တွင်တော့ တခါမှမမြင်ဖူးသည့် လည်ကတုံးအကျီအဖြူနှင့် ကချင်ပုဆိုးကွက်တို့ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အသက်ကြီးကြီး လူကြီးတစ်ယောက်က ရှိနေသည်။

"သားက အာကာမင်းမောင်လား မသိဘူး"

"ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲ ဗျ"

"ဦး ​စကားလေး နည်းနည်းပြောချင်လို့ပါ"

"ဘာကိစ္စလဲ မသိဘူး"

"အထဲဝင်ပြီး ပြောရမဲ့ကိစ္စမို့လို့ပါ"

"အော် ဟုတ်ကဲ့ တောင်းပန်ပါတယ်။ အထဲဝင်ပါအုံး"

ထိုလူက နေရာဖယ်လိုက်တော့ သူ့နောက်က နေကာမျက်မှန်နှင့် ဦးထုပ်ကို ခပ်ငိုက်ငိုက် စောင်းထားသော မိန်းမတစ်ယောက်က ပေါ်လာသည်။ နေကာမျက်မှန်၊ ဦးထုပ်တို့နှင့် ကာထားသောကြောင့် မျက်နှာကိုသေချာမမြင်ရသော်လဲ ဝတ်ပုံစားပုံ နှင့် ခန္ဓာကိုယ်ပုံစံကြောင့် အသက်အရွယ်နဲနဲ ရနေသော အန်တီတစ်ယောက်လို့တော့ ခန့်မှန်းမိလိုက်သည်။ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်မို့ ထိုလူကြီး၏ ခန္ဓာကိုယ်နောက်မှာ ကွယ်နေသောကြောင့် ရုတ်တရက်မို့ အာကာမင်းမောင်မမြင်လိုက်ခြင်းသာ။ ဦးလေးကြီးက တိုက်ခန်းထဲ ဝင်သွားခိုက် အတူပါလာသော အန်တီကိုလဲ ခေါ်ဆောင်သွားသည်။ တိုက်ခန်းထဲဝင်လာသော ဦးလေးကြီးနှင့်အန်တီတစ်ယောက်ကို မြင်သောကြောင့်ထင်သည် စတုတ္ထရာက သူ့နားပြေးလာသည်။

"အဲ့ဒါ ဟိုတနေ့က ငါပြောတဲ့ မင်းတိုက်ခန်းကို တံခါးလာခေါက်တဲ့ ဦးလေးကြီးလေ"

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now