အပိုင်း ၇

2K 187 0
                                    

[Unicode]

တိုက်ခန်းတွင် ညစာစားနေရင်း ပြန်မလာသေးသော စတုတ္ထရာအား စောင့်နေမိသည်။ သို့သော်လဲ တော်တော် နောက်ကျတဲ့အထိ ပြန်ရောက်မလာသေးသော စတုတ္ထရာကြောင့် အိပ်စက်ရန်ပဲ ပြင်လိုက်ရတော့သည်။ အိပ်နေရင်း ဘေးနား လူတစ်ယောက် ရှိနေသလို အသိကြောင့် ရုတ်တရက်ထကာ ကြည့်လိုက်တော့ အမှောင်ထဲ ထိုင်နေသော စတုတ္ထရာ။

"သောက်ချီးထဲမှပဲ စတုတ္ထရာရေ။ လန့်လိုက်တာ။ ပြန်လာရင်လဲ အသံလေးဘာလေးပေးလေ"

"မင်း အိပ်နေလို့"

"အင်း။ ဘာသိလာခဲ့ရလဲ"

"ဟင့်အင်း။ နတ်ပြည်ကို ဝင်ခွင့်ပိတ်ထားတယ်။ ဝင်လို့မရခဲ့ဘူး"

"အဲ့ဒါဆို ဘာလို့ ဒီလောက်အထိ ကြာနေတာလဲ"

"နတ်သူငယ်ချင်းတွေကို လျှောက်မေးနေလို့။ သူတို့ရော ဖြစ်ဖူးလားလို့"

"အင်း ဘာပြောလဲ"

"မသိဘူးတဲ့။ သူတို့လဲ နတ်သက်တမ်းတစ်လျှောက် ဒီလိုတခါမှ မဖြစ်ဖူးလို့တဲ့"

"အော်..."

ပြောပြီးနောက် ဆိုဖာပေါ်က ထလာပြီး သူ့ကုတင်ပေါ် လာထိုင်သော စတုတ္ထရာ။

"ငါ့ ကို ထပ်ထိကြည့်စမ်းပါ"

တောင်းဆိုလာသောကြောင့် လက်ညိုးနှင့် ပုခုံးကို တို့ထိလိုက်ရာ....

"အား......"

"ဘာဖြစ်တာတုန်းဟ လန့်လိုက်တာ"

"Sorry ငါ မင်းနဲ့ ထိတွေ့လို့ရတာ အသားမကျသေးလို့"

ထို့နောက် သူ့ပုခုံးကို လာညစ်နေသော စတုတ္ထရာ။ပြီးတော့ သူ့ခန္ဓာကိုယ် အနှံ့ ခေါင်းအစ ခြေအဆုံး ထိကိုင်ကာ ပွတ်သပ်နေပြန်သည်။

စတုတ္ထရာအား ကြည့်လိုက်ရာတွင်တော့ စူးစမ်းလိုသော အကြည့်များနှင့် မျက်ဝန်းများက အရည်လဲ့ကာ  တောက်ပ နေသည်။နီညိုရောင် ဆံပင်တွေကြားထဲမှာ အဖြူရောင် ဆံနွယ်တို့က ကြို့တို့ကြဲတဲ ရောယှက်စွာ။ မျက်နှာတွင်လဲ ရွှေအိုရောင် အရောင်ပြေးလေးက တခါတရံ ဖြတ်ဖြတ်ပြေးသွားသည်။
အနားကပ်ကာ ထိုင်နေမှုကြောင့် စတုတ္ထရာ၏ ခန္ဓာကိုယ်က ရတတ်သော ပန်းရနံ့သင်းသင်းက နှာခေါင်းဝသို့ ဝင်ရောက်တိုးဝှေ့ကာ ကလူကြည်စယ်လျှက်။ ထိုအခိုက် ပေါင်သို့ လာရောက်ကိုင်တွယ်ရင်း ညစ်ကြည့်နေသော စတုတ္ထရာကြောင့်

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now