[Unicode]
"အား ကျွတ် ကျွတ် ကျွတ်"
ပြောတယ်မလား။
ဒီကောင်က ကျွန်တော့်ကို ဒုက္ခပေးဖို့ သက်သက် လူ ဖြစ်လာတာပါဆို။ သူများတွေကားတိုက်ရင် တခါတည်းလျှောရော ဂစ်ဆို။ တချို့ဆို ဆေးရုံတောင်မရောက်လိုက်ဘူး။
အခု ဒီကောင်မှာတော့ ကားတိုက်တာ မသေတဲ့အပြင် သတိရလာတာလဲ မြန်ချက်။ ဖူး... စိတ်ကုန်လိုက်တာ။
"မင်းက ဘယ်သူလဲ"
"ဟမ်....မင်းက ငါ့ကို မြင်ရတာလား"
"အင်း။ မင်း လူအကောင်လိုက်ကြီးကို ငါက မမြင်ရစရာလား"
"မဖြစ်နိုင်တာ"
"ငါ...ဘာဖြစ်သွားတာလဲ"
မေးတာကို ပြန်မဖြေပါပဲ သူ့လက်ကို ပြန်ငုံ့ကြည့်နေသော ကုတင်ဘေးမှာ ထိုင်နေသည့် လူကိုကြည့်ရင်း ဒီကောင်က ဆေးရုံက ထင်ပါတယ်။
"ဒီမှာ ငါ့ကို ဆရာဝန်ခေါ်ပေး"
" ဟမ် "
"ဆရာဝန်ခေါ်ပေးလို့"
"ဟမ်...အော် အေးအေး"
ယောင်တောင်ယောင်နဲ့ အပြင်ထွက်လာပြီးတော့မှ။ နေပါအုံး။
ငါ ဆရာဝန်သွားခေါ်တော့လဲ သူတို့က ငါ့မြင်ရတာမှ မဟုတ်တာ။
စာဖတ်သူတို့ရော ကျွန်တော့်ကို မြင်ရလား။မမြင်ရဘူး ဟုတ်တယ်မလား။
အဲ့တာကို ဒီကောင်က ကျွန်တော့်ကို ဘာလို့မြင်ရတာလဲ။ မဖြစ်ဘူး ဒီကိစ္စ အထက်ကို သတင်းပို့ရမယ်။
"တီ တီ တီ ဟုတ်ကဲ့ ကျွန်တော် နတ်အမှတ်စဥ် အမှတ် (-)ပါ။ အရေးကြီးတင်ပြစရာလေး ရှိလို့ ဝင်ခွင့်တောင်းပါတယ်"
⏯⏯⏯⏯⏯⏯
"သက်သာရဲ့လား လူနာ
"ဟုတ်ကဲ့"
"ကားတိုက်မှုဖြစ်စဥ်ရော မှတ်မိရဲ့လား"
"ဟုတ်ကဲ့ မှတ်မိပါတယ်"
"လူနာရဲ့ ဖြစ်စဥ်က မှုခင်းမှုဖြစ်တာကြောင့် ရဲတွေက စုံစမ်းဖို့ ရောက်နေပါတယ်။ အဲ့ဒါကြောင့် အဆင်ပြေရင် မေးခွန်းလေး နဲနဲ ဖြေပေးလိုက်ပါ"
"ဟုတ်ကဲ့"
အခန်းထဲဝင်လာသော ရဲနှစ်ယောက်က သူ့အား မြင်သောအခါ ပြုံးပြ နှုတ်ဆက်ကြသည်။
YOU ARE READING
ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]
![ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]](https://img.wattpad.com/cover/343907155-64-k699546.jpg)