အပိုင်း ၂၀

2.6K 204 5
                                        

[Unicode]

အာကာမင်းမောင်တစ်ယောက် တိုက်ခန်းငယ်လေးထဲရှိ ထမင်းစား စားပွဲခုံရှေ့တွင် ငေးငိုင်စွာ ထိုင်နေမိသည်။ စားပွဲပေါ်တွင်တော့ တော့ပိုကီ နှင့် KFC ကြက်ကြော်များ တင်ထားလျှက်။

သူဘာလို့ ဒါတွေကို ဝယ်လာမိမှန်း မသိပါ။ သေချာတာတစ်ခုကတော့ သူ အစပ်မစားနိုင်သလို ကြက်ကြော်ကိုလဲ မကြိုက်ပါ။

ဒါပေမယ့် စားပွဲပေါ်မှာ ရှိနေသည့် အရာများကို ငေးငိုင်ကြည့်နေရင်း မျက်ရည်များက တလိမ့်လိမ့်ကျဆင်းလာသည်။

"မဟုတ်ဘူး စတုတ္ထရာ။ မဟုတ်ဘူး။ စတုတ္ထရာက အိမ်မက်တစ်ခု မဟုတ်ခဲ့ဘူး။ တောင်းပန်ပါတယ် မောင့်ဆီပြန်လာပေးပါကွာ။ စတုတ္ထရာက အိမ်မက်တစ်ခု မဟုတ်ခဲ့တာ မောင်အသိဆုံး မို့လို့ မောင့်ကို မလှည့်စားပါနဲ့တော့။
စတုတ္ထရာ ကြိုက်တဲ့ မုန့်တွေ ဝယ်ထားတာမို့ အရင်လို လာစားပါအုံး။ စိတ်ကောက်နေရင်လဲ မောင် စတုတ္ထရာ စိတ်ပြေအောင် ချော့မှာမို့ မောင့်ကို ပုန်းမနေပါနဲ့တော့ကွာ။ မောင့်ကို ကြိုနေတဲ့ စတုတ္ထရာ ကို အရမ်းတွေ့ချင်တာမို့ မောင့်ဘေးနား အရင်လိုပြန်လာပေးပါ စတုတ္ထရာ မောင်တောင်းပန်ပါတယ်။
စတုတ္ထရာ ထွက်မလာရင် မောင် ဒီမုန့်တွေ အကုန်စားပစ်လိုက်တော့မှာနော်။ စတုတ္ထရာ သိပ်ကြိုက်တဲ့ တော့ပိုကီတွေ မောင်အကုန်စားလိုက်တော့မှာနော်"

ငိုယိုအော်ဟစ်ရင်း ခြိမ်းခြောက် ပြောဆိုနေသော်လဲ တိတ်ဆိတ်နေသော အခန်းငယ်လေးကတော့ ဘယ်သူမှလဲ ထွက်မလာခဲ့သလို ဘာအသံမျှလဲ စိုးစိမှ မကြားရပါ။

လက်မခံချင်သော်လဲ အသိစိတ်များက စတုတ္ထရာသည် အိမ်မက်တစ်ခု ဖြစ်ကြောင်း တဖွဖွ သတိပေးနေလေသည်။

မဟုတ်ပါ။
စတုတ္ထရာက အိမ်မက်တစ်ခု မဟုတ်ပါ။ စတုတ္ထရာက အိမ်မက်တစ်ခုမဟုတ်ကြောင်းကို အခုစီးကျနေသော မျက်ရည်တွေနဲ့ တဒိတ်ဒိတ်ခုန်နေသော နှလုံးသားက သူ့အား သက်သေပြနေလေသည်။

အသိစိတ်က ဘယ်လောက်ပဲ သတိပေးပေး သူလက်မခံနိုင်ပါ။ သေချာတာ တစ်ခုကတော့ စတုတ္ထရာသည် သူမက်ခဲ့သော အိမ်မက်တစ်ခု မဟုတ်ပါ။

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now