အပိုင်း ၁၆

2K 169 11
                                    

[Unicode]

"တကယ်ပါကွာ မောင်နဲ့သူနဲ့က ဘာမှမပတ်သတ်ပါဘူး။ သူ့အပေါ်လဲ ဘာစိတ်မှ မရှိတော့ပါဘူး"

"ဒါပေမယ့် မင်း ၇၆ခါ တောင် လိုက်ထားရတဲ့ လူသားမိန်းကလေးလေ။ မင်း ခံစားချက်တွေ ကျန်ချင် ကျန်နေအုံးမှာပေါ့။ သူ့ကြောင့် ကားတောင် တိုက်ခံရသေးတယ် မဟုတ်လား"

နှုတ်ခမ်းဆူကာ မျက်မှောင်ကြုံ့ရင်း ပြောနေသည့် စတုတ္ထရာကြောင့်

"မောင့်ကို သဝန်တိုနေတာလား စတုတ္ထရာ"

စတုတ္ထရာ ဘယ်လိုပြန်ဖြေရမလဲ မသိ။
လူသားမိန်းကလေးတစ်ယောက်နှင့် ယှဥ်ပြိုင်ပြီး လူသားကောင်ကို သဝန်တိုသည်တဲ့လား။ သူ့လို နတ်သားတပါးကလေ။ မဖြစ်နိုင်ရာ။

သို့ပေသည့် အာကာမင်းမောင်နှင့် ထိုလူသား မိန်းကလေးကို ပူးတွဲ မြင်ရချိန်မှာ သူဒေါသထွက်ပါသည်။ အထူးသဖြင့် အဲ့ဒီမိန်းကလေးဟာ ဒီလူသားကောင် ကြိုက်လွန်း၍ ၇၆ခါတောင် လိုက်ပြီး ဖွင့်ပြောထားသည့် မိန်းကလေး ဖြစ်နေသည့်အခါ သူပိုဒေါသထွက်ရပါသည်။

ဝန်မခံချင်ပေမယ့်လဲ ဟုတ်ပါသည် သူသဝန်တိုနေခြင်းသာ။ ဒါပေမယ့် ဒီအချင်းအရာကို ရှေ့ကလူသားအာကာမင်းမောင်ထံ ဝန်မခံချင်ပေ။ သူ့လိုချောမောလှပသည့် နတ်သားတပါးက ဘာမဟုတ်တဲ့ လူသား မိန်းကလေးတစ်ယောက်နဲ့ ယှဥ်ပြိုင်နေရပြီး သဝန်တိုနေရခြင်းမှာ သူ့ရဲ့ Image ကို ထိခိုက်စေပါသည်။

သို့သော် သူတို့နတ်များသည် လိမ်လည်ပြောဆိုခွင့်မရှိပေ။ တစ်စုံတစ်ဦးကို လိမ်လည်ပြောဆိုမိလျှင် ဒဏ်ကြေးရိုက်ခံရပြီး အမှတ်ဖြတ်ခံမည် ဖြစ်သည်။

အခုအခြေအနေတွင် ဒဏ်ကြေးပေးရကာ အမှတ်ဖြတ်ခံရသည်ထက် ဒီလူသားကောင်ရှေ့တွင် Imageမကျကာ အရှက်မရဖို့ ပိုအရေးကြီးသည်။ ထို့ကြောင့်သာ ဆုံးဖြတ်ချက် ချရင်း

"မတိုပါဘူး ငါ ငါက ဒီအတိုင်းမေးကြည့်ရုံပါ"

ထိုစဥ် စတုတ္ထရာခေါင်းထဲ၌ သတိပေးသံ ထွက်ပေါ်လာသည်။

*တင်န် တင်န်
နတ်သားအမှတ်စဥ်-43168 သည် လိမ်လည်ပြောဆ်ိုသည့်အတွက် ကိုယ်ပိိုင်ရမှတ်ထဲမှ 30.5 ကို နှုတ်ယူလိုက်ပါသည်*

ကိုယ်စောင့်နတ်က ငါ့ယောကျာ်း [Complete]Where stories live. Discover now