အပိုင်း ( ၁)

491 23 0
                                    

စကြာဝဠာ ထဲတွင် သီးခြားတည်ရှိနေတဲ့ ကမ္ဘာတစ်ခု..ထာဝရရှင်သန်ရာ မသေမျိုးတို့နေထိုင်ရာ မသေမျိုးကမ္ဘာ ..
   မိုးထိအောင်မြင့်မားပြီး မြူခိုးများဖြင့်ဖုံးအုပ်ထားသော တောင်တစ်တောင်ရဲ့ထိပ်မှာ လျှပ်စီးအတန်းလိုက်က ကောင်ကင်ပေါ်က တစ်စုံတစ်ရာနဲ့ ဆက်သွယ်ထားသလို ဆက်တိုက်လင်းလက်တောက်ပနေသည်..
ကမ္ဘာ တစ်ခုလုံးက လူတေက တစ်စုံတစ်ခုထွက်ပေါ်လာမှာကိုစောင့်ဆိုင်းနေသလိုမျိုးကောင်းကင်ပေါ်ကိုစိတ်အားထက်သန်စွာမော့ကြည့်နေကြသည်..
   
လီမိသားစုတွင်..
     '' မင်းပြောကြည့်စမ်း ဒီတစ်ခါရွေးချယ်ခံရမဲ့သူက ဘယ်သူလို့ထင်လဲ ''
  လူလတ်ပိုင်းအရွယ်နှစ်ယောက်က ခြံဝန်းထဲရှိ ကျောက်စားပွဲတွင်ထိုင်ကာ ဆွေးနွေးနေကြသည်..တစ်ကိုယ်လုံးအနက်ရောင်ဝတ်ဆင်ထားသောတစ်ယောက်က ပြောလိုက်​ခြင်းဖြစ်သည်..
       '' မင်းရော ထင်တဲ့သူမရှိဘူးလား ''
အဖြူရောင်အကျီပေါ်မှာ ရွှေရောင်အနားကွတ်ဝတ်ထား၍ အဖြူရောင်ဆံနွယ်ရှည်များနှင့် ခန့်ညားချောမောသော လူက ပြန်မေးလိုက်သည်..
     ''ငါကတော့ မင်းတို့လီမိသားစုထဲက ဟိုကလေးပဲ ထင်တယ် ''
      '' သူလား အဲကလေးက မွေးကတည်းက သူ့အမေဘက်က စွမ်းအားနဲ့ သူ့အ​ေဖဘက်က စွမ်းအားတေအကုန်လုံးကို အမွေဆက်ခံထားတဲ့အပြင် မွေးရာပါ စွမ်းအားကလဲ အရမ်းထူးဆန်းတယ် ဒီကလေးအရွယ်ရောက်လာရင် ငါတို့တောင်ယှဉ်နိုင်မှာမဟုတ်ဘူးဆိုတာ သိပြီးသားပါ ''
        ''မင်းလို လီမိသားစုရဲ့ အစွမ်းထက်ဆုံးသူတောင် မယှဉ်နိုင်ဘူးဆိုမှတော့ ဘယ်သူကယှဉ်နိုင်အုန်းမှာလဲ ''
       '' ငါ့ကိုမြှောက်ပင့်မနေနဲ့ မိစ္ဆာဧကရာဇ် မင်းလဲအစွမ်းထက်ဆုံးတေထဲက တစ်ယောက်ပဲလေ ''
    ထိုအချိန်တွင် တောင်ထိပ်ကလျှပ်စီးတန်းက အလွန်အမင်းတောက်ပလာပြီး  ကမ္ဘာတစ်ခုလုံးဖုံးအုပ်သွားသည်..
မိသားစုကြီးတေအကုန်က ဘယ်သူရွေးချယ်ခံရမလဲ စိတ်လှုပ်ရှားနေကြသည်..အထူးသဖြင့် ရွေးချယ်ခံကို သူတို့မိသားစုက ဖြစ်စေချင်ကြသည်..အဲလိုဆိုရင် သူတို့က မသေမျိုး ကမ္ဘာ ရဲ့စွမ်းအားအကြီးမိသားစုဖြစ်လာလိမ့်မယ် ..
  အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး လီမိသားစုတည်ရှိရာ လီအင်ပါယာကို ဉီးတည်သွားလေသည်..
     လီအင်ပါယာ လီမိသားစုခြံဝင်း.
အရမ်းကိုချောမောလှပသော ဆွဲဆောင်မူရှိတဲ့ မြင်သူတကာငေးသွားစေလောက်တဲ့ အလှပိုင်ရှင်..
    လူငယ်လေးတစ်ယောက်မပ်တပ်ရပ်လျက် ကောင်းကင်ကိုမော့ကြည့်နေသည်..
သူသိသည် သူကရွေးချယ်ခံရလိမ့်မည်ဆိုတာကို သူသာရွေးချယ်ခံခဲ့ရရင် သူအရမ်းလုပ်ချင်နေတဲ့ အရာတစ်ကိုလုပ်ရတော့မည်.
ကောင်လေးက အဖြူရောင်အကျီပေါ်မှာ ရွှေရောင်အနားကွပ်နဲ့ ရင်ဘတ်မှာ ဇာမဏိပုံစံ ရွှေရောင်အရုပ် ချည်ထိုးထားပြီး နောက်ကျော ရွှေရောင်နဂါးရုပ်ပုံ ချည်ထိုးထားသည်..
ငွေဖြူရောင်ဆံနွယ်တို့က လေထဲတွင် လွှင့်နေကာ မျက်ဝန်းတစ်ဖက်က ရွှေရောင် တောက်နေကာ ကျန်တစ်ဖက် အပြာရောင်တောက်နေသည်.. တစ်စုံတစ်ခုကိုတွေးမိသလိုမျိုး မျက်ဝန်းတစ်စုံက တောက်ပနေကာ လှစ်ခနဲ ရယ်လိုက်သည့်အတွက် သွာစွယသေးသေးလေးကထွက်ပေါ်ကာ မြင်သူတိုင်းအသည်းယားစေမည်မှာ အသေအချာပင်.. နှမြောစရာကောင်းတာက ခဏသာဖြစ်ပြီး ခြံဝင်းထဲတွင်လဲ အစေခံတို့မရှိသည့်အတွက် မြင်လိုက်သည့်သူတစ်ယောက်မှ မရှိပေ..
     ထိုအချိန်တွင် ရောင်စုံအလင်းတန်းတစ်ခုက ကောင်ကင်မှ ဆင်းသက်လာp ကောင်လေးကို ခေါ်ဆောင်သွားလေသည်..

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now