အပိုင်း (၅)

115 10 0
                                    

အကျီစကိုမြင်လိုက်ရတည်းက သူတို့သိလိုက်ရပီ လီမိသားစုကပဲ အရှင်သခင်အသစ်က အဲဒါကြောင့် အမြဲတိပ်ဆိပ်နေတတ်တဲ့ လီရှန်က ထပြောတာမထူးဆန်းတော့ပါဘူး.
     '' အကုန်လုံး ထကြပါ ''
အသံကြောင့် သတိပြန်ဝင်လာပီး ခေါင်းကိုမော့ကြည့်လိုက်ကြသည်။
  သူတို့မြင်လိုက်တာက အရမ်းကိုကျက်သရေရှိပီး ဆွဲဆောင်မူအားကောင်းလွန်းတဲ့ လူငယ်လေးတစ်ယောက် အင်း ဒီလူငယ်လေးကိုသူတို့သိတယ် မသေမျိုး ကမ္ဘာ ရဲ့နံပါတ် တစ် ပါရမီရှင် လီရှင်းရန်ပဲ လီရှင်းရန်ဆိုတာနဲ့ လီမိသားစုရဲ့ တစ်ယောက်က သူတို့ဆီကို တစ်နေ့ သုံးခေါက်လောက် လာကြွားတော့မှာ ကျိန်းသေနေပီ တွေးကြည့်လိုက်ရင် ရင်လေးစရာပဲ သူတို့
နားညည်းရအုန်းမဲ့ အရေး တွေးပီး အရာရှိတွေရဲ့ မျက်နှာဟာ ရှုံ့မဲ့သွားတော့သည်။
 
လီရှင်းရန်တစ်ယောက် သူ့ကိုမြင်တာနဲ့ ရှုံ့မဲ့သွားတဲ့မျက်နှာတေကို မြင်လိုက်တာနဲ့ ဒီလူတေဘာတွေးနေလဲ သိပါတယ်
ဒီမသေမျိုး ကမ္ဘာကြီးမှာ သာမန်လူဆိုတာ မရှိပါဘူး မွေးကတည်းက သဘာဝလွန်စွမ်းအားတွေနဲ့ မွေးဖွားလာကြတာ ဖြစ်ပြီး သွေးမျိုးဆက် ဆက်ခံမူများလေ ပိုစွမ်းအားကြီးလေဖြစ်သည်။
အထူးသဖြင့်အင်အားကြီးမိသားတွေမှာဆိုရင် တော်ဝင်သွေးမျိုးဆက်ဆိုတာ ရှိပြီးတော့ အဲဒီလို တော်ဝင်သွေးမျိုးဆက်ပိုင်ရှင်တွေက မျိုးဆက်တစ်ခုမှာ တစ်ယောက်ပဲပါရှိ တာဖြစ်သည်။
လီမိသားစုမှာဆို လီရှင်းရန် တစ်ယောက်ပဲ ဆက်ခံသူရှိသလိုမျိုး တစ်ခြားမိသားစုတွေမှာလဲ ရှိပါတယ်.  သူက မသေမျိုး ကမ္ဘာ ရဲ့ နံပါတ်တစ် ပါရမီရှင်ဖြစ်နေရခြင်းအကြောင်းကတော့ သူ့မိဘတွေကြောင့်လဲပါတယ် သူ့အဖေက လီမိသားစုခေါင်းဆောင်ဖြစ်ပြီးတော့ လျှပ်စီးမိုးကြိုးတွေရဲ့ အရှင်သခင်ဖြစ်တယ်
အမေကတော့မှော်သားရဲ မျိုးနွယ်စုတွေထဲမှာ စွမ်းအားအကြီးဆုံး ကလန်ကြီး ၄ခုထဲက ဇာမဏိ ဖီးနစ် မျိုးနွယ်စုရဲ့ ဖီးနစ်နတ်ဘုရားမ ဖြစ်ပြီး အခုလက်ရှိကလန်ခေါင်းဆောင် ဖြစ်သည်။ တခြားမိဘတွေနဲ့ ကွာခြားတာကတော့ သူနဲ့ တခြားမိသားစုက ပါရမီရှင်နဲ့ တိုက်ခိုက်ပြီဆိုရင် သူက အမြဲအနိုင်ရတာဖြစ်ပေမဲ့ သူ့အမေက သူ့သားကို ရန်စရပါ့မလားဆိုပြီး အဲဒီပါရမီရှင်ရဲ့ မိသားစုကို လိုက်သွားကာ မိသားစုခေါင်းဆောင်ကို စိန်ခေါ်ပြီး ရိုက်နှက်တော့တာပါပဲ
အမက နှုးညံံ့သလောက် အဖေက တော်တော်ကြမ်းပါတယ် သူ့သားအနိုင်ရတဲ့အကြောင်းကို မိသားစုကြီးတွေဆီကို ပတ်ကြွားတော့တာပါပဲ အထူးသဖြင့် ရှုံးသွားတဲ့ ပါရမီရှင်ရဲ့ မိသားစုကို တဟ်နေ့ သုံးခေါက်လောက်သွားပြီး သူများအိမ်က လက်ဖက်ရည်ကို သောက်ကာ တောင်းပန်သလိုနဲ့ သူ့သားဘယ်လောက်ကြောင်း ကြွားတော့သည်။ တစ်ဖက်သူကလဲ အဖေရဲ့ စွမ်းအားကိုကြောက်လို့ ပြန်မပြောရဲ ငြိမ်ပြီး နားထောင်လိုက်ရတာ အဖေပြန်သွားမှပဲ ကျိန်ဆဲနိုင်ပါတော့တယ်
အဲဒါကြောင့် တော်ရုံတန်ရုံ ပါရမီရှင်တွေကဘသူ့ကိုစိန်မခေါ်ရဲတော့ပဲ မသေမျိုး ကမ္ဘာ ရဲ့ နံပါတ်တစ်ပါရမီရှင်ဆိုပြီး ဖြစ်လာပါတော့သည်။
သူဘာလုပ်လုပ် နောက်ကနေ အကျိုးအကြောင်း ဆုံးမမယ်မရှိဘူး သူ့ကိုတောင် မြှောက်ပင့်ပြီး တစ်ခြားသူတေကို လိုက်ရိုက်စေချင်နေတဲ့ မိဘတွေကြောင့် သူ့နေရာမှာ တစ်ခြားသူဆိုရင် မြောက်ကြွ မြောက်ကြွနဲ့ ဆိုးသွမ်းတဲ့သခင်လေး ဖြစ်သွားနိုင်ပေမဲ့ တော်သေးတာပေါ့ သူ့မှာ ထက်မြတ်ပြီး စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့ ညဏ်လေးရှိတေလို့သာပဲ နမို့ဆို မတွေးရဲစရာပဲ တွေးရင်း ကြ က်သီးတောင်ထလာသည်။
     '' သခင်လေး အစီအစဉ်ကို ပြောလိုက်တော့မလား ''
ချန်းအသံကြောင့် သတိဝင်လာပြီး အာလုံးကိုပြောလိုက်သည်။
     '' အဟမ်း.. ပြောစရာရှိလို့ခေါ်လိုက်ရတာပါ ခဗျားတို့အတွက် သတင်းကောင်းပေါ့ ''

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now