Arc ( 1. 3)

122 12 0
                                    

တိဆိပ်ငြိမ်သက်နေသော အခြေအနေက သက်တော်စောင့်တွေကို ပိုပြီးခြောက်ခြားစေသည်။ သူတို့တော့ သွားပြီးထင်တယ် သခင်လေးရဲ့ သွေးအေးရက်စက်တဲ့ ဘက်ခြမ်းကို သိရဲ့သားနဲ့ သတိလက်လွတ်ဖြစ်ပြီး ငေးကြည့်မိသွားတာ ဒါပေမဲ့ အဲဒါသူတို့အပြစ်မှ မဟုတ်တာ သခင်လေးကို ဘယ်သူက အဲလောက်ချောမောလှပခိုင်းလို့လဲ အရင်ကတည်းက သခင်လေးအနားမှာ အလုပ်လုပ်ခဲ့ကြတဲ့သူတွေမို့ သခင်လေးဘယ်လောက်ချောကြောင်းသိသော်လည်း ဒီနေ့ကျမှ သခင်လေးက ထူးထူးခြားခြား ပိုဆွဲဆောင်မူရှိနေသလိုလဲ သူတို့တွေ တစ်ခါကြည့်မိတာနဲ့ မျက်လုံးတောင်မလွှဲနိုင်တော့ဘူး ။

လီရှင်းရန်တစ်ယောက် ခုထိဒူး​ေထာက်လျက်သား တုန်လှုပ်နေတဲ့ သက်တော်စောင့်တွေကို ကြည့်ရင်း အိုး ခုမှသတိရတယ် မူလကိုယ်ရဲ့ သွေးအေးရက်စက် ဘက်ခြမ်းကို သိတဲ့သူတွေထဲမှာ ဒီလူတွေလဲပါတာပဲ ဒီလူတွေ အကုန်လုံးက မူလကိုယ်ရဲ့ ယုံကြည်ရတဲ့ လူတွေပဲ
  
      '' ထကြပါ ခုတစ်ခါတော့ ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါမဖြစ်စေနဲ့ ''
     '' ကျေးဇူးတင်ပါတယ် သခင်လေး နောက်တစ်ခါမဖြစ်စေရပါဘူး "
     " သွားကြမယ် ဟိုကိုစောစောရောက်မှဖြစ်မှာ ငါလုပ်စရာရှိသေးလို့ "

သက်တော်စောင့်တွေဖွင့်ပေးတဲ့ တံခါးကနေ ကားထဲဝင်ပြီးထိုင်လိုက်ကာ မျက်လုံးမှိတ်ပြီး စဉ်းစား​ေနလိုက်သည် ။ ထို့နောက်မှာတော့ L&Y  company ကထုတ်တဲ့ limit edition ကားအကောင်းစားကြီး ငါးစီးက အတန်းလိုက်ထွက်လာပြီး မြို့တော်ဗဟိုဧရိယာဆီသို့ ဉီးတည်သွားတော့သည်။

    " ချန်းရေ ဒီ ကမ္ဘာ ရဲ့ ဇာတ်လိုက်ကဘယ်သူလဲ ငါလား "
    " သခင်လေးက ေတာ်တော်လေး စိတ်ကူးယဉ်တတ်တာပဲ သခင်လေးမဟုတ်ပါဘူး အခြားတစ်ယောက်ပါ သခင်လေး ဗီလိန်အဆင့်တောင် မရှိပါဘူး "
     " ဟ မဖြစ်နိုင်တာ ဒီလောက်ချမ်းသာပြီး အာဏာရှိတာ ဗီလိန်တောင် မဖြစ်နိုင်ဘူးဆိုတာတော့ မဖြစ်သင့်ဘူး "
    " သခင်လေးသိချင်ရင် ဇာတ်​ကြောင်းဖတ်ကြည်​့ပေါ့ "
    " အဲဒါဆို ငါ့ကို ပေးလေ "
    " သခင်လေးကို အစတည်းက ဒီ ကမ္ဘာ ရဲ့အကြောင်းနဲ့အတူ ဇာတ်ကြောင်းပါ ပေးပြီးသားပါနော် ပြန်ကြည့်လိုက်အုန်း "
  
ထိုအခါမှ ပြန်ကြည့်လိုက်တော့ ဇာတ်ကြောင်းကိုတွေ့လိုက်သည်။ ဒီ ကမ္ဘာ ရဲ့ ဇာလိုက်က ဝမ်မိသားစုရဲ့ တရားမဝင်သားဖြစ်ပြီး ရီ မြို့ငယ်လေးက ချန်မိသားစုက မွေးစားထားတာဖြစ်သည်။ ဇာတ်လိုက်မကတော့ ချန်မိသားစုရဲ့ သမီး ချန်ရွှယ် နဲ့ လင်းမိသားစုရဲ့ သမီး လင်းရင်းအာ တို့ဖြစ်ပြီး ဇာတ်လိုက်က ကျင့်ကြံးခြင်း ကမ္ဘာ ကနေ ဝိညဉ် ကူးပြောင်းလာသူဖြစ်သည် ။ မကူးပြောင်းခင်က ကျောင်းမှာအနိုင်ကျင့်ခံရတဲ့ ကောင်လေးဖြစ်ပြီးတော့ ကူးပြောင်းပြီးချိန်မှာ တော့ ကျောင်းမှာ ဖိုက်တာကြီးဖြစ်သွားတော့သည်။နောက်တော့ ဝမ်မိသားစုရဲ့ တတိယ ဉီးလေးက သူ့သားကိုပြန်ရှာတွေ့ပြီး ပေကျင်း တဣသိုလ် ကိုတက်စေခဲ့သည်။ အဲမှာ မိသားစုကြီး၃ ခုရဲ့ တရားဝင်ကလေးတွေနဲ့ ပြသာနာ ဖြစ်ပေမဲ့ ဇာတ်လိုက်ပီပီ အကုန်လုံးကို ဖိနှိပ်ပြီး ထိပ်ဆုံးကိုတက်လှမ်းခဲ့သည်။ မူလကိုယ်ကိုကို တော့ ဇာတ်လိုက်က မြေအောက်လောက အာဏာကို ရယူဖို့အတွက် အသုံးချခဲ့သည်။ မူလပိုင်ရှင်အပေါ် ကောင်းချင်ယောင်ဆောင်ပြီး ပထမအိမ်တော်နဲ့ရန်တိုက်ပေးတယ် အသက်ငယ်ပြီး ပတွေ့အကြုံသိပ်မရှိတဲ့ မူလကိုယ်ကတော့ ပထမအိမ်တော် ရန်ဘက်လိုသဘောထားပြီး တိုက်ခိုက်ခဲ့တယ် ကျားနှစ်ကောင်တိုက်ခိုက်နေချိန်မှာ နောက်က စာဝါငှက်က မြေအောက်လောကကို သိမ်းပိုက်ခဲ့သည်။ နောက်တော့ စွမ်းအားအကြီးဆုံးဖြစ်လာပြီး လီမိသားနဲ့အတူ ကျန်တဲ့မိသားစုတွေကို ဖိနှိပ်ပြီး ဇာတ်လိုက်မ နှစ်ယောက်ကိုခြံရံပြီး အုပ်ချုပ်ခဲ့သည်။ ဇာတ်ကြောင်း ဖတ် ပြီးနောက် လီရှင်းရန် စဉ်းစားလိုက်သည်။ အခုအချိန်က ဝမ်ယန် ခုမှမြို့ကိုရောက်တဲ့အချိန်ပဲ အခု ညစာစားပွဲမှာ ဝမ်မိသားစုကလဲ တက်ရောက်ပြီးတော့ ဝမိသားစုရဲ့ လူငယ်မျိုးဆက်တွေလဲ တက်ရောက်မှာ ဖြစ်၍ ဝမ်ယန်လဲ ပါလာလိမ့်မယ် ။ အင်း လီမိသားစုက စွမ်းအားကြီးပေမဲ့ မစည်းလုံးတဲ့အတွက် ဖြိုခွဲရလွယ်သွားတာပေါ့ ။ ငါ အကိုကြီးကို တွေ့ကြည့်အုန်းမှပဲ ။

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now