Arc (1.11)

98 9 2
                                    


နှစ်ယောက်သား အမောဖြေပြီးနောက်မှာတော့ ခန်းမထဲကို ထွက်လာခဲ့တယ် ။ ​လီချင်းစီနဲ့ မိသားစုခေါင်းဆောင်တွေ ထိုင်တဲ့ vip ဝိုင်းကို သွားပြီး နှုတ်ဆက်လိုက်ကာ အိမ်ပြန်ဖို့ ကားတန်းဆီကို သွားလိုက်သည်။ နောက်က ထပ်ကြပ်မကွာ ပါလာတဲ့ လူကို လီရှင်ရန် လှည့်ကြည့်လိုက် ပြီး..

     " အကိုကြီး ကျွန်တော်ပြန်တော့မယ်.. အကိုကြီး အထံပြန်ဝင်တော့လေ "

လီချူးဟန် မျက်နှာတစ်ခုလုံး ညှိုးငယ်မူတွေနဲ့ အသနားခံလိုက်သည်။

    " မပြန်လို့မရဘူးလား..ဒီနေ့တော့ ကိုယ့်အိမ်မှာနေလိုက်လေ မနက်ဖြန်ကျရင် မင်းအိမ်ကိုလိုက်ပို့ပြီးတော့ အထုပ်သိမ်းပြီးမှ ပြန်လာခေါ်မယ်လေ..နော် "

လီရှင်းရန် ရဲ့လက်ကလေးကို လှမ်းဆွဲလိုက်ရင်း အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။

လီရှင်းရန် ကလေးလိုလုပ်နေတဲ့ လူကြီးကို ကြည့်ပြီး ရီချင်ပေမဲ့ မျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်ဝန်းတစ်စုံကို မြင်လိုက်ရတဲ့အခါမှာတော့ မရီရက်တော့ပေ။ ဒါပေမဲ့ သူ့မှာ တခြားလုပ်စရာရှိသေးတယ် ဒီအိမ်မှာ လိုက်နေလိုက်ရင် ဒီလူကြီး မျက်စိအောက်က လွတ်နိုင်မှာ မဟုတ်ဘူး...

      " အကိုကြီးရယ်... ကျွန်တော်တို့ကဆက်ခံသူတွေလေ ကျွန်တော်လုပ်စရာတွေ ရှိသေးတယ် သိပ်မကြာခင် ကျွန်တော်က မြေအောက်လောကရဲ့ခေါင်းဆောင်နေရာကို ဆက်ခံရ​ေတာ့မယ်.. အဲဒါတွေပြီးသွားရင်တော့ ကျွန်တော် အကိုကြီးနဲ့ အတူနေလို့ရပြီလေ ..နော် "

လီချူးဟန် မျက်မှောက်ကြုတ်လိုက်ပြီး..

    " ဒုတိယ ဉီးလေးက ခေါင်းဆောင်နေရာကို လွှဲပေးတော့မှာလား.. အဲဒါဆို ပင်မမိသားစုခေါင်းဆောင်အတွက် ယှဉ်ပြိုင်ရမဲ့ တာဝန်က ရှင်းအာနဲ့ ကိုယ့်ဆီ ရောက်လာ​ေတာ့မှာပေါ့  .. "

လီရှင်းရန် လက်ကို ကိုင်ထားလက်ကို အားထည့်ပြီး ဆွဲလိုက်ရာ လီရှင်းရန် တစ်ကိုယ်လုံး လီချူးဟန် ရင်ခွင်ထဲရောက်သွားတော့သည်။ တင်းကြပ်နေအောင် ဖက်ထားသည့်အတွက် လီရှင်းရန် အသက်ရှုမဝတော့၍လွှတ်ပေးဖို့ပြောလိုက်သည်။

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now