အပိုင်း ( ၃)

169 15 0
                                    

လီရှင်းရန်ရဲ့ရှေ့မှာ အနက်ရောင်ဝတ်စုံနဲ့ လူငယ်တစ်ယောက်ပေါ်လာပီး                      '' သခင် ကျွန်တော်က စည်းမျဉ်းတေ ပါ ''
    ပြောပီး လီရှင်းရန်ကို ဉီးညွှတ်လိုက်တယ်
လီရှင်းရန်က လက်ကိုဝှေ့ယမ်းလ်ုက်ပီး
   '' မင်းနာမည်က အခုကစပီး လီချန်းဖြစ်သွားပြီ နောက်ဆိုရင် ငါ့ကို သခင်လေးလို့ပဲခေါ်ပါ ''
    '' ဟုတ်ကဲ့ပါ သခင်လေး ''
    '' ကောင်းပြီ လီချန်း ငါက စည်းမျဉ်းအရှင်သခင်ဖြစ်လာပေမဲ့ အဲအလုပ်တေကို ငါမလုပ်နိုင်သေးဘူး အဲတော့ မင်းက အစားလုက်ပေးရမယ် ငါကတော့ လုပ်စရာရှိတာလုပ်ရတော့မယ် မင်းအကူအညီလိုအပ်တယ်  ချန်း ''
    '' ရပါတယ် သခင်လေး ကျွန်တော့်ကိုသာ အပ်ထားလိုက်ပါ ''
    '' အဲတာဆို မသေမျိုးတေအတွက် ကမ္ဘာအပြင်ကိုထွက်ချင်ရင် တာဝန်ထမ်းဆောင်သူအဖြစ်ပဲထွက်လို့ရတယ် တာဝန်မထမ်းဆောင်ပဲထွက်တဲ့သူက အပြစ်ပေးခံရမယ် တာဝန်တေခွဲဝေဖို့ကတော့ မင်းပဲစီစဉ်လိုက် ''
    '' ဟုတ်ကဲ့ပါ သခင်လေး ''
     '' မသေမျိုးနန်းတော်ရဲ့ ကာကွယ်သူတေနဲ့ လက်အောက်ခံ ဗိုလ်ချူပ်တေ အရာရှိတေကို ဆင့်ခေါ်ထားလိုက်  အခုတော့ ငါသွားစရာလေးရှိသေးတယ် ''
လီရှင်းရန် လီချန်းကို မှာစရာရှိတာမှာလိုက်ပြီး လီအင်ပါယာကို ထွက်လာခဲ့တယ် သူ့ရဲ့ မိသားစုကို အကြောင်းကြားဖို့လိုအပ်တယ်လေ.. လီအင်ပါယာ လီနန်းတော်တွင်.ဘိုးဘေးခန်းမတွင် လီမိသားစုဝင်တေအကုန် စုဝေးနေကြတယ် မိသားစုခေါင်းဆောင် အပါအဝင် နှစ်ပေါင်းများစွ လူရှေ့မထွက်တဲ့ ဘိုးဘေးတေလဲ ရှိနေကြတယ်..
   '' ငါတို့မိသားစုရဲ့ ပါရမီရှင်က စည်းမျဉ်းအရှင်သခင်ဖြစ်သွားတာ ဂုဏ်ယူစရာပဲ ''
အဖြူရောင်မုတ်ဆိတ်မွှေးတေကို လက်နဲ့သပ်နေတဲ့  အဘိုးအိုတစ်ယောက်က ဝမ်းသာအားရပြောလေသည်. ထို့နောက်ခေါင်းဆောင်နေရာမှာ ထိုင်နေတဲ့လူကပြောလိုက်တယ်
      '' ဒါပေါ့ သူက ဘယ်သူ့သားမိုလို့လဲ ကျွန်တော့်သားလေ ဟဲ ဟဲ ''
     ''ကောင်စုပ်လေး  အဲဒါ ငါ့မြေးဟ ငါနဲ့တူတာ ငါ့လိုပဲ မိုးကြိုးလျှပ်စီးတေရဲ့ အရှင်သခင်တစ်ယောက်ပဲလေ ''
     '' အဖေကလဲ သူက ကျွန်တော့်ရဲ့ ချောမောခန့်ညားတဲ့အမွေကို ဆက်ခံထားတာဗျ ''
ခန်းမထဲက လူတေကတော့ သားအဖနှစ်ယောက်ငြင်းခုန်နေတာကြည့်ပြီး ခေါင်းကိုသာယမ်းလိုက်ကြသည် ခုထိ မရင့်ကျက်ကြသေးဘူး တကယ်ပါပဲ
ထိုအချိန် ဘိုးဘေးခန်းမထဲ ဝင်လာတဲ့လူတစ်ယောက်ကို လူတိုင်းလှည့်ကြည့်လိုက်ကြတယ် ဒီလူငယ်လေးက သူတို့ မိသားစုရဲ့ အငယ်ဆုံးသခင်လေးဖြစ်သလို စွမ်းအားအကြီးဆုံး လည်းဖြစ်တဲ့ သခင်​းေလီရှင်းရန် ဆိုတာ သူတို့အားလုံးသိကြတယ်.
လီရှင်းရန် ခန်းမထဲရောက်တာနဲ့ သူတို့အားလုံးဖိအားတစ်မျိုးခံစားလိုက်ရတယ်
အဲဒီဖိအားက တမင်သက်သက် ထုတ်လွှတ်ထားခြင်းမဟုတ်ဘဲ စည်းမျဉ်းတေရဲ့ အရှင်သခင်ဖြစ်လာပြီးနောက် အလိုလိုဖြစ်ပေါ်လာတဲ့ အော်ရာ ဖြစ်ပြီး လူအများကို ဒူးထောက်ချင်စိတ်တေဖြစ်ပေါ်လာစေတဲ့ ဖိအားမျိုးဖြစ်တယ်.
    '' စောင့်နေရ​ေစတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ် ''
လီရှင်းရန် ရောက်ရောက်ချင်း တောင်းပန်လိုက်ပြီးတော့ မိသားစုခေါင်းဆောင်နဲ့ ဘိုးဘေးတေဘက်ကို လှည့်ပြီး ပြောလိုက်တယ်
    '' အဖေ အဘိုး နဲ့ ကျန်တဲ့ဘိုးဘေးကို ပြောစရာရှိတယ်  ''
လူတိုင်း သူဘာပြောမလဲသိချင်နေကြကာ ကိုယ်စီနားစွင့်လိုက်ကြတယ်
''  ကျွန်တော် စည်းမျဉ်းတေကို ချုပ်ကိုင်နိုင်ခဲ့ပြီ ''
တစ်ခန်းလုံး အပ်ကျသံမကြားလောက်အောင် တိတ်ဆိပ်သွားသည်. ဒီကောင်လေး စည်းမျဉ်းတေကို ချုပ်ကိုင်ဖို့လုပ်တာ တွေ့လိုက်ကြပေမဲ့ တကယ့ထိန်းချုပ်နိုင်မယ်လို့တော့ ဘယ်သူမှမထင်ကြဘူးလေ ဒါကသာ အမှန်ဖြစ်မယ်ဆိုရင် ဒီကောင်လေးရဲ့ စွမ်းအားက ဘယ်လောက်တောင်မြင့်မားနေပြီလဲ သူတို့မသိတော့ပေ . လူတေအကုန်လုံး အံ့သြထိတ်လန့်သွားကြပေမဲ့ သိပ်မကြာခင်ပဲ ဝမ်းသာကာ စိတ်လှုပ်ရှားကုန်ကြသည်. နောက်ဆုံးတော့ သူတို့ လွတ်လပ်တော့မယ် မသေမျိုးတေဖြစ်ပေမဲ့ ဒီ ကမ္ဘာ​ြကြီးထဲမှာ စည်းမျဉ်းတေရဲ့ ပိတ်လှောင်ခြင်းခံရတယ် တခြား ကမ္ဘာ တေကိုလဲ စည်းမျဉ်းတေက တစ်ဆင့်အုပ်ချုပ်ရတယ် တစ်နည်းဆိုရလျှင် သူတို့က အပေါ်ယံအုပ်ချုပ်သူတေဖြစ်ပြီး တကယ့်အာဏာရှင်အစစ်က စည်းမျဉ်းတေဖြစ်တယ်. 

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now