Arc ( 1.4)

113 16 0
                                    

ကားလေးစီးထဲမှ အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားတဲ့ သက်တော်စောင့်တွေ ဆင်းလာပြီး  အလယ်က ကားရှေ့မှာ တန်းစီလိုက်လိုက်ကြသည် ။ သက်တော်စောင့်ခေါင်းဆောင် နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရှောင်ဟေး က ကားတံခါးဖွင့်ပေး၍ ဉီးညွှတ်လိုက်သည်။ ကားထဲက အဖြူရောင် whisper ရဲ့ နောက်ဆုံးထွက် ဖိနပ်ဒီဇိုးင်းကို တွေ့လိုက်ရသည်။ ထို့နောက်   ကမ္ဘာ ထိပ်တန်း brand တွေထဲက တစ်ခု ဖြစ်တဲ့ LUV ကထုတ်တဲ့ royal prince ဝတ်စုံအဖြစ်လူသိများတဲ့ အဖြူရောင်ရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံနွယ်တွေ နဲ့ အရမ်းကို ချောမောလှပပြီး ဆွဲဆောင်မူရှိတဲ့ ကောင်လေးတစ်ယောက် ဆင်းလာသည် ကိုတွေ့လိုက်ကြရသည်။

ခန်းမထဲက လူတစ်ချို့ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ကောင်လေး ခန်းမထဲ ဝင်လာမှာကို စောင့်ဆိုင်းနေကြသည်။ ဝမ်ယန် တစ်ယောက် ခန်းမထဲက စိတ်လှုပ်ရှားနေတဲ့သူတေကို ကြည့်ပြီး စိတ်ရှုပ်သွားကာ သူ့ဘေးနားက ဝမ်မိသားစုရဲ့ သခင်လေးတစ်ယောက်ကို မေးကြည့်လိုက်သည်။

    " ဟေ့.. အဲဒါဘယ်သူလဲ ဘာလို့ မင်းတို့တွေ စိတ်လှုပ်ရှားနေကြတာလဲ "

ထိုသခင်လေးက သူ့ကို အထင်တသေးစိုက်ကြည့်လိုက်ပြီး
        " ဟမ့်..  မင်းသူ့ကိုတောင် မသိဘူးလား
အေးပေါ့လေ မင်းကခုမှ တောကတက်လာတဲ့ ငတုံးပဲ တတိယဉီးလေးက သနားလို့ခေါ်လာတဲ့ တရားမဝင်သား ဆိုတော့ မြို့က တကယ့် အာဏာရှင်တွေကို ဘယ်သိမလဲ "

သူ့မေးခွန်းကို မဖြေပဲနဲ့ အရင်ဆုံး လှောင်ပြောင်တဲ့စကား ထွက်လာတဲ့အတွက်
စိတ်တိုသွားသော်လည်း သည်းခံပြီး မျက်နှ.မပျက်အောင် ထိန်းထားလိုက်သည်။ ခုတော့ လှောင်ထားအုန်းပေါ့ နောက်မှ မင်းကို သင်ခန်းစာပေးပြစ်မယ် မှတ်ထားလိုက် လက်သီးကိုတင်းတင်းဆုပ်ထားပြီး လူသတ်လို့တဲ့ အငွေ့အသက်တွေ ကိုထိန်းချုပ်လိုက်သည်။

ကံကောင်းစွာပဲ ထိုသခင်လေးက သူသိကြောင်းကြွားချင်၍ပဲလား မသိဘူး သူ့ရဲ့ မေးခွန်းကို ပြန်ဖြေလာသည်။

    " အဲဒီလူက လီမိသားစုရဲ့ ဒုတိယသခင်လေး လီရှင်းရန် ပဲ သူက အသက်ငယ်ငယ်လေးရှိသေးပေမဲ့ မြေအောက်လောကရဲ့ အကောင်ကြီးဖြစ်နေပြီလေ အစိုးရကတောင် သူ့ကိုသွားမထိရဲဘူး ပြီးတော့ ပထမအိမ်တော်ကို ဆန့်ကျင်မိမှာ ကြောက်တာကြောင့်လဲပါမှာပေါ့ .ဒီမှာ ငါမင်းကို သတိပေးလိုက်မယ်နော် မင်းသူ့ကို ရန်သွားမစမိစေနဲ့ အကယ်၍သွားရန်စမိလို့ ဒုက္ခ ေရာက်ရင် မင်းတင်မကဘူး တို့တစ်မိသားစုလုံး လွတ်မှာမဟုတ်ဘူး "

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now