Arc ( 1.1 )

145 10 0
                                    

​ကြီးကျယ်ခမ်းနားတဲ့ အပြင်အဆင်တွေနဲ့ ဧည့်ခန်းကျယ်ကြီးထဲက အီတလီက အကန့်အသတ်နဲ့ထုတ်တဲ့ ဆိုဖာကြီးပေါ်မှာ အသက် ၁၅ ၁၆ အရွယ် ကောင်လေးတစ်ယောက်ထိုင်နေသည်။ မှိန်းနေပုံရတဲ့ မျက်ဝန်းတစ်စုံက ပွင့်လာပြီး ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လ်ိုက်သည် ။
'' အင်း.. ဒါဘယ်နေရာလဲ ချန်း မင်းဘယ်မှာလဲ ထွက်လာခဲ့ ''
'' သခင်လေး ကျွန်တော် ဒီမှာပါ ''
အသံပဲကြားရပြီး လူမတွေ့တဲ့ချန်းကြောင့်
" ဘယ်မှာလဲဟ မတွေ့ဘူး "
" ကျွန်တော်က သခင်လေးဝိညဉ်နဲ့ ကပ်ပါလာတဲ့အတွက် သခင်လေးရဲ့ စိတ်ထဲမှာပါ "
" အိုး.. ကောင်းပြီ ငါ့ကို ဒီ ကမ္ဘာအကြောင်းပြောတော့ "
"ကျွန်တော် အချက်အလက်တွေကို သခင်လေးခေါင်းထဲ ထည့်ပေးလိုက်မယ် "

ထို့နောက်ခေါင်းထဲကို အချက်တွေ စုပြုံဝင်လာပြီး ခေါင်းကထိုးကိုက်လာသည့်အတွက် ခဏမှိန်းလိုက်ရသည်။ အချက်အလက်တွေအရ ဒီ ကမ္ဘာက အဆင့်နိမ့် ကမ္ဘာတစ်ခုဖြစ်ပြီး ချိစွမ်းအားအရမ်းနည်းပြီး မရှိသလောက်ပဲ ။ အဲဒါကြောင့် ကျင့်ကြံသူတွေ သိပ်မရှိဘဲ ရှိတဲ့သူတွေကလဲ အနည်းငယ်သောသူတွေဖြစ်ပြီး အဆင့်နိမ့်ကျင့်ကြံသူတွေဖြစ်သည်။ မူလကိုယ် နဲ့ပတ်သတ်ပြီးပြောရရင် မူလကိုယ်ရဲ့ နာမည်က လီရှင်းရန်ဖြစ်ပြီး သူ့နာမည်နဲ့အတူတူပဲ လီရှင်းရန်က လီမိသားစုရဲ့ အဓိကမိသားစုခွဲလေးခုထဲက ဒုတိယအိမ်တော်ရဲ့ သခင်လေးဖြစ်တယ် အိမ်တော်ခွဲဆိုပေမဲ့ သာမန်အိမ်တော်အခွဲလေးတွေမဟုတ်ပဲ ပင်မလီမိသားစုရဲ့ သခင်လေးလေးယောက်က မိသားစုနေရာ ဆက်ခံဖို့အတွက်အဓိက အိမ်တော်လေးခုဆိုပြီး ခွဲထွက်လာခြင်းဖြစ်သည်။ အာဏာချင်း ယှဉ်ပြိုင်းရင်းကနေ ခုချိန်ထိကို ဘယ်သူကပိုအာဏာရှိမှန်းမသိတဲ့အတွက် မိသားစုခေါင်းဆောင်နေရာကိုဘယ်သူမှ မဆက်ခံရသေးပေ။ ပင်မလီမိသားစုက အရှေ့ဘက်ပြည်နယ်မှာရှိပြီးတော့ လီမိသားစုခွဲတွေကတော့ တရုတ်ပြည်မှာ ရှိတယ်။ အရှေ့ဘက်ပြည်ဆိုတာ သာမန်လူတွေ ဝင်ခွင့်မရှိပဲ့ ကျင့်ကြံသူတွေနဲ့ သိုင်းပညာရှင်တွေသာ ဝင်ခွင်ရှိတဲ့ ပြည်နယ်ဖြစ်သည်။

တရုတ်ပြည်မှာ အာဏာအရှိဆုံးနဲ့ အချမ်းသာဆုံး မိသားစု ၅ ခုရှိပြီး ပေကျင်းမှာ ရှိကြတယ် ။ လီမိသားစုက နံပါတ်တစ်ဖြစ်ပြီးတော့ စွမ်းအားအကြီးဆုံးဖြစ်သည်။ ကျန်တဲ့ မိသားစုလေးခုဖြစ်တဲ့ ဝမ် ၊ ရှောင် ၊ လင်း ၊ရွမ် မိသားစုတွေကတော့ စွမ်းအားက မတိမ်းမယိမ်းဖြစ်ပြီး အားပြိုင်နေကြသည်။ လီမိသားစု ပထမအိမ်တော်က နဲ့ ဒုတိယအိမ်တော်က ပေကျင်းမှာဖြစ်ပြီး ပထမမိသားစုက အလင်းထဲမှာရှိပြီး ဒုတိယအိမ်တော်က အမှောင်ထဲမှာဖြစ်သည်။

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now