Arc 1.2

119 12 0
                                    

    '' ချန်းရေ ဒီ ကမ္ဘာရဲ့ စည်းတွေနဲ့ ချိန်ဆက်လိုက် အဲဒါမှ ငါရှာချင်တဲ့သူကို ရှာလို့ရမှာ "
    " ချိတ်ဆက်ပြီးပါပြီ သခင်လေး ဒါပေမဲ့ သခင်ကို ရှာမယ်ဆိုရင်ရင် စည်းမျဉ်းတွေကနေတစ်ဆင့် ရှာလို့မရနိုင်ပါဘူး "
    " ဘာလို့လဲ စည်းမျဉ်းတွေက ငါ့အတွက် တတိယမျက်လုံးလိုပဲလေ ဒီ ကမ္ဘာရဲ့ ဘယ်နေရာမဆို ငါမျက်လုံးအောက်မှာပဲလေ ဘာလို့ သူ့ကိုမရှာနိုင်ရမှာလဲ "
   " မရပါဘူး သခင်လေး ချတ်ဆက်မူ လူချင်းတွေ့မှ သိနိုင်မှာပါ သခင်လေးရဲ့ ခံစားချက်အရလဲ သိနိုင်ပါတယ် "
    " အော်.. အဲတော့ ငါက သူ့ကိုတွေ့ဖို့ကြာအုန်းမှာပေါ့ ဒါပေမဲ့ ငါသူ့ကိုတွေ့ချင်နေပြီး "

ပြောရင် အသံကတိမ်ဝင်သွားပြီး နောက်ဆုံးစာကြောင်းမှာ တစ်ကိုယ်တည်းကြားရုံလောက် တိုးလျသွားသည်။
   " သခင်လေး ကျွန်တော်ကို စိတ်ထဲကနေပြောလဲ ရပါတယ် အပြင်မှာထုတ်မပြောပါနဲ့ တော်ကြာ ရူးနေတယ်ထင်နေအုန်းမယ် "
    " အေးပါဟ ငါသိပါတယ် ခဏလောက်တိပ်တိပ်လေးနေပေးပါလား ငါစိတ်အခြေအနေကောင်းမနေဘူးနော် ဟွန့် "

နှာမှုတ်သံနဲ့အတူ မကျေမနပ်ဖြစ်နေတဲ့ မျက်နှာကြီးက ဆူပုပ်နေမှန်း မှန်မကြည့်ရင်တောင် ကိုယ့်ဟာကိုယ်တော့ သိတယ် ။
ချန်းကလဲ အကျင့်မကောင်းဘူး သူများက ဝမ်းနည်းနေတာကို နှစ်သိမ့်ပေးမယ်မရှိဘူး လှောင်တောင် လှောင်လိုက်သေးတယ် ချူဖုန်းဟန် ခင်ဗျား ကျွန်တော်ကို ဝမ်းနည်းအောင်လုပ်တယ် တွေ့လို့ကတော့ အနိုင့်ပြစ်မယ် ဟင်း လီရှင်းရန်တဲ့ ဘာမှတ်နေလဲ ။

အနက်ရောင် ဝတ်စုံပြည့်ဝတ်ထားတဲ့ သက်တော်စောင့်တစ်ယောက်ရောက်လာပြီး လီရှင်းရန်ကို ပြောလိုက်သည်။

    " သခင်လေး ပထမအိမ်တော်က ညစာစားပွဲလုပ်ဖို့ ဒုတိယအိမ်တော်ကို ဖိတ်ထားပါတယ် သွားတော့မလား "
    " ဘာအတွက်လဲ "
    " သခင်လေးမေ့သွားပြီလား ပထမအိမ်တော်သခင်ရဲ့ ဝန်ကြီးချုပ်ရာထူး တိုးတဲ့ အထမ်းအမှတ်လေ "
    " အာ... ဟုတ်သားပဲ သွားရမှာပေါ့ အကုန်လုံးစီစဉ်ထားလိုက် ငါအဝတ်အစားလဲပီး ဆင်းလာခဲ့မယ် "

အပေါ်ထပ်တက်လာပြီး အခန်းထဲဝင်လိုက်တော့ လူတစ်ရပ်ထက်မြင့်တဲ့ အဝတ်ဗီဒို အရှည်လိုက်ကြီး ကိုတွေ့လိုက်ရသည်။ အလယ်မှာ king size ခုတင်ကြီးတစ်လုံးရှိပြီး ဘယ်ဘက်မှာတော့ မှန်တင်ခုံတစ်ခုနဲ့ skincare တွေတင်ထားပြီးတော့ ရေချိုးခန်း သန့်စင်ခန်းကို တွေ့ရတယ်။ ညာဘက်မှာတော့ အဝတ်ဗီဒိုကြီးတစ်ခုရှိပြီး နှစ်ခြမ်းခွဲထားတယ် ပွဲတက်ဝတ်စုံနဲ့ ထသွားထလာဝတ်တဲ့ ဝတ်စုံ ဆိုပြီး ခွဲထားတယ် ။ အောက်ဖက်မှာတော့ ဖိန်ပ်စင်တစ်ခုရှိပြီး မတူညီတဲ့ ဘရန်းတွေရဲ့ တံဆိပ်တွေနဲ့ ဖိနပ်တွေကို အစီအရီ စီတန်းထားပြီး သပ်သပ်ရပ်ရပ်ဖြစ်သည်။ ငါရောက်နေတာ အိပ်ခန်းလား ရှော့ပင်းမောလား တောင် တွေးမိသွားသည်။
အဝတ်အစားတွေချွတ်ပြီး ရေချိုးခန်းထဲဝင်လိုက်သည်။ မှန်မှာ ပေါ်နေတဲ့ သူနဲ့မရင်းနှီးတဲ့ ကိုယ်ခန္ဓာကို မြင်လိုက်ရပြီး သူ့လို ငွေဖြူရောင်ဆံနွယ်တွေ ရှိပြီး  မျက်ဝန်းတွေက မက်မွန်ပွင့် သဏ္ဍန် မျက်ဝန်းနဲ့ လူတစ်ယောက်ကို မျက်ဝန်းချက် ပင့်ကြည့်လိုက်ရုံနဲ့ အဲလူ အကြည့်မလွဲနိုင်လောက်တဲ့ စွဲဆောင်မူမျိုးနဲ့ ညို့ငင်နိိုင်စွမ်း အပြည့်ရှိတဲ့ မျက်ဝန်းကို ပိုင်ဆိုင်ထားသည်။ မိန်းကလေးတွေလို ေကာ့ညွှတ်နေတဲ့ မျက်တောင်မျိုးမဟုတ်ဘဲ ရှည်ရှည်စင်းစင်းလေးနဲ့  မျက်တောင်တစ်ခါခတ်လိုက်တိုင်း ကြည့်ကောင်းနေတာမျိုးဖြစ်သည်။ နှာတံ စင်းစင်းလေး၊ နှုတ်ခမ်းဖူးဖူးလေး တစ်စုံ နှင့်အတူ သွယ်လျတဲ့မျက်နှာလေးက နတ်ဘုရားတစ်ပါး ဖန်တီးထားသလို လှပလွန်းနေသည် ။ အင်း.. ငါ့လောက် မချောပေမဲ့ မဆိုးပါဘူး ။ ရေချိုးပြီး အဝတ်အစားလဲဖို့အတွက် အဝတ်ဗီဒိုထဲကနေ အဖြူရောင် suit တစ်စုံကို ယူပြီးလဲလိုက်သည် ။ skincare နည်းနည်းပါးပါးလိမ်းပြီး
ဆံပင်ကို ​ေသသပ်အောင်ပြင်ဆင်လိုက်သည်။ ဒီနှစ်မှ အဂ်လန် ရဲ့ တော်ဝင်မိသားစုလေလံပွဲကနေ အနိုင်ရထားတဲ့ ရွှေရောင် ဇာမဏိပုံစံ ရင်ထိုးလေးကို ထိုးလိုက်ပြီး အောက်ထပ်ဆင်းလာခဲ့သည်။ သက်​ေတာ်စောင့်တွေ စီစဉ်ထားတဲ့ ကားအတန်းလိုက်ရပ်ထားတဲ့နေရာဆီ လျှောက်လာခဲ့ပြီး ကားတံခါးရှေ့ရပ်လိုက်ကာ ကားတံခါးဖွင့်ပေးမှာစောင့်နေလိုက်သည်။ ခဏကြာလို့မှ ကားတံခါးလာမဖွင့်လို့ ဘော်ဒီဂတ် တွေဆီ ကြည့်လိုက်တော့ သူတို့က ငမ်းလို့ကောင်းတုန်းရှိသေးတယ် အာ..ငါချောမှန်းသိပေမဲ့ ဒီလိုကြီး ရုပ်ပျက်ဆင်းပျက်တော့ မငမ်းသင့်ပါဘူးနော်
      " အဟမ်း... မင်းတို့ကြည့်လို့ဝပြီလား "

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now