Arc( 1.5)

119 16 0
                                    

     "ချန်း​ေရ သူကငါ့ချစ်သူ ဟုတ်တယ်မလား "
  တိတ်ဆိတ်နေတဲ့ ချန်းကြောင့် ရင်ထိပ်သွားကာ ထပ်မေးမည်အပြု ပြန်ဖြေလာတဲ့ ချန်းကြောင့် စိတ်အေးသွားရသည်။
     " ဟုတ်ပါတယ် သခင်လေး အဲလူက သခင်ချူဖုန်းဟန်ပါ "
     " အဲဒါကြောင့် သူ့ကိုမြင်တာနဲ့ ငါရင်တွေခုန်နေတာ ဖြစ်မယ် ဟားဟား နောက်ဆုံးတော့ ခင်ဗျားကိုတွေ့ပြီ ချူဖုန်းဟန် "

စိတ်ထဲမှ ချန်းကိုပြောနေရင်း ဘာကြောင့်မှန်းမသိ ငိုချင်လာသည်။ ​ ကြည့်နေရင်း သူငိုချလိုက်ပြီး ဒီလူကြီးရဲ့ ရင်ခွင်ထဲ ပြေးဝင်ဖက်လိုက်တော့သည်။

လီချူးဟန် သူ့ညီငယ်လေးက သူ့ကိုငေးကြည့်နေတာသိပေမဲ့ ရုတ်တရက်ကြီး မက်မွန်ပွင့် လိုလှပတဲ့ မျက်ဝန်းတစ်စုံက မျက်ရည်တို့ဖြင့်ပြည့်လျှံလာကာ သူ့ကိုပြေးဖက်တော့သည်။ လီချူးဟန် ရုတ်တရက်ဖြစ်၍ ကြောင်သွားကာ တစ်ကိုယ်လုံး ကျောက်ရုပ်လိုဖြစ်သွားသည်။အသားချင်းထိတာမကြိုက်တဲ့ သူတစ်ယောက်ဖြစ်သော်လည်း ထူးဆန်းစွာပင် လူတစ်ယောက်လုံးက သူ့တစ်ကိုယ်လုံး သူ့ထံပြစ်ဝင်လာတာတောင် ရွံရှာစိတ်မဖြစ်တဲ့အပြင် ဒီကောင်လေးငိုနေတဲ့ မျက်ဝန်းတွေကိုကြည့်ပြီး သနားကာနှစ်သိမ့်ပေးချင်မိသည်။ ကောင်လေး မျက်ရည်ကျတာ သူမမြင်ချင်ပေ ​ဘာ့ကြောင့်မှန်းမသိ သူလေးမျက်ရည်တွေကိုမြင်ရရင် ရင်ထဲ နာကျင်သလိုခံစားနေရတယ် ဘာ့ကြောင့်ပါလိမ့် ။

လီရှင်းရန် တစ်ဖက်လူရင်ခွင်ထဲမှာအတန်ကြာ ငိုနေပြီးမှ သတိပြန်ဝင်လာကာ ဒီလူကြီးက မှတ်ညဏ် မရှိတော့ဘူးဆိုတာ သတိရသွားသည်။ သူ့အကိုကြီးရင်ခွင်ထဲကနေ ထွက်လိုက်ပြီး မျက်ရည်တွေသုတ်လိုက်ကာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။

လီချူးဟန် သူ့ရင်ခွင်ထဲက အကောင်ပေါက်လေးထွက်သွားတော့ ရင်ထဲဟာခနဲ့ဖြစ်သွားကာ ပြန်ဆွဲဖက်ချင်နေတဲ့ လက်တွေကို ချုပ်တည်းထားလိုက်သည်။ ထို့နောက် သူ့ရှေ့က နားရွက်ကလေးတွေနီပြီး ခေါင်းမဖော်ဝံ့တဲ့ ကလေးလေးကိုကြည့်လိုက်ပြီး ချစ်စရာလေး ဟုတွေးလိုက်မိသည်။

    " ကဲ..ဘာဖြစ်တာလဲ ရှင်းအာ ကိုယ့်ကိုပြောပါအုန်း ဘာဖြစ်လို့ငိုနေတာလဲ ကလေးကို ဘယ်သူအနိုင်ကျင့်တာလဲ အကိုကြီးက လက်စားချေပေးမယ်ဟုတ်ပြီလား  လာ..ဒီမှာထိုင်ပြီးအေးဆေးပြော "

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now