Arc ( 1.7)

115 14 0
                                    

လီရှင်းရန် ဝမ်ဟယ်တိ တို့ဝိုင်းကိုလျှောက်လာပြီးနောက် လွတ်နေတဲ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ဘေးက ရှောင်ချင်းချန် က
သူ့ကိုသစ်သီးဝိုင်တစ်ခွက်ပေးလာပြီး
" ရှင်းရန် မင်း..မင်းအကိုကြီးဆီသွားတာလား မင်းတို့မရင်းနှီးဘူးလို့ ငါတို့ထင်ထားတာ "

သစ်သီးဝိုင်ကို တစ်ငုံလောက်သောက်လိုက်ပြီး လီရှင်းရန် ထိုလေးယောက်လုံးကိုမော့ကြည့်လိုက်သည််။ သိချင်စိတ်နဲ့ စိတ် ရှုပ်ထွေးမူတို့ပြည့်နေတဲ့ မျက်ဝန်းလေးစုံက သူ့ကိုကြည့်နေတာတွေ့လိုက်ရတော့ သောက်ထားတဲ့သစ်သီးဝိုင်ကို လည်ချောင်းထဲ အတင်းမြိုချလိုက်ကာ
" အကိုကြီးနဲ့ ငါက ငယ်ငယ်တုန်းကပဲနှစ်ခါ သုံးခါလောက် ဆုံဖူးတာ အဲဒါကလဲ အဘိုးရဲ့ မွေးနေ့ပွဲနဲ့ မိသားစုတွေဆုံညီ ပွဲတွေ မှာပဲတွေ့ဖြစ်တာ အဲတုန်းက စကားတောင်သေချာမပြောဖြစ်ဘူး ဒါပေမဲ့ သူကငါ့အကိုကြီးပဲလေ အဲတော့ ငါတို့နှစ်ယောက်က မရင်းနှီးရင်တောင် ညီအကိုတွေဆိုတာ မမေ့ကြနဲ့အုန်း "

ထိုအခါမှ လေးယောက်လုံး ခေါင်းညိတ်လိုက်ကြပြီး ထောက်ခံလိုက်ကြသည်။ ထို့နောက် ဝမ်ဟယ်တိ ဘက်လှည့်ကာ ကြည့်လိုက်ကြသည်။ ဝမ်ဟယ်တိတစ်ယောက် သူ့ဘက်တစ်ပြိုင်တည်း လှည့်ကြည့်တဲ့သူတွေကြောင့် သောက်လက်စ ဝိုင်တောင် သီးတော့မလိုဖြစ်သွားကာ
" မင်းတို့ ဘာသိချင်ကြပြန်ပြီးလဲဟ "
ဝိုင်ခွက်ကိုချပြီး မေးလိုက်သည်။
ရွယ်ရှန့်လင်က.. " မင်းတို့ ဝမ်မိသားစုမှာ တရားမဝင်ကလေးတစ်ယောက် ရောက်နေတယ်ဆို ဘယ်လိုဖြစ်တာလဲ မိသားစုကြီးတွေက တော်ရုံဆို တရားမဝင်သားသမီးတွေ ခေါ်သွင်းလို့မရဘူးမို့လား "
ချန်ကျင်း ကလဲ " ငါလဲအဲဒါသိချင်နေတာ မင်းတို့မိသားစုခေါင်းဆောင်က လက်ခံတယ်လား "

ဝမ်ဟယ်တိ မျက်လုံးတွေက စူးရှသွားကာ ဒေါသအရိပ်အယောင်များ ဖြတ်သွားသည်ကိုမြင်လိုက်ရသည်။
" ဟမ့်...ငါ့အဖေ နဲ့ ကျန်တဲ့သူတွေကတော့ ဘယ်လက်ခံချင်မလဲ ဒါပေမဲ့ တတိယဉီးလေးက အဘိုးကို ဘယ်လိုစည်းရုံးလိုက်လဲမသိဘူး အဘိုးကလက်ခံဖို့ အမိန့်ထုတ်လိုက်တယ်လေ ကြည့်ရတာ အဲဒီတရားမဝင်သားကလဲ အစွမ်းအစရှိသားပဲ အဘိုးကတောင် မိသားစုဝင်တွေက် ဆန့်ကျင်ပြီး မိသားစုထဲလက်ခံလိုက်တာဆိုတော့လေ "
လီရှင်းရန် တင်းမာပြီးမကျေမနပ်ဖြစ်နေတဲ့ ဝမ်ဟယ်တိရဲ့ မျက်နှာထားကိုကြည့်လိုက်ပြီး
" တကယ်ဆို မင်းမကျေမနပ်ဖြစ်စရာမလိုပါဘူး သူကမထိုက်တန်ဘူးလေ "

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now