Arc (1.8 )

116 13 0
                                    

လူတိုင်း အသံလာရာ လှည့်ကြည့်လိုက်တော့ ဝမ်မိသားစုရဲ့ တတိယသခင် ဝမ်ယို ကို​ေတွ့လိုက်ရသည်။ တစ်ချိန်တည်း တွေးမိလိုက်တာက သူတို့ ပွဲကြီးပွဲကောင်းကြည့်ရတော့မယ်ဆိုပြီး လူတချို့ရဲ့ မျက်ဝန်းတွေက အတင်းအဖျင်းတွေနဲ့ ပြည့်လာကာ တစ်ချို့က ဖရဲစေ့ စားဖို့တောင် နေရာယူနေ ကြပြီဖြစ်သည်။ ဝမ်ယို သူ့သား ဝမ်ယန်ကို ချုပ်ထားတဲ့ ဝမ်ဟယ်တိ ဆီကို လျှောက်လာကာ ထပ်ပြောလိုက်သည်။
" ရှောင်ဟယ် သူ့ကိုလွှတ်ပေးလိုက်.. သူက မသိနားမလည်တာ မှန်ပေမဲ့ တစ်ချို့လူတွေက အရင်စတယ်ဆိုတာ သိသာတယ် သူ့ကိုပဲ အပြစ်တင်လို့မရဘူးလေ "
ဝမ်ယို က ဝမ်ယန်နဲ့ ရန်ဖြစ်တဲ့ ဝမ်ဟုန် ကို ကြည့်ပြီးပြောလိုက်သည်။ ဝမ်ဟုန် သူ့ကိုကြည့်ပြီး အပြစ်တင်လာတဲ့ ဝမ်ယိုကြောင့် အံကြိတ်လိုက်ကာ ..
" ကျွန်တော်တို့က စနောက်နေကြတာပါ ဘယ်လိုလုပ်ရန်ဖြစ် ရမှာလဲ ပြီးတော့ သူက အဲလောက်တောင် စနောက်လို့မရအောင် ဘဝင်မြင့်နေမယ်လို့ထင်မထားဘူးလေ "
ဝမ်ယန်ကို ကြည့်လိုက်ပြီး ပြန်အပြစ်တင်လိုက်သည်။
ဝမ်ဟယ်တိက ဝမ်ယန်ကိုချုပ်ထားတာ လွှတ်လိုက်ပြီး..
" တတိယဉီးလေး ဒါက လူငယ်တွေကြားက ကိစ္စ ပါ ဉီးလေးတို့လို လူကြီးတွေ ဝင်ပါစရာမလိုဘူးလို့ ထင်တယ် "
ဝမ်ယိုရဲ့ မျက်နှာမှာ ဒေါသအရိပ်အယောင်ထွက်ပေါ်လာကာ ..ဝမ်ဟယ်တိကို လက်ညိုးထိုးလိုက်ကာ..
" မင်း... ရှောင်ဟယ် ဒါက မင်းထက်အကြီးတစ်ယောက်ကို ပြောလိုက်တဲ့စကားလား
ဒါက လူငယ်တွေ ကြားထဲက ကိစ္စ ဆိုတာ ငါသိတာပေါ့ ဒါပေမဲ့ သူကငါ့သားလေ ငါက သူ့ကိုခေါ်လာတာ အဲတော့ မင်းတို့ သူ့ကို သဘောမကျရင်တောင် ငါ့ကိုတော့ မျက်နှာသာပေးသင့်တယ် "
" ဟမ့်..မျက်နှာသာပေးရမယ် ကျွန်တော်ဉီးလေးကို မျက်နှာသာပေးချင်ပေမဲ့ မိသားစုထဲက လူတွေက မပေးချင်ကြဘူးလေ ပြီးတော့ ဉီးလေးမှာ တရားဝင်သားသမီးမရှိလို့ ဆက်ခံမဲ့သူရှာချင်ရင်လဲ မိသားစုထဲခေါ်သွင်းမဲ့လူကို သေချာရွေးချယ်သင့်တယ် ခုတော့ ယဉ်ကျေးမူမရှိတဲ့ အရိုင်းအစိုင်းတစ်ယောက်ကို ခေါ်လာတာတော့ မကောင်းပါဘူး "
ဝမ်ယန် သူ့ကိုပြောဆိုနေတဲ့ ဝမ်ဟယ်တိကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲမှာ သတ်ဖြတ်လိုစိတ် ပေါ်လာပေမဲ့ ထိန်းချုပ်လိုက်သည်။ အချိန်မတန်သေးဘူး.. ငါ ဒီမိသားစုကို အသုံးချစရာရှိသေးတယ် အခုတော့ မင်းကိုလွှတ်ထားလိုက်မယ် အချိန်ကျရင်တော့ မင်းလည်း သေရမယ် ဟမ့် သာမန်သေမျိုးလေးတွေက ငါ့ကို ဖိနှိပ်နိုင်မယ်ထင်နေတာလား ငါရဲ့ အရင်ဘဝက ကျင့်ကြံဆင့်တွေ ပြန်မရသေးပေမဲ့ ငါရဲ့ ဧကရာဇ်အဆင့် စိတ်ဝိညာဉ်စွမ်းအားနဲ့ ခုလက်ရှိ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ၈ နဲ့ဆိုရင် ဝမ်ဟယ်တိလို အစစ်အမှန် သိုင်းအဆင့် တစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်တယ် အခုချိန်က သူဝမ်မိသားစုကို ရောက်ကာစမိုလို့ အကုန်လုံးကို မဆန့်ကျင်နိုင်သေးဘူး ကျောင်းသိုင်းပညာ ပြိုင်ပွဲကျမှ သူ့ကိုအထင်သေးတဲ့လူတွေကို ရိုက်ချပြစ်မယ် ဝမ်ယန် ကိုယ့်အတွေးကို ကျေနပ်နေတော့သည်။ ဝမ်ယို သူ့ဘေးက ဘာမှဝင်မပြောဘဲ ခေါင်းငုံ့နေတဲ့ ဝမ်ယန်ကြောင့် စိတ်နည်းနည်းပျက်သွားကာ သံသယဝင်သွားမိသည်။ ဒီကလေး ဘာလို့အဲလောက်ပျော့ညံနေရတာလဲ ကျန်းယင်မြို့မှာတုန်းကတော့ ရဲရင့်ပြီး ထူးချွန်ထက်မြတ်တဲ့ ကောင်လေးမဟုတ်လား အခုတော့.. သူထင်တာများ မှားသွားတာလား..
ဝမ်ဟယ်တိ ဝမ်ယိုကိုကြည့်ပြီး
" တတိယဉီးလေးကို သတိပေးရအုန်းမယ် အခု ပြသာနာ ဝမ်ဟုန်တစ်ယောက်တည်းတင်မဟုတ်ဘူး တခြားမိသားစုရဲ့ သခင်လေးတွေလဲပါတယ် သူတို့နဲ့ ဝမ်ယန်နဲ့ဖြစ်တာဆိုတော့ ဉီးလေး အပြစ်တင်မယ်ဆိုရင် တခြားမိသားစုက သခင်လေးတွေကို စော်ကားသလိုဖြစ်သွားလိမ့်မယ် အဲတော့ ဉီးလေးသေချာစဉ်းစားပါ ဒါ့ကြောင့် ဉီးလေး ဒီလိုမျိုးပွဲတွေမှာ လူဝင်ဆံချင်တယ်ဆိုရင် သူ့ကို ခေါ်မလာပါနဲ့ ကျွန်တော်တို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ် "
ဝမ်ယို တစ်ယောက် သူ့ထက်အငယ်တစ်ယောက်က သူ့ကိုဆုံးမစကားပြောနေတာက သူ့ကိုစော်ကားနေသလိုပဲ ဖြစ်နေတယ် ပြီးတော့ သူက သူ့ကို လူဝင်မဆံ့ဘူးလို့ပြောချင်တာပဲ..
" မင်း...ရှောင်ဟယ် မင်းဘယ်လိုတောင်ရိုင်းစိုင်းနေရတာလဲ  မင်းအဖေသာ မင်းငါ့ကို ဒီလိုတွေပြောတာ သိရင် ဘယ်လိုနေမလဲ ငါသိချင်သွားပြီ "
" အိုး...တတိယဉီးလေးက ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား "
" ဘယ်ဟုတ်မလဲ.. ရှောင်ဟယ်ရ ငါက မင်းကို ဉီးလေးတစ်ယောက်အနေ နဲ့ မင်းအဖေရှေ့မှာ မင်းက သားလိမ်မာလေးဆိုတာ  သိတာပေါ့ "
ဝမ်ဟယ်တိ သူ့ကိုခြိမ်းခြောက်နေတဲ့ ဝမ်ယိုကိုကြည့်ကာ လက်သီးဆုပ်လိုက်ကာ ပြန်ပြောဖို့ပြင်လိုက်ပေမဲ့..
" ဟယ်တိက သူ့အဖေရှေ့မှာတင် လိမ်မာတာ မဟုတ်ပါဘူး သူက လူတွေကို ယဉ်ကျေးစွာ ဆက်ဆံတတ်တယ်လေ သူ့နေရာသူသိတယ် တစ်ချို့လူတွေလို ကိုယ့်နေရာကိုယ်မသိပဲ သူများပိုင်တာ ကို လိုချင်နေတဲ့သူမျိုးမဟုတ်ဘူး ပြီးတော့ သူမယဉ်ကျေးဘူးဆိုတာက အဲလူက မထိုက်တန်လို့လေ "
လူတွေအကုန်လုံး စကားဖြတ်ပြောတဲ့သူဆီကိုကြည့်လိုက်တော့ ဒုတိယသခင်လေး လီရှင်းရန် က လက်ထဲမှာ သစ်သီးဝိုင်ခွက်ကို ကိုင်ပြီး ရပ်နေတာတွေ့လိုက်ရသည်။
ဝမ်ဟယ်တိ သူ့အတွက်ကူပြောပေးတဲ့ သူ့သူငယ်ချင်းကိုကြည့်ပြီး ဒေါသမထွက်တော့ဘဲ စိတ်သက်သာရာ ရသလိုခံစားလိုက်ရ၍ ကျေးဇူးတင်စွာ ကြည့်လိုက်သည်။ တခြားလူဆို ကိစ္စ မရှိပေမဲ့ ခုက သူ့ဉီးလေးဖြစ်ပြီး ဝမ်ိသားစုကလဲဖစ်သည်။ ဆက်ပြောရင် သူကမယဉ်ကျေးရာရောက်သွားလိမ့်မယ် ။
လီရှင်းရန် ဝမ်ဟယ်တိ အခက်အခဲကိုသိတာကြောင့် ဝင်ပြောလိုက်ခြင်းဖြစ် သည်။

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now