Arc ( 1.9)

122 14 0
                                    

ဝမ်ယို တစ်ယောက် သူပြောတဲ့စကားအတွက် လီရှင်းရန်  ဘယ်လိုတုန့်ပြန်မလဲ သိချင်မိ၍ သေချာအကဲခတ်နေစဉ် လီရှင်းရန်ရဲ့ လှပတဲ့မျက်နှာလေးဟာ ညိုးငယ်သွားပြီး မက်မွန်ပွင့် သဏ္ဍန် မျက်ဝန်းတစ်စုံက မျက်ရည် များဖြင့်ပြည့်လာတာ တွေ့လိုက်ရသည်။
ဝမ်ယို "..........."
လူတိုင်း. "............."
လူတိုင်း လီရှင်းရန်ရဲ့ ဒီလို တုံ့ပြန်မူမျိုးကို မမျှော်လင့်ထားသည့်အတွက် အံသြသွားကြသည်။ လီရှင်းရန် လိုမြေအောက်လောကရဲ့ ဆက်ခံသူက ဒီလိုသရုပ်ဆောင်တတ်မှန်းမသိခဲ့ကြပေ။ အခုတော့ သူတို့မျက်မြင်တွေ့လိုက်ရပြီ တကယ်လေးစားစရာပဲ ။
လီရှင်းရန်ရဲ့ လှပတဲ့မျက်ဝန်းတစ်စုံက မျက်ရည်တို့ဖြင့်ပြည့်နေပြီးတော့ ဝမ်းနည်းတဲ့အသံနဲ့ပြောလိုက်သည်။
"  Mr. ဝမ် ခင်ဗျားဘယ်လိုပြောလိုက်တာလဲ ကျွန်တော်က ပထမအိမ်တော်ကို မလေးစားတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အကိုကြီးကလဲ ကျွန်တော်အတွက် စံပြအကိုပဲလေ ဘယ်လိုလုပ်မလေးစားပဲနေနိုင်မှာလဲ ပြီးတော့ ခင်ဗျားခုနကပြောတာ ဘာသဘောလဲ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းပေါ်ကို ခင်ဗျားဆက်ဆံပုံကို အမြင်မတော်လို့နည်းနည်းလေး ဝင်ပြောမိတာလေ အဲဒါကို ဒီလိုပြောတယ်ဆိုတော့ ... Mr.ဝမ်က ပထမလီအိမ်တော်နဲ့ ဒုတိယလီအိမ်တော်ကို ခလောက်ဆန်ချင်​ေနတာလား "
ဝမ်ယို လီရှင်းရန် ဒီလိုမျိုး ပေါ်တင် ပြန်ပြောမယ်လို့မထင်တဲ့အတွက် အမူအရာပျက်သွားကာ ပြန်ငြင်းတော့မလို့လုပ်နေတုန်း..
" ဒီမှာဘာတွေဖြစ်နေကြတာလဲ... "

လီချူးဟန် ရဲ့ အသံကိုကြားလိုက်ရပြီး လူတိုင်းရဲ့ အာရုံစိုက်မူက သူ့ဆီရောက်သွားကာ မျက်လုံးများတောက်ပလာကြသည်။ ဒီနေ့ပွဲရဲ့ အဓိကလူ လီမိသားစုခေါင်း​ဆောင် အပြင် နောက်ထပ်အဓိကလူဖြစ်တဲ့ ဒုတိယမျိုးဆက်တွေရဲ့ စံပြဖြစ်ပြီး ပထမမျိုးဆက်ဖြစ်တဲ့ မိသားစုခေါင်းဆောင်တွေနဲ့တောင် အာဏာချင်းယှဉ်နိုင်တဲ့ လီချူးဟန် ဖြစ်သည်။ သူတို့ဒီနေ့တော့ ဒီလူကို တွေ့မြင်ခဲ့ရပြီ။ စီးပွားရေးလောကရဲ့ အသက်အငယ်ဆုံးဘုရင်ဖြစ်ပြီး အဘက်ဘက်က ထူးချွန်တဲ့ လူငယ်တစ်ယောက်အနေနဲ့ မိသားစုတိုင်းက သမက်တော်ချင်နေကြသူဖြစ်သည်။ လူကြီးပိုင်းတွေရဲ့အတွေးနဲ့မတူညီစွာ မိန်းကလေးတွေကတော့ ဒီလူရဲ့ အေးစက်ပြီး ချောမောခန့်ညားမူက သူတို့အတွက်ရူးသွပ်စေသည်။ ထိုမိန်းကလေးတွေထဲတွင် လင်းမိသားစုရဲ့ သမီးပျို လင်းရင်းအာလဲ အပါအဝင်ဖြစ်သည်။ လင်းရင်းအာတစ်ယောက် လီချူးဟန် ကိုကြည့်တဲ့အကြည့်က တောက်ပနေ ပြီး ပါးနှစ်ဖက်ကအနည်းငယ်နီရဲလာကာ ထိုလူနှင့် စကားဖို့အခွင့်အရေးရှာနေသည်။

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now