Arc ( 1.10 )

117 15 1
                                    

လီရှင်းရန် လီချူးဟန် ဆွဲခေါ်သွားတဲ့ နောက်ကိုလိုက်ရင်း ဆွဲထုတ်ခံလိုက်ရတဲ့ ဝမ်သားအဖ ကိုလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ ဝမ်ယိုတစ်ယောက် လီရှင်းရန် အမူအယာကိုကြည့်ကာ ဒေါသထွက်လွန်းလို့ သူ့ကိုဆွဲထားတဲ့သူတွေသာမရှိရင် ပြေးပြီး လည်ပင်းညှစ်နေလောက်ပြီ ။ လီရှင်းရန် သူတို့ဆီကနေ အကြည့်လွှဲလိုက်ပြီး သူ့ကိုအာရုံမစိုက်တဲ့အတွက် ဒေါသထွက်နေသော ဇာတ်လိုက်မဆီ အကြည့်ရောက်သွားတဲ့အခါမှာတော့ သူ့မျက်ဝန်းတွေက အေးစက်သွားသည်။ အဟက်  ဒီဇာတ်လိုက်မက ငါ့ချစ်သူကိုလိုချင်နေတာပဲ အရင်ဇာတ်ကြောင်းမှာတုန်းက လီရှင်းရန် ကဒီပွဲကိုမလာခဲ့တဲ့အတွက် ဒီအကြောင်းတွေကိုမသိပေ ။ ဇာတ်လိုက်မက ဝမ်ယန်နိမ့်ကျနေတုန်းက စိတ်မဝင်စားပေမဲ့ ဝမ်ယန် သူ့အစွမ်းအစတွေကို ထုတ်ဖော်လာတဲ့အချိန်ကစပြီး စိတ်ဝင်စားသွားတာ ဒါပေမဲ့ လီချူးဟန် ကိုလဲ လက်မလွှတ်နိုင်ဘူးလေ အဲဒါက ဇာတ်လိုက်ရဲ့မခံချင်စိတ်ကိုဆွမိပြီး ညီအကိုနှစ်ယောက်ကြား အထင်လွဲအောင်လုပ်ပြီး ရန်တိုက်ပေးတာ ပေကျင်းမှာ လီမိသားစုကို ယှဉ်တိုက်နိုင်လောက်တဲ့ တခြားအင်အားစုမရှိတဲ့အတွက် သူက ဒုတိယအိမ်တော်နဲ့ ရန်တိုက်ပေးဖို့စီစဉ်လိုက်တာဖြစ်တယ် ။

လီရှင်းရန် ခေါင်းငုံ့ကာ စဉ်းစားနေတဲ့အတွက် အခန်းထဲရောက်လာတာ သတိမထားမိလိုက်ပေ။ လီချူးဟန် သူ့ရှေ့မှာရှိပြီး သူ့ဆီအာရုံမရှိတဲ့ ကောင်လေးကိုကြည့်ပြီး မျက်နှာက ပိုမိုအေးစက်လာသည်။ လီချူးဟန် လက်ကိုကိုင်ထားတာကို လွှတ်လိုက်ပြီး လီရှင်းရန် တစ်ကိုယ်လုံးကို ပွေ့ပြီး အိပ်ယာပေါ်ပစ်တင်လိုက်ကာ အပေါ်က အုပ်မိုးထားလိုက်ပြီး လက်တစ်ဖက်က ဘေးဖက်ကိုထောက်ကာ လက်တစ်ဖက်က လီရှင်းရန်ရဲ့ မေးစေ့ကနေကိုင်လိုက်ပြီး သူနဲ့အကြည့်ချင်းဆုံဖို့ ဖိအားပေးလိုက်သည်။
လီရှင်းရန် ရုတ်တရက်ကြီး အပွေ့ခံလိုက်ရပြီး အိပ်ယာပေါ်ပစ်တင်ခံလိုက်ရမှ သတိဝင်လာပြီး ပြန်ထမယ်လုပ်လိုက်ပေမဲ့ သူ့အပေါ်ကနေ ဖိထားတဲ့လူကြောင့် ပြန်ထလို့မရတော့တဲ့အတွက် လက်လျှော့လိုက်ကာ ဘေးပတ်ဝန်းကျင်ကိုစူးစမ်းဖို့အတွက် ခေါင်းလေးကို စောင်းကြည့်လိုက်သည်။ သို့သော် သန်မာတဲ့လက်တစ်ဖက်ကညသူ့မေးစေ့ကိုကိုင်ကာ အပေါ်က လူရဲ့အကြည့်နဲ့ အတင်းအကြပ်ဆုံစေသည်။
လီရှင်းရန် ထိုလူရဲ့အေးစက်ပြီး နက်မှောင်တဲ့ မျက်ဝန်းတွေကိုကြည့်ပြီး စိတ်ဆိုးနေပြီမှန်းသိလိုက်၍ နှုတ်ခမ်းတစ်စုံက အလှဆုံး ပြုံးလိုက်ပြီး လီချူးဟန် ရဲ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ချိတ်လိုက်ပြီး ခေါင်းကိုမြှင့်ကာ ဖက်လိုက်သည်။ သူ့အပေါ်ကလူ တောင့်တင်းသွားတာကို ခံစားမိလိုက်၍ ရယ်မောလိုက်ကာ နီရဲနေတဲ့နားရွက်ကလေးနားကို ကပ်ပြီးပြောလိုက်သည်။
  " ကောကော..စိတ်မဆိုးပါနဲ့ "

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now