Arc ( 1.12)

107 11 0
                                    


ဝမ်မိသာစုအိမ်တော်
တွင်  ဝမ်ယိုတစ်ယောက် ဒေါသထွက်လွန်းလို့ လက်စားချေနိုင်မဲ့ နည်းကို စဉ်းစားနေသည်။ ဘေးနားမှာ ဝမ်ယန်က ထိုင်နေပြီး ပြောလိုက်သည်။

      " အဖေ..ဘာလုပ်ကြမလဲ.. ခုဏကလူတစ်ယောက် သတင်းလာပို့တာက မြေအောက်လောက က အဖေ့ တရားမဝင်လုပ်ငန်းတွေ ပိတ်ချလိုက်ပြီတဲ့..လီရှင်းရန် လုပ်တာမဟုတ်လား  ..စောင့်ကြည့်နေလိုက် အဖေ  ကျွန်တော် သူ့ကို တစ်ခုခုပြန်လုပ်ပြမယ် "

      " မင်း အခုဘာလုပ်နိုင်မှာမိုလို့လဲ... မင်းသူတို့ကို ပြန်တော်လှန်ချင်ရင် အရမ်းစွမ်းအားကြီးနေမှဖြစ်မှာ.. မဟုတ်ဘူး.. သူတို့ထက် အဆပေါင်းများစွာ စွမ်းအားရှိမှ ရမှာ.. "

     " ကျွန်တော်လည်း ကြိုးစားနေပါတယ် သိပ်မကြာခင် ချိစုဆောင်းခြင်း အဆင့် ၆  ကိုရောက်တော့မယ်လို့ ထင်တယ်.. ဒါပေမဲ့ အဖေ... အရင်းအမြစ်တွေတော့လိုတယ်.. ကျွန်တော် ဘယ်လောက်ပါရမီရှိရှိ ..အစပိုင်းအဆင့်နဲ့ အလယ်ဆင့်က ကွာခြားလွန်းတယ် "
     " အေးပါကွာ...အဖေ့ တရားမဝင်လုပ်ငန်းတွေ ပိတ်လိုက်ရပေမဲ့ တရားဝင် စီးပွားရေးတွေတော့ ရှိပါသေးတယ်ကွ..ပြီးတော့ မင်းအဘိုးကိုသာ ဒီသတင်းပြောလိုက်ရင် သူဝမ်းသာအားရ မင်းကို ထောက်ပံလိမ့်မယ်.. ဝမ်ဟယ်တိ အသက် ၁၆ နှစ်နဲ့ ချိစုဆောင်းခြင်း အဆင့် ၆ ရောက်တုန်းကတောင် မင်းအဘိုးက ဆက်ခံသူအဖြစ် သတ်မှတ်လိုက်တာလေ.. မင်းက ခုမှ အသက် ၁၅ နှစ်ပဲရှိသေးတယ် အဆင့် ၆ ရောက်သွားရင် ဝမ်ဟယ်တိနေရာမှာ အစားထိုးလို့ရပြီး.. "

    "  ဟုတ်ကဲ့ပါ အဖေ ကျွန်တော်ကြိုးစားပါ့မယ် "

ပြောပြီးတာနဲ့ ဝမ်ယန် လက်သီးဆုပ်လိုက်ကာ မျက်လုံးတွေက စူးရှလာသည်။
ဟမ့်.. ငါကဘာလို့ ဒီလိုအမှိုက်တွေနဲ့ပြိုင်ရ မှာလဲ.. တစ်ချိန်ကျရင် အဲလူတွေအကုန်လုံး ငါ့ကို မော့ကြည့်စေရမယ်.. အရင်းအမြစ်တစ်ချို့လောက်က ငါ့ဟာငါ ရှာလို့ရပေမဲ့ ဒီနယ်မြေကို ငါမရင်းနှီးသေးဘူး ပြီးတော့ အဖွဲ့အစည်းကြီးတွေကို ရန်သွားစမိလို့လဲ မဖြစ်သေးဘူး အခုငါက ချိစုဆောင်းခြင်း အလယ်အဆင့်တောင်မရောက်သေးဘူးသူတို့နဲ့ ရင်ဆိုင်လို့မဖြစ်သေးဘူး... ငါ အင်အားပိုကြီးလာမှ ရမယ်..

I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now