အပိုင်း ( ၄ )
141 11 0
တစ်ခန်းလုံးရဲ့ တိတ်ဆိပ်ငြိမ်သက်မူကို လီရှင်းရန်က ဖြိုခွင်းလိုက်သည်.
    '' အဘိုးနဲ့ အဖေ နဲ့ ကျွန်တော် ဆွေးနွေးစရာရှိတယ် အကုန်အပြင်ထွက်ပေးကြပါ ''
ထိုအခါမှ လူတေအကုန် သတိဝင်လာကြပြီး ထွက်သွားကြသည်။
   အခန်းထဲမှာ သုံးယောက်ပဲကျန်ကာမှ
    '' အဘိုး အဖေ ကျွန်တော် သူ့ကိုသွားရှာရမယ်ဆိုတာ သိတယ်မို့လား ''
လီစုန့်ရန်က.. '' သိတယ်လေ အခုမင်းထွက်သွားတော့မလို့လား ''
သက်ပြင်းချပြီး ပြောလိုက်တော့ လီရှင်းရန်က
     '' မဟုတ်ဘူး အဖေ ကျွန်တော် နည်းလမ်းတစ်ခုရှာတွေ့ခဲ့ပြီ လူကိုယ်တိုင် မထွက်သွားပဲနဲ့ သွားရှာလို့ရတဲ့နည်းလမ်း ''
     '' မင်း .. အဲဒီနည်းလမ်းသုံးမယ်လို့တော့ မပြောနဲ့နော် ''
အဘိုးဖြစ်သူ လီမင်းရန်က အလန့်တကြားပြောလိုက်သည်။
     '' ဟုတ်တယ် အဘိုး ကျွန်တော်ထွက်သွားရင် မသေမျိုးတေ အုံကြွလာပြီး ဒီ ကမ္ဘာ ကထွက်ဖို့ အခွင့်ကောင်းယူလာကြလိမ့်မယ် အခုအချိန်မှာ စည်းမျဉ်းတေက ကျွန်တော်နဲ့တိုက်ခိုက်ထားတဲ့အတွက်ကြောင့်အားနည်းနေတာ သူတို့တေအကုန်လုံးကိုတားနိုင်မှာမဟုတ်ဘူး ''
    '' ဒါပေမဲ့ မင်းသိရဲ့လား ဝိညဉ်ကို နှစ်ပိုင်းခွဲလိုက်ရင် ဘယ်လောက်တောင် နာကျင်ရမလဲဆိုတာ မင်းသေတာမှကောင်းအုန်းမယ်လို့တောင် တွေးမိတဲ့အထိပဲ ''
    '' အဘိုး ဘယ်လိုလုပ်သိတာလဲ ''
  လီမင်းရန် ဘာမှမပြောပဲ မုတ်ဆိတ်ကြီးကို တဖွဖွ သပ်ကာ အဝေးကိုငေးကြည်​့လိုက်ပြီး  '' တစ်ချိန်က ငါလဲရူးမိုက်ဖူးလို့ပေါ့ကွာ ထားလိုက်ပါတော့ မင်းဆုံးဖြတ်ပွးရင်လဲ အဘိုးမတားတော့ပါဘူး ''
     '' ကျေးဇူးတင်ပါတယ် အဘိုး ''
     '' အဖေ လဲမတားတော့ပါဘူး တားလဲရမှာမဟုတ်ဘူး ဆိုတာ သိတယ် ဒါပေမဲ့ မင်းအမေကို ဘယ်လိုပြောမလဲ ''
    '' အမေကိုမပြောပါနဲ့ ကျွန်တော်အလုပ်ရှုပ်နေလို့ မလာနိုင်ဘူးလို့ပြောပေးပါ ကျွန်တော် အောင်မြင်မယ်လို့ယုံကြည်တယ် ''
  ထို့နောက် လီရှင်းရန် ခန်မထဲက ထွက်လာပီးတော့ ခြေတစ်လှမ်းလှမ်းလိုက်ကာ လေဟာနယ်ထဲမှာ ပျောက်သွားပြီး မသေမျိုး နန်းတော်မှာ ပြန်ပေါ်လာတယ် ။ လီးချန်းကို ဆင့်ခေါ်လိုက်ပီး
    '' အဆင်သင့်ပဲလား ''
    '' သခင်လေးပြောသလို ကာကွယ်သူတေနဲ့ အရာရှိတေကို ဆင့်ခေါ်ပီးပါပြီ သူတို့ သခင်ကို စောင့်နေကြတယ် ''
   '' ကောင်းပြီ သွားကြမယ် ''
ပြောပြီး နန်းတော်ရဲ့ အထွပ်အမြတ် ခန်းမကို ထွက်လာခဲ့တယ်.
သလင်းလိုကြည်လင်တောက်ပနေတဲ့ ခန်းမကြီးရဲ့ ထိပ်ဆုံးမှာ ရွှေရောင် တောက်ပနေတဲ့ သလွန်တစ်ခုကိုတော့ရတယ် အောက်မှာတော့ ကာကွယ်သူတေ ဗိုလ်ချုပ်တေ နန်းတွင်းအရာရှိတေ ရောက်နေကြသည်။ သူတို့တေက တစ်စုံတစ်ယောက်ကို စောင့်မျှော်နေကြကာ မကြာခဏဆိုသလို တံခါးမကြီးဘက်ကို လှမ်းကြည့်နေကြတယ်
    '' အရှင်သခင်အသစ်က ဘာလို့ငါတို့ကိုဆင့်ခေါ်တာလဲမသိဘူး ''
အရာရှိတစ်ယောက်က ပြောလိုက်သည်။
   '' ဘယ်သူသိမှာလဲ ငါတို့ကို အာဏာပြဖို့လားမှ မသိတာ ''
အနီရောင်ဝတ် အရာရှိတစ်ယောက်က ပြန်ပြောလိုက်သည်။ထိုအခါ အရာရှိအတန်းရဲ့ ထိပ်ဆုံးမှာရှိတဲ့ အပြာရောင်ဝတ်အရာရှိက '' အရှင်သခင်ဘာလုပ်ချင်နေလဲ ဆိုတာ မင်းတို့ဆွေးနွေးလို့ရတဲ့အရာမဟုတ်ဘူး အားလုံးတိပ်တိပ်နေကြပါ ''
အတင်းပြောချင်နေတဲ့ အရာရှိတေကိုဆူလိုက်သည်။ ထိုသူကတော့ ဝန်ကြီးချုပ် လီရှန် ဖြစ်ပြီး အရာရှိတေထဲမှာ စွမ်းအားအကြီးဆုံးနဲ့ အာဏာအရှိဆုံး တေထဲက တစ်ယောက်ပြီး လီမိသားစုဝင်တစ်ယောက်လဲဖစ်သည်။  အရှင်သခင်က   ဘယ်သူလဲဆိုတာ တခြားလူတေ မသိကြပေမဲ့ သူတို့မိသားစုရဲ့ သခင်ငယ်လေးကို တခြားလူတေ အတင်းပြောခွင့်မပြုနိုင်ချေ။ ထိုအချိန်တွင် တံခါးမကြီးက သူ့အလိုလိုပွင့်လာကာ ဖိအားတစ်ခုက ပျံနှံံ့ဝင်ရောက်လာပြီး အကုန်လုံးကို ဖိနှိပ်ထားလိုက်သည်။ ခန်းမထဲက သူတေအကုန်လုံး ဘယ်လောက်စွမ်းအားကြီးပါစေ ဒူးထောက်လိုက်ကြပီး ဉီးညွှတ်အရိုအသေပေးလိုက်ကြကာ
   '' အရှင်သခင်ကို ဂါရဝ ပြုပါတယ် အရှင် ''
သူတို့အကုန်လုံးမြင်ရတဲ့တစ်ခုထဲအရာကတော့ အရှင်သခင်အသစ်ရဲ့အဖြူရောင်အကျီရဲ့ အောက်အနားကိုရွှေရောင်ကွပ်ထားတဲ့ အကျီစရယ် အဖြူရောင်ဖိနပ်တစ်စုံရယ်ပဲ ဖြစ်ပြီး ထိုဖိနပ်ပိုင်ရှင် တဖြည်းဖြည်းသူတို့ကိုကျော်ပီး ပလင်ပေါ် တက်သွားတာကိုပဲတွေ့လိုက်ကြရတယ် ။
   '' အကုန်လုံးထကြပါ ''
    '' အဆင်သင့်ပဲလား ''
   '' ကောင်းပြီ သွားကြမယ် ''
   '' အကုန်လုံးထကြပါ ''
I will find you anywhere ( ဘယ်နေရာမဆို ငါမင်းကို လိုက်ရှာမယ်) Where stories live. Discover now