နှစ်တရာလန်းမဲ့ မေတ္တာပန်း Ep 1
ပူပြင်းလှသောနွေရာသီကိုအံ့တုကာ အဝေးပြေးလမ်းမပေါ်မောင်းလာသောကားတစီးပေါ်၌
" မာမီကလဲ ရန်ကုန်မှာတတ်လဲရနေတာကို ဘာလို့မန်းလေးတတ်ခိုင်းတာလဲ "
" မာမီကတတ်ဆိုတတ်လိုက်နော် ဘာမှအတွန့်မတတ်နဲ့ မာမီမကြိုက်ဘူး"
မာမီမှမျက်နှာထားတည်တည်းဖြင့်ပြောတော့
" ဒယ်ဒီ လုပ်ပါအုံး " ကားမောင်းနေသောဒယ်ဒီကိုစစ်ကူတောင်းရသည်ည်
" သမီးတောင် ပြောမရတာ ဒယ်ဒီကဘယ်လိုပြောမလဲ သမီးမာမီအကြောင်းလဲသိနေတာကို"
" သစ်ခက်မောင် မာမီစိတ်မတိုချင်ဘူးနော် အခုပဲသွားနေပြီကို ဘာမှဆက်မပြောနဲ့တိတ်" လို့မာမီမှပြောတော့ မောင်မှစိတ်ကောက်ကာ တခြားဘက်လှည့်ကာဇာတ်ကားကြည့်နေသည်
အခုတွေ့ရတာကတော့ မန်းလေးမှာဘော်ဒါဆောင်ထားမဲ့ ဦးကိုကိုမောင်နဲ့ဒေါ်ထိပ်ထားခင်တို့ရဲ့တဦးတည်းသောသမီး သစ်ခက်မောင်ပဲဖြစ်ပါတယ်
သစ်ခက်ကတော့မာမီကြောက်ရသူဖြစ်ပြီး အခုလဲ မန်းလေးမှာမာမီကျောင်းထားတာကိုငြင်းပိုင်ခွင့်မရှိပေ
သစ်ခက်တို့လဲမန်းလေးမှာရှိတဲ့သစ်ခက်တတ်မဲ့ဘော်ဒါဆောင်ကိုရောက်တော့ လေးလံစွာနဲ့ကားပေါ်ကာဆင်းလာခဲ့သည် မာမီနဲ့ဒယ်ဒီကတော့ အဆောင်ထဲဝင်သွားကာ သူ့သူငယ်ချင်းဆိုသူနှင့်စကားပြောနေကျသည် သစ်ခက်လဲလေးလံစွာမာမီတို့နားသွားထိုင်နေသည်
" ဒါက ထားသမီးသစ်ခက်မောင်တဲ့ခင် သူ့ကိုခင်ရဲ့လက်ထဲပဲအပ်ခဲ့မယ် မလိမ်မာရင်ရိုက်သာရိုက်နော် "
" သစ်ခက်မောင်က လိမ်မာမဲ့ပုံစံပါ ရတယ် ထားဖြစ်စေချင်တဲ့အတိုင်း ထားသမီးရဲ့Resultကောင်းကောင်းထွက်စေရမယ် "
ဒေါ်ခင်ရတနာမှသစ်ခက်ကိုကြည့်ကာ ပြောလေသည်
ဒေါ်ခင်ရတနာ ဟုတ်တယ် သူကဒေါ်ခင်ရတနာစိုးပေါ့ မန်းလေးရဲ့ထိပ်တန်းဘော်ဒါဆောင်တွေထဲ အဆောင်မှူးပေါ့ ခင်ကသူ့ကိုယ်တိုင်လဲစာလိုက်သင်ပါတယ်
ခင်ရဲ့ပုံစံကတော့ အရမ်းလဲခေတ်မဆန်သလို အရမ်းလဲရှေးမကျဘူး ဝတ်ရင်တော့စပန့်ဝမ်းဆက်တွေသာဝတ်သည်ဟု ထင်ရသည် အခုလဲ အနက်ခံပေါ်ကိုအနီပွင့်ရိုက်စပန့်လေးဝတ်ထားသည် ခန္ဓာကိုယ်အချိုးအစားမှာလဲပြောစရာမရှိ တခုကခင်ကအရပ်က5ပေလောက်သာရှိလိမ့်သည် သူ့အရပ်နဲ့သူ့ခန္ဓာကိုယ်ကတော့ လိုက်ဖက်ပေသည်
နောက်တယောက်က်ရှိသေးသည် သူကတော့နွယ်လေးခိုင်တဲ့ သူကတော့ဘောဂဗေဒဘာသာရပ်ကိုသင်ကာ သူသင်ပေးတဲ့သူတိုင်းကဂုဏ်ထူးပါတဲ့သူကခပ်များများရယ် သူကတော့အရပ်က 5'4"ရှ်ပြီး ပါတိတ်ဝမ်းဆက်တွေသာ အမြဲဝတ်တတ်တဲ့ဒေါ်နွယ်လေးခိုင်
" ဒါနဲ့လေ ထား စာသင်တာကနောက်၂ရက်လောက်နေမှနော် ဒီကြားထဲလေ ခိုင်တော့လာခဲ့မယ်ပြောတယ် "
" ခိုင်က " ထိပ်ထားကမေးတော့
" အော် ခိုင်ကဒီမှာနာမည်ကြီးကွ သူကEcoဆရာမလေ သူ့ကတယောက်ချင်းလဲလိုက်သင်တယ် သူ့သင်တဲ့သူဆို D ပါတဲ့သူကခပ်များများရယ် "
" ဟုတ်လား အာ့တာဆိုထားသမီးကိုသေချာလေး အပ်ခဲ့မယ်နော်ခင် ထားတော့မနက်ကျပြန်မယ် အလုပ်တွေကပစ်ထားခဲ့ရလို့လေ "
သူငယ်ချင်း နှစ်ယောက်စကားပြောနေကျပြီး သားဖနှစ်ယောက်ကတော့ ဂိမ်းအတူတူဆော့နေကျသည်
မာမီတို့လဲစကားပြောတာတော်တော်လေးကြာသွားခဲ့သည် နေ့လယ်စာစားချိန်တောင်ကျော်သွားလေသည်
" မာမီ သစ်ခက်ဗိုက်ဆာနေပြီ "
ခင်နဲ့စကားပြောနေသောမာမီနားကိုကပ်ကာပြောလေသည်
" အာ့တာဆို အပြင်ထွက်စားကျမယ်လေ "
သစ်ခက်ကိုပြန်ပြောလိုက်သည်
" ခင် တို့အပြင်ခနသွားမလို့ လိုက်အုံးမလား "
" ရတယ် ထားမလိုက်တော့ဘူးနော် "
သစ်ခက်တို့လဲ နေ့လယ်စာစားရန်ထွက်လာခဲ့လိုက်သည်
သစ်ခက်တို့လဲထမင်းစားပြီး အဆောင်ပြန်ကာအနားယူနေလိုက်တော့သည် မာမီတို့ကတော့မနက်စောစောပြန်မှာမို့ ပြင်ဆင်နေကျသည် သစ်ခက်ကတော့တခါမှမခွဲဖူးသည်မို့ရင်ထဲဝမ်းနည်းနေသည်
မြင်နေကျမဟုတ်သောနက်ခင်းတခုဝယ် သစ်ခက်တော့မျက်နှာသစ်ပြီးတော့ ဒယ်ဒီတို့ကိုလိုက်ရှာနေလေသည် လိုက်ရှာရင်းအဆောင်ရဲ့တံခါးနားရောက်သောအခါ ဒယ်ဒီတို့လင်မယားနှစ်ယောက်ကပြုံးလို့ပျော်လို့အဆောင်ထဲဝင်လာတော့
" သမီးဖြစ်သူကိုထားခဲ့ရတာတော်တော်ပျော်နေကျတယ်ပေါ့ ဒီကတော့ဝမ်းနည်းလိုက်ရတာ" သစ်ခက်ပြောတော့ မာမီမှဒယ်ဒီကိုလှမ်းကြည့်ကာ သစ်ခက်နောက်လိုက်ရပြန်သည်
" ဒယ်ဒီတို့က သမီးလေးစားဖို့မနက်စာသွားဝယ်တာလေ ဝမ်းနည်းတိုင်းစာကျက်နော် တနှစ်ှစ်တည်းအောင် အောင်ကြိုးစားနော်ဒယ်ဒီသမီးလေး " ဆိုကာသစ်ခက်နဖူးကိုနမ်းကာချော့နေလေသည်
မာမီကကြည့်ပြီးအမြင်ကပ်နေလေသည်
" ဒီသားဖတော်တော်ကဲနေတာ လာမနက်စာစားကျမယ် "ဆိုကာ မာမီကမီးဖိုချောင်ထဲဝင်သွားလေသည် သစ်ခက်တို့လဲမာမီနောက်လိုက်ကာမီးဖိုထဲဝငိသွားလေသည်
မနက်စာစားပြီးမာမီတို့လဲပြန်ဖို့ပြင်နေကျသည် သစ်ခက်ကတော့အဆောင်ရှေ့နားသွားထိုင်နေကာငိုင်နေသည် မာမီတို့လဲပြန်လဲ ငိုပါလေရော ခင်ကလဲချော့ပါတယ် ဒါပေမဲ့သစ်ခက်ကိုက မရတာပါ သစ်ခက်လဲတယောက်တည်းထိုင်နေကာ သစ်ခက်ရဲ့မြင်ကွင်းထဲတွင် Scoopyiပန်းရောင်လေးစီးလာကာ ဦးထုပ်ကလဲပန်းရောင်လေးဝတ်လာပြီး အောက်ခံအဖြူပေါ်ကိုမိုးပြာအောင်အပွင့်အခက်များနှင့်ခြံရံထားသောပါတိတ်ဝမ်းဆက်လေးဝတ်လာသောအမျိုးသမီးတဦးအားကြည့်နေသည် ထိုအမျိူးျိူးသမီးသည်သစ်ခက်မောင်တို့အဆောင်ရှေ့၌ ရပ်ကာ သစ်ခက်ကိုတချက်ကြည့်ပြီးပြုံပြကာ အဆောင်ထဲဝင်သွားသည် သစ်ခက်သည်ထိုအမျိုးသမီးကိုကြည့်ကာ ငိုနေတာတောင်ပျောက်သွားသည် ရင်ဘက်ကိုဖိကာ
" အို လှလိုက်တာ အသားအရည်လေးဆိုစိုပြေနေတာပဲ " ထိုအမျိူးျိူးသမီးအလှမှာနစ်မြောပြီးတီးတိုးပြောဆိုကာ ထိုအမျိုးသမီးအကြောင်းသိချင်တာနဲ့ အထဲဝင်သွားသည်
သစ်ခက်ကိုမြင်တော့ ခင်မှလှမ်းခေါ်လိုက်သည်
" သစ်ခက်မောင် လာပါအုံး " သစ်ခက်လဲ ခင်တို့ထိုင်နေသောခုံနားသွားကာထိုင်လိုက်သည်
" ဒါကEcoသင်ပေးမဲ့ဆရာမနော် ဒေါ်နွယ်လေးခိုင်တဲ့ "
" ဟုတ်ကဲ့ပါဆရာမ သစ်ခက်မှတ်ထားပါ့မယ်" ခေါင်းငုံ့ပြလိုက်သည်
" ခိုင် ဒါကတို့ပြောထားတဲ့ရန်ကုန်သူလေးလေ သူ့မာမီနဲ့တို့နဲ့က မိတ်ဆွေတွေပေါ့ " ခိုင်မှသစ်ခက်မောင်ကိုကြည့်ကာ
" အပြင်မှာဆိုရင်ရင်းရင်းနှီနှီးနေရပေမဲ့ စာနဲ့ပတ်သက်ရင်တော့ ဆရာမကအလျော့မပေးဘူးနော်" ဟာသလေးနှောကာပြောလိုက်တော့
" ဟုတ်ကဲ့ပါဆရာမ သစ်ခက်ကြိုးစားပါ့မယ်"
ဆရာမနှစ်ယောက်ကတော့စကားပြောနေကျသည် သစ်ခက်ကတော့ ဆရာမတွေဆီကခွင့်တောင်းကာ အပြင်မှာပဲထွက်ထိုင်နေလေသည်
ဆရာမနှစ်ယောက်လဲစကားပြောတာအနည်းငယ်ကြာပြီး
" ကဲ တို့ပြန်တော့မယ်ခင်ရေ စာသွားသင်စရာလေးလဲရှိသေးတယ် မနက်ဖြန်စာစသင်မှာလား "
" ဟုတ်တယ် မမခိုင် ညနေကျောင်းသားတွေရောက်မှာ မနက်ဖြန်စသင်မယ်နော် "
လို့ပြောပြီး ခိုင်လဲထွက်လာတော့ သစ်ခက်ကိုမြင်ကာ ပြုံးပြလိုက်သည် အပြန်အလှန်ပြုံးပြရင်း ခိုင်မှသစ်ခက်မြင်ကွင်းကနေ ပျောက်ကွယ်သွားပြန်သည်
စာစသင်သည့့်နေ့
" ဘောဂကတော့ ၁ ၃ ၅ ကျက်ရင် အောင်တယ် အခန်း၂ပါထပ်ကျက်ရင်တော့ဂုဏ်ထူးပါတယ် တမှတ်တန်အတွက်ကတော့ ဆရာမကစာအုပ်လုပ်ထားတယ်သင်ပေးမယ် အခုတော့အခန်း ၁ ကစသင်မယ် ကဲလိုက်ကြည့်"
ခိုင်မှ Whiteboard ပေါ်တွင်စာများရေနေသည်
" အတောမသတ်သည့့်လိုအင်ဆန္ဒများနှင့်ရှပါးသည့့်အင်အားစုများ "
" ခေါင်းစဥ်ကဘာလဲ "ခိုင်မှမေးတော့
" အတောမသတ်သည့်လိုအင်ဆန္ဒများနှင့်ရှားပါးသည့်အင်အားစုများ ပါဆရာမ"
" လူတို့၏လိုအင်ဆန္ဒများသည် လူတို့၏လိုအက်ချက်သာမက သာလွန်များပြားစွာရှိတတ်ကျသည် .........."
သစ်ခက်တို့အဆောင်က တစ်ဘာသာကိုတနာရီာရီအချိန်ပေးထားသည် ခိုင်လဲ သင်ပြီးပြန်တော့ သစ်ခက်ကလိုက်ပို့ုက်ပို့လေသည်
" သမီးစာကြိုးစားနော် အဝေးကလာတတ်ရတာ သူများထက်ပိုတော်အောင်ကြိုးစားနော်" ခိုင်မှသစ်ခက်ကိုပြောတော့ သစ်ခက်မှပြုံးပြကာခေါင်းငြိမ့်လိုက်သည် ခိုင်လဲတခြားနေရာတွေသင်ဖို့ရှိသေးသည်မဟုတ်လား
ဒီလိုနဲ့ သစ်ခက်တို့လဲစာသင်လာတာ တလလောက်ပင်ရှိနေလေသည် သစ်ခက်အိမ်နဲ့ကတော့တနေ့တခါဖုန်းပြောရသည် သစ်ခက်ကတော့တလလောက်သာရှိနေတာ အခုထိနေသားမကျသေးပေ သစ်ခက်မှာသူငယ်ချင်းတယောက်ရလာသည် သူနာမည်ကတော့သရဖီတဲ့ သူကလဲသစ်ခက်လို့ပဲ အရပ်ရှည်ရှည် အသားကတော့သစ်ခက်လောက်မဖြူပေ
သစ်ခက်တို့အဆောင်ကယောက်ျားလေးအဆောင်နဲ့မိန်းကလေးအဆောင်၂ခုခွဲထားသည် စာသင်တာကတဆောင် စာသင်တောင်ကတော့Hall ခန်းကြီးပင်ဖြစ်သည်
" သရဖီ နောင်တချိန်ကဘယ်သူလဲဟ ငါကအချိန်ဇယားအလွတ်မရဘူး "
စာအုပ်စီနေရင်းပြောလိုက်သည်
" နောက်တချိန်က Ecoချိန်လေ "
" ဟုတ်လား အာ့တာဆိုငါစာပြန်နွေးအုံးမယ်"
စာအုပ်လေးကိုင်ကာ စာပြန်နွေးနေလေသည်
" သရဖီနင်ရောပြန်မနွေးဘူးလား "
" ငါကအေးဆေး "ဆိုကာ သရဖီကတော့ ခုံပေါ်မှောက်အိပ်နေလေသည်
သစ်ခက်ကလဲ သူ့တာဝန်အရ ဒေါ်နွယ်လေးခိုင်ကိုသွားကြိုရသေးသည်
" ဟိတ် ရန်ကုန်သူ စာတွေရပြီလား "
" ဗျာ ဟုတ် ဟုတ် ရပါပြီဆရာမ "
ခိုင်လဲစာသင်ခန်းထဲဝင်ကာ စာမေးနေတော့သည် သစ်ခက်ကနောက်ဆုံးတန်းမှာပဲထိုင်သည် တခါတလေခိုင်နဲ့အကြည့်ချင်းဆုံမိသည် သူ့အကြည့်တွေကအရမ်းစွဲဆောင်သည် သူ့နှုတ်ခမ်းတွေကလဲ ဆွဲဆောင်မှုရှိနေပြန်သည် အို သူကခိုင်အတွက်အကုန်စွဲဆောင်မှုရှိနေတော့သည်
" ဆရာမ ဆရာမ " ခိုင်ငေးနေရာကနေ စာဆိုနေသောကျောင်းသူခေါ်မှသတိရကာ
" အော် အင်း ပြီးပြီလားသမီး "
" ဟုတ်ပြီးပြီ ဆရာမ "
" ကဲ အားလုံးပဲပြီးပြီဆိုတော့ နောက်တပုဒ်ဒ်ဆက်သင်မယ်နော် " ခိုင်လဲ Whiteboardမှာ စာရေးကာစာသင်နေတော့သည်
သစ်ခက်ကစာသင်ရင် စာကိုလဲသေချာလိုက်ကြည့်သလို ခိုင်ကိုလဲသေချာကြည့်နေတတ်သည်
ဒီလိုနဲ့စာသင်လာတာ နွေရာသီကျောင်းပိတ်ချိန်ကုန်ဆုံးကာ မိုးဦးကာလ ကျောင်းဖွင့်ချိန်ရောက်ခါနီးပြီးမို့ သစ်ခက်တို့ကျောင်းသွားအပ်ရပေမည် ကျန်တဲ့သူကလွယ်ပေမဲ့ သစ်ခက်ရဲ့ကျောင်းပြောင်းလက်မှတ်ကအခုထိမရသေးပေ ခိုင်တို့ကျောင်းတတ်ရမှာဖြစ်ပြီး ခိုင်ရဲ့အခန်းထဲသစ်ခက်ကိုထားမယ်ပြောကာ ကျောင်းဖွင့်မဲ့ရက်မှ အပ်လို့ရတယ်ဟု ခိုင်ကတော့ ခင်ကိုပြောပြသည် ခင်ကလဲအာ့လိုပဲလုပ်မယ်ဟု ဆုံးဖြတ်လိုက်သည်
#ကျော့
ခင်နဲ့ခိုင်နဲ့ ရှုပ်နေကျပြီလား🤭
YOU ARE READING
နှစ်တစ်ရာလန်းမဲ့ မေတ္တာပန်း
Romanceမောင့်ရဲ့အချစ်တွေက ခိုင်အတွက် နှစ်တရာလန်းနေမဲ့ မေတ္တာပန်းလေးတပွင့်ပါခိုင်