Episode 5

424 30 1
                                    

နှစ်တရာလန်းမဲ့မေတ္တာပန်း Ep5

သစ်ခက်မရှိတုန်း သရဖီကရတနာကိုဖွင့်ပြောပြီးပြီတဲ့လေ သရဖီကမြန်မာစာအချိန်စာကျက်ခိုင်းထားသည့်ကိုနှစ်ယောက်သားလေပေါနေသည်
" သစ်ခက်သိလား ငါတို့အဆောင်မှူးကြီးကိုဖွင့်ပြောပြီးပြီ"
စာကျက်နေသောသစ်ခက်နားလေးအားကပ်ကာ တိုးတိုလေး​ြေ့ာလေသည် သစ်ခက်လဲထိုစကားကြားပြီ ဆွံ့အကာ
" ဟယ် နင်ကလဲမြန်တာ ဟိုကနင့်ကိုတုတ်နဲ့မရိုက်လိုက်ဘူးလား "
" ရိုက်စရာလား ငါ့ချစ်ချစ်ကငါ့ကိုစာကြိုးစားတဲ့ ၁၀ တန်းResultထွက်တာနဲ့ ပေးမယ်တဲ့ "သစ်ခက်မှ ထိုစကားကြားတော့ သူ့တီချယ်ကိုသတိရသွားကာ
" ဟဲ့ သစ်ခက် ငါပြောတာကြားလား " သစ်ခက်ကျောကုန်းလေးအားရိုက်ကာပြောတော့
" အာ့ ကြားပါတယ် နင်ကလဲနာလိုက်တာ အခုမှနေကောင်းပျောက်ခါစကို အတင်းနှိပ်စက်တာပဲ " မျက်စောင်းထိုးကာသရဖီအားပြောတော့ သရဖီမှပြုံးကာ
" ငါလဲ အာ့တာသိချင်နေတာ နင့်ချစ်ချစ်ကိုရောဖွင့်မပြောတော့ဘူးလား "
သစ်ခက်ပုခုံးအား သူ့ပုခုံးနဲ့တိုက်ကာပြောတော့
" မပြောချင်ပဲနေမလားဟ ဘယ်ကစပြောရမှန်းမသိတာ " သူတို့နှစ်ယောက်ကြားထဲမာကာပျံ ရောက်လာတော့မှ သူတို့နဲ့မလှမ်းမကမ်းပစ်သောသူ့ကိုကြည့်တော့ မြန်မာစာဆရာမပင်
" ဟိုနှစ်ကောင် စာကျက်ခိုင်းတာဘာလို့လေပေါနေတာ လာစာလာဆို " နွယ်နီမှပြောတော့ တယောက်မျက်နှာတယောက်ကြည့်ကာ မျက်ခုံးပင့်ပြတော့
" အခုမှတယောက်နဲ့တယောက်ကြည့်မနေကျနဲ့ နှစ်ယောက်စလုံးလာခဲ့ "ဆိုမှ နှစ်ယောက်စလုံးထကာစာသွားပြန်ကျတော့သည် သစ်ခက်တို့လဲစာတွေနဲ့လုံးပန်းနေရသည်မို့ သီတင်းကျွတ်ကျောင်းပိတ်ရက်ကို ၇ရက်ပိတ်လိုက်သည် ကျောင်းကလဲစာမေးပွဲဖြေပြီးပိတ်တာနဲ့ ရတနာတို့အဆောင်ကလဲ ( 10 )ရက်ပိတ်လိုက်သည် အစကတော့ သစ်ခက်ကရန်ကုန်ပြန်မလို့စဥ်းစားနေတာ ဒါပေမဲ့ခိုင်ရဲ့စကားကြောင့်ရန်ကုန်မပြန်တော့ပဲ အခုတော့ သူတို့အဆောင်မှာပဲနေမယ်လို့ဆုံးဖြတ်လိုက်ပေမဲ့လဲ
" ရန်ကုန်သူ " ခိုင်ကိုလာကြိုပြီးခိုင်ရှေ့ကသွားသောသစ်ခက်အားလှမ်းခေါ်လိုက်သည်
" ဗျာ တီချယ် " ခိုင်အသံကြားတော့နောက်လှည့်ကြည့်ကာ ခိုင်အားစောင့်နေလိုက်သည်
" အဆောင်ကပိတ်ရင်ဘယ်သွားမှာလဲ "
" သစ်ခက်ရန်ကုန်ပြန်မလို့ တီချယ်"
ခိုင်မှသစ်ခက်ကြည့်ပြီး
" ပြန်မနေပါနဲ့သမီးရယ် တီချယ်လဲတီချယ်ရဲ့ရွာကိုအလည်ပြန်မှာလေ လိုက်ခဲ့ပါ့လား မေမေကလဲသူ့မြေးကိုလိုက်စေချင်နေတာ"
သစ်ခက်မှ ထိုစကားကြားပြီးပြုံးကာ
" ဟုတ်ကဲ့တီချယ် သစ်ခက်လိုက်ခဲ့မယ် "
" မလိုက်ချင်လဲလိုက်မနေပါနဲ့ ရန်ကုန်သူရယ်"
ခိုင်မှစတော့
" ဟာ တီချယ်ကလဲ လိုက်ပါမယ်ဆို "
" ကဲပါ ဟုတ်ပါပြီ သွားကိုယ့်နေကိုယ်ထိုင်တော့" သစ်ခက်ရဲ့ခေါင်းလေးအားပုတ်ကာပြောပြီး ထိုင်လဲစာသင်နေလေသည်
သစ်ခက်လဲသူ့နေရာသွားထိုင်တော့ သရဖီမှအလောတကြီး
" ဟက် ဆရာမနဲ့ဘာတွေပြောလာတာလဲ "
" Top secret ဆိုကာ လျှာထုတ်ပြောတော့"
" သစ်ခက်ရာ လူလည်မကျနဲ့ ပြောငါသိချင်တာမှတပိုင်းကိုသေလို့"
" အော် ပိတ်ရက်ကျတီချယ်ကသူ့ဆီခေါ်လိူ့လေ"
" အမယ် တီချယ်တွေတောင်ဖြစ်ကုန်ပြီ "
သစ်ခက်မှ အင်္ကျီကော်လံစလေးမကာ အနိုင်ရသူအပြုံးဖြင့် ပြုံးတော့ သရဖီမှအမြင်ကတ်ကာ မျက်စောင်းထိုးလိုက်သည်
" ဟို နောက်ဆုံးတန်းကစကားများနေတဲ့အစ်မတော်နှစ်ယောက်စာလာဆိုလို့ရပါပြီနော်"
ခိုင်မှစာမဆိုသော သစ်ခက်နဲ့သရဖီအား လေသံမာမာဖြင့်ပြောတော့
နှစ်ယောက်စလုံးဇာတ်ကလေးပုကာ တယောက်နဲ့တယောက်တွန်းလွှတ်နေကျသည်
" အခုတော့ တွန်းလွှတ်မနေနဲ့ ရန်ကုန်သူအရင်လာဆို" သရဖီမှ သစ်ခက်အားတွန်းလွှတ်တော့ ရှေ့ဆုံးတန်းက ခုံနှင့်ငြိပြီး ခုံတွင်ထိုင်နေသောခိုင်ရင်ခွင်ထဲသစ်ခက်ကရောက်နေပြီး အပေါ်မော့ကြည့်တော့ ခိုင်နှင့်အကြည့်ချင်းဆုံကာ တစက္ကန့် နှစ်စက္ကန့် သုံးစက္ကန့် အကြည့်ချင်းဆုံရုံတင်မက ခိုင်ရဲ့ရင်ခုန်သံပါသစ်ခက်ကြားနေရတော့ သစ်ခက်မှ သတိပြန်ကပ်ကာ
" Sorry ပါတီချယ် သရဖီတွန်းနဲ့အရှိန်နဲ့ရော ဟိုခုံဇောင်းနဲ့ငြိတဲ့အရှိ​န်ကြောင့်ပါ "
ခိုင်ရင်ခွင်ထဲမှထွက်ကာပြောတော့
" ရပါတယ် ခုံဇောင်းနဲ့ငြိတာဆိုတော့ ထိမိသေးလားကြည့်အုံး"
" ဟုတ် သစ်ခက်နောက်မှကြည့်လိုက်မယ် အခုတော့စာအရင်ဆိုမယ် "လို့ပြောပြီး ခိုင်ဆီစာပြန်နေလေသည် သစ်ခက်ပြောသမျှကိုခိုင်လဲခေါင်းငြိမ့်ကာပြုံးနေတော့သည်
* * * * * * * * * *
ခိုင်တို့ရွာသွားမည့်နေရောက်တော့
တီ တီ တီ (ကားဟွန်းသံ)
ကားဟွန်းသံကြားတော့ သစ်ခက်လဲထွက်ကြည့်ကာ
" တီချယ် ခန " ဆိုကာ အဆောင်ထဲပြေးဝင်သွားပြီး အဆောင်မှူးဖြစ်သောရတနာဆီမှဖုန်းတောင်းနေသည်
" ဆရာမ ဟိုမှာတီချယ်ရောက်နေပြီ "
" တော်လေးကလဲလောလိုက်တာ ခနနေပါအုံး"
" ဟုတ်ကဲ့ "
သစ်ခက်လဲထိုင်စောင့်နေလိုက်သည်
" ရော့ ကြီးတော် ဖုန်းကိုအသည်းအသန်တောင်းနေတာ ဘာလုပ်မလို့လဲ "
ဖုန်းလှမ်းပေးရင်ရတနာမှသစ်ခက်ကိုပြောတော့ သစ်ခက်မှရီကာ
" ဟဲ" သမီးလူတယောက်အကောင့်ရှာချင်လို့ပါ "
" ဘာလဲ မမခိုင်အကောင့်လား "
သစ်ခက်မှရီကာ ခေါင်းငြိမ့်ပြတော့
" ဆရာမ ဘယ် ......."
သစ်ခက်စကားတောင်မဆုံးသေး အနောက်မှခိုင်အသံထွက်ပေါ်လာကာ
" ရန်ကုန်သူ ဖုန်းသွားယူတာ ဖုန်းများဖြစ်နေတာလားလို့ လိုက်လာတာ " သစ်ခက်နားထိုင်ကာပြောတော့
" အခုလဲ လာမလို့ပါတီချယ်ကလဲ ဆူမယ်ဆိုချည်းပဲ "
" အာ့ဆိုလဲသွားမယ် လာ ရတနာရေ အစ်မရွာပြန်မလို့ဘာမှာအုံးမလဲ "
" ရတနာအတွက်လေ မြေပဲအစိုယူခဲ့ပေးမမခိုင် ရတနာမစားရတာကြာနေပြီ "
" ဟုတ်ပြီ ယူခဲ့မယ် ပြန်လာမှအေးဆေးစကားပြောကျမယ်နော် "
လို့ပြောပြီးခိုင်မှထသွားတော့သစ်ခက်လဲခိုင်နောက်လိုက်ကာ ရတနာအားခေါင်းငြိမ့်ပြလိုက်သည် ရတနာကလဲပြန်ငြိမ့်ပြလိုက်သည်
* * * * * * *
မန္တလေးကနေ စစ်ကိုင်းကိုဆက်သွယ်နေသော အမြန်လမ်းပေါ်၍
" ရန်ကုန်သူ ဆရာမရွာကဘယ်မှာလဲသိလား"
" သိဘူးလေတီချယ် တီချယ်ကလိုက်ခဲ့ဆိုလို့သာလိုက်လာတာ "
" စစ်ကိုင်းမှာ စစ်ကိုင်းမြို့ထဲတော့မဟုတ်ဘူးပေါ့ လယ်ယာအလုပ် လုပ်ကျတယ် အာ့တာကတီချယ်ကမွေးရပ်မြေလေ "
" ဟုတ်ကဲ့တီချယ် "
စကားတပြောပြောနှင့် ကားပေါ်တွင် ကြားထဲခိုင်မေမေကတော့ သူတို့ပြောသမျှနားထောင်နေလိုက်တော့သည်
" တီချယ် ဒါကကောင်းမှုတော် ဘုရားမို့လား"
ကားမောင်းနေသောဘေးကခိုင်အားမေးတော့ ခိုင်မှသစ်ခက်အားပြန်ကြည့်ကာ
" ဟုတ်ပ သစ်ခက်ကသိတာလား "
" မရောက်ဖူးဘူး သိတော့သိတယ် "
" တီချယ်တို့ရွာက ဒီဘုရားရဲ့အရှေ့ဘက်မှာလေ"
သစ်ခက်မှခေါင်းငြိမ့်ပြပြီး ခိုင်အားပြုံးလျက်ကြည့်နေလိုက်သည် တချက်ချက် ခိုင်ကအကွေ့တွေဆိုဘေးကြည့်မောင်းနေရင်လဲ ဖုန်းနဲ့ဓါတ်ပုံရိုက်ယူထားလိုက်သေးသည်
သိပ်မကြာပါဘူး ခိုင်တို့ရွာလဲရောက် ခိုင်တို့ရဲ့အိမ်လဲရောက်တော့ အဝတ်ထုပ်များအိမ်ထဲထည့်ပြီး ခနတဖြုတ်နားနေကျသည် ခိူင်တို့အိမ်မှာနေတဲ့ ခိုင်ရဲ့တူမတဝမ်းကွဲ မြလေးခိုင်ဆိုတော့ အစ်မကလဲအထုပ်တွေဝိုင်းသယ်ပေးသည် ခိုင်တို့ရဲ့အိမ်ကပျဥ်ထောင်အိမ်ကိုမှနှစ်ထပ် အိမ်ရှေ့နားမှာကွန်ပျစ်လေးကရှိသေး သစ်ခက်ကတော့အေးချမ်းသည်မို့သဘောကျနေလေသည်
" ဒါကမြလေးခိုင်တဲ့လေ တီချယ်နာမည်ပါအောင်တီချယ်ကိုယ်တိုင်ပေးထားတာ "
မြလေးခိုင်ကို တီချယ်မှလက်ညိုးထိုးကာပြောတော့ သစ်ခက်လဲခေါင်းငြိမ့်ပြလိုက်သည် မြလေးခိုင်ရဲ့ခန္ဓာကိုယ်ကလဲတီချယ်လိုပင် အရပ်က 5'3"လောက်ရှိပြီး ချည်လုံချည်တွေသာအမြဲဝတ်ပုံရသည် ဒါပေမဲ့ခေတ်တော့နောက်ကျမည့်ပုံမဟုတ် ရွာမှာမို့လို့သာဒီလိုဝတ်ရတာထင်သည်
" ဒါက တီခိုင်ရဲ့တပည့်လေးသစ်ခက်မောင်တဲ့" မြလေးကလဲခေါင်းပြန်ငြိမ့်ပြသည်
" မြလေး တီခိုင်တို့ရောက်နေတယ်ဆိုပြီး ဒီဘက်မလာပဲမနေနဲ့နော် "
" ဟုတ်ကဲ့ပါတီခိုင်ရဲ့ မြလေးတနေ့တခေါက်တော့လာခဲ့ပါ့မယ်  အခုတော့အိမ်ပြန်လိုက်အုံးမယ်နော် "
" ဂရုစိူက်ပြန်နော် "
ခိုင်တို့လဲ ပစ္စည်းများကိုနေရာချကာ အခန်းထဲဝင်သွားကျသည်
သစ်ခက်နဲ့ခိုင်နဲ့ကတခန်းနေပြီး ခိုင်မေမေကတော့သူ့ညီမတွေဆီသွားနေလေရဲ့
ဒီတနေ့တော့ မြလေးကပဲထမင်း ဟင်းကိုချိုင့်နဲ့လာပို့မှာမို့ ထမင်းမချက်ပဲ လန်းသွားအောင်ရေချိုးကျသည်
" ရန်ကုန်သူ လန်းသွားအောင်ရေချိူးလိုက်နော် တီချယ်တောင်ချိူးပြီးပြီ "
ခရီးပန်းလို့အိပ်နေသောသစ်ခက်အားနိုးနေလေသည်
" အွန်း ဟုတ်ကဲ့ တီချယ် " ဆိုကာ သစ်ခက်လဲရေချိုးဖို့ပြင်ကာရေသွားချိုးလိုက်တော့သည် သစ်ခက်လဲရေချိုးပြီးရော မြလေးလာပို့ပေးသော ညစာစားကာ အိမ်ရှေ့ရှိ ကွန်ပျစ်လေးပေါ်ထိုင်နေသောခိုင် သစ်ခက်လဲထိုင်မလို့အပြင်ထွက်လာတုန်း ခိုင်ကိုတွေ့တာကြောင့် ဘောင်းဘီအိတ်ထဲကဖုန်းကိုထုတ်ကာ ဓါတ်ပုံရိုက်ယူထားလိုက်သည် ပြီးမှခိုင်ဆီသွားကာ
" လာ ပျင်းနေပြီလား "
ခိုင်မှာသူ့နားလာထိုင်ခိုင်းတာကြောင့် သစ်ခက်လဲခိုင်နားထိုင်ကာရီပြပြီး
" မပျင်းပါဘူးတီချယ် သစ်ခက်ကဒီရွာလေးကိုသဘောကျနေတာ "
" ဟုတ်လား တီချယ်နောက်နေ့ကျယာထဲလိုက်ပို့မယ် မြေပဲနှုတ်နေပြီလေ ဒီအချိန်ဆိုရင်"
" ဟုတ်လား တီချယ်ဒီအိမ်ကတီချယ်တို့အိမ်လား "
" အွန်း ဟုတ်တယ် တီချယ်ကလဲမန်းလေးတာဝန်ကျတာမို့ မေမေကိုစိတ်မချလို့ခေါ်ထားတာလေ ကိုကိုကလဲမေမေကိုစိတ်မချလို့ခေါ်ထားဆိုလို့လေ " ကိုကိုလို့အသံကြားတော့သစ်ခက်စိုးရိမ်စိတ်ဝင်လာသည်
" ကိုကိုဆိုတာက "
" ရှင်ကဘယ်လိုထင်လို့လဲ ပြောပါအုံး"
" မသိဘူးလေတီချယ်ရဲ့ တီချယ်ရဲ့ကိုကိုလဲသစ်ခက်မှမမြင်ဖူးတာ "
ဝမ်းနည်းသွားကာ အောက်ကိုသာကြည့်ပြီးပြောနေသောသစ်ခက်
" ဟော ဒီရုပ်ကလေးကဘာဖြစ်တာလဲ "
" ကိုကိုဆိုတာက တီချယ်ရဲ့အစ်ကိုပါရှင့် ရှင်ကဘာတွေတွေးနေတာလဲ "
အောက်ကိုကြညိ့နေသောသစ်ခက်မျက်နှာလေးက ဝမ်းသာအားရခိုင်ကိုမော့ကြည့်ကာ
" မသိဘူးလေ ကိုကိုဆိုတော့ "
သစ်ခက်မှရပ်သွားကာ ခိုင်ကမေးလေးငေါ့ပြပြီးဆက်ပြောဆိုသည့်အကြည့်နှင့်ကြည့်တော့
" တီချယ်ချစ်သူထင်တာပေါ့ "
ခိုင်မှအားရပါးရရီကာ
" ချသ်သူမရှိပါဘူးရှင့် ရှိခဲ့ဖူးတဲ့သူကလဲသစ္စာမရှိတဲ့သူနဲ့ကြုံရတော့အချစ်ဆိုရင်ကြောက်နေပြီ "
အတိတ်ကိုသတိရသွားသည့်ဟန်ဖြင့် ခိုင်မှလွမ်းဆွေးကာပြောတော့
" တီချယ်ရယ် တယောက်မကောင်းတာနဲ့အများမကောင်းတာမဖြစ်နိုင်ပါဘူး  တီချယ်ကို တကယ့်ချစ်တဲ့သူရှိပါတယ် "
ထိုစကားကြားတော့ခိုင်မှသစ်ခက်ကိုကြည့်ကာ ခေါင်းလေးရမ်းပြတော့ သစ်ခက်မှခိုင်နဲ့နီးသထက်နီးအောင်ကပ်ကာ ခိုင်လက်ကလေးကိုင်ပြီး
" ရှိတယ်တီချယ် သစ်ခက်တီချယ်ကိုအရမ်းချစ်တယ် ဒီစကားကိုပြောချင်နေတာကြာပါပြီ တီချယ်ကိုစမြင်ကတည်းကချစ်တာ"
သစ်ခက်ကိုင်ထားသောလက်ကိုလဲ တွန်းမလွှတ်ပဲ သစ်ခက်ကိုသာကြည့်နေလေသည်
" တီချယ် သစ်ခက်ကိုစဥ်းစားပေးမယ်မို့လားဟင်"
" သမီးကငယ်သေးတယ်လေ အချစ်စစ်ဖြစ်နိုင်ပါ့မလား တီချယ်ကLGBTကိုလက်ခံပါတယ် ပြီးတော့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကရှိသေးတယ် "
" သစ်ခက်ကငယ်သေးပေမဲ့ တီချယ်ကိုတော့တကယ့်ချစ်တာသေချာပါတယ် "
" အွန်းပါ အခုတော့ဒီအကြောင်းတွေမတွေးပါနဲ့ စာကိုပဲအာရုံစိုက်ပါ ဒါမှကိုယ်ချစ်တဲ့သူကိုကောင်းကောင်းထားနိုင်မှာမို့လား "ဆိုကာ ရီပြီးသစ်ခက်အားပြောတော့
" တီချယ် အဖြေပေးလေသစ်ခက်ကို"
" တီချယ်ပြောတယ်လေ စာကြိုးစားလို့"
" ဟုတ်ကဲ့ပါ ကိုယ်ချစ်တဲ့သူကပြောတော့လဲနာခံရမှာပေါ့ " စကားတပြောပြောနှင့် တညတာကုန်ဆုံးသွားလေသည်
#ကျော့

နှစ်တစ်ရာလန်းမဲ့ မေတ္တာပန်းWhere stories live. Discover now