နှစ်တရာလန်းမဲ့ မေတ္တာပန်း Ep 8
" ကဲ ထတော့ ချီးထုတ်ရေ တီချယ်တောင် ကျောင်းသွားရတော့မယ် "
အိပ်နေသော သစ်ခက်ခြေထောက်လေးအား လှုပ်ကာ နိုးတော့ သစ်ခက်ကလဲ အိပ်ချင်မူးတူးဖြင့်ထထိုင်တော့
" အစောကြီး ရှိသေးတာကို တီချယ်ကလဲ "
ကုတင်ခြေရင်းတွင်ထိုင်နေသော ခိုင်ရင်ခွင်ဝင်ကာ ဖက်လိုက်သည်
" ဟာ မျက်နှာမသစ်ရသေးပဲနဲ့ အတင်းဖက်နေတာ ပေကုန်တော့မှာပဲ "
သစ်ခက်ကိုတွန်းလွှတ်ကာပြောတော့ သစ်ခက်မှပိုတိုးလို့တောင် ဖက်လိုက်သေးသည်
" သစ်ခက် မဖက်နဲ့တော့လို့ ပြောနေတယ်လေ ! "
ခိုင်မှာ ဒေါသသံနည်းနည်းပါသွားသလို အသံလဲကျယ်သွားသည်
" တီချယ်ကလဲ သစ်ခက်က ကိုယ့်ချစ်သူမို့ ဖက်တာလေ မကြိုက်လို့လား "
ခိုင်ကိုဖက်ထားတာမှလွှတ်ပြီးဝမ်းနည်းစွာပြောတော့
" မကြိုက်လို့ မဟုတ်ဘူးလေ တီချယ်က အဖြူဝတ်ထားတော့ ပေကုန်မှာစိုးလို့ပါ "
ခိုင်လဲပြန်ချော့ပြီးပြောလိုက်တော့
" မကြိုက်ရင်လဲ နောက်မဖက်ဘူး သစ်ခက်ကို အကျီပေကုန်မှာစိုးလို့ အော်တာပေါ့ သစ်ခက်ဝမ်းနည်းတယ် "
သစ်ခက်လဲ ဝမ်းနည်းကာ ပါးပေါ်တွင်စီးကျလာသော မျက်ရည်ကိုသုတ်ကာ
" တီချယ် တောင်းပန်ပါတယ်နော် တီချယ် နောက်ကျနေလို့ သွားတော့မယ် မနက်စာ လုပ်ထားတယ် စားလိုက်နော် စိတ်ကောက်မနေနဲ့ " သစ်ခက်ရဲ့ မျက်ရည်ကိုသုတ်ပြီး ပါးကိုတချက်နမ်းကာ အလျင်အမြန်ပင် ထွက်သွားလေသည်
" ဟွန့် အာဘွားပေးယုံနဲ့ ကျေနပ်ရရောလား လုံးဝမကျေနပ်နိုင်ဘူး " တယောက်တည်း တီးတိုးစွာပြောပြီး တယောက်တည်းပင် စိတ်ကောက်ကာကျန်နေခဲ့ရသည်
သစ်ခက်လဲ အိပ်ယာသိမ်း မျက်နှာသစ်ပြီး အောက်ဆင်းလာပြီး ခိုင်မေမေအား ဝိုင်းကူနေလေသည်
" ဘွား တီချယ်ကဘယ်အချိန်လောက် ပြန်လာတာလဲ"
" ၁နာရီကျော် လောက်မှ ရောက်တာ ဘာလို့လဲ မြေးလေး "
" ဘာမှ မဟုတ်ပါဘူး သစ်ခက်သိချင်လို့ မေးကြည့်တာပါ သစ်ခက် အိမ်ရှေ့သွားပြီး တမြတ်စည်း သွားလှဲ လိုက်အုံးမယ်နော် " ဆိုပြီး အိမ်ရှေ့မှာ တံမြတ်စည်းလှဲနေသည်
တံမြတ်စည်းလှဲပြီး ရေမိုးချိုးကာ သနပ်ခါးလိမ်းပြီး ကုတင်ပေါ်တွင်လှဲကာ ဇာတ်ကားကြည့်နေလေသည်
ဆိုင်ကယ်သံ ကြားမှ သစ်ခက် ဇာတ်ကားကြည့်နေရာကနေ အိပ်ချင်ယောင်ဆောင်နေလိုက်သည်
" မေမေ ခိုင်ပြန်ရောက်ပြီနော် "
ဧည့်ခန်းထဲတွင် ပုတီးစိတ်နေသော ခိုင်မေမေအား လှမ်းပြောလိုက်သည် ခိုင်မေမေမှ ဘာမှမပြော ခေါင်းသာငြိမ့်ပြသည်
" ဒါနဲ့ ရန်ကုန်သူရော မနက်စာ စားလား မေမေ "
" ဟုတ်သားပဲ မေမေ မေ့နေတာ အခုထိသူဘာမှမစားရသေးဘူး " ခိုင်မေမေမှပြောတုန်းပဲရှိသေးတယ် ခိုင်လဲအိမ်ပေါ်သို့ပြေးတတ်ကာ အခန်းတံခါးဖွင့်ကြည့်တော့ အိပ်နေသော သစ်ခက်အားတွေ့တာနဲ့
" အော် အိပ်နေတာပဲ ငါလဲ ရေချိုးလိုက်ပါ့မယ်လေ" ဆိုပြီး ခနထိုင်နားကာ ရေချိုးလိုက်သည် အခန်းထဲတွင်ပဲ အဝတ်အစားချွတ်ကာ ရင်လျားလျက်ရေချိုးခန်းထဲဝင်သွားသော ခိုင်အားခိုးကြည့်ကာ သစ်ခက်မှ ရင်ဘတ်ကိုဖိနေရသည်
ခိုင်ရေချိုးပြီး သနပ်ခါးလိမ်းပြီးတော့ သစ်ခက်ကို နိုးလိုက်သည် သစ်ခက်လဲမထပဲ အိပ်ရာပဲ ပေပြီးနေတော့
" သစ်ခက်ထတော့ ထမင်းစားကအောင် မနက်ကလဲ ဘာမှမစားထားဘူးဆို "
သစ်ခက်ကိုလှုပ်ကာနိုးတော့ သစ်ခက်မှဘာမှမပြော တခြားဘက်လှည့်သွားလေသည်
" သစ်ခက်ရေ ထပါဆို ထတော့နော် "
အိပ်နေသော သစ်ခင်အား ဖက်ပြီး ပြောလိုက်သည်
" သွားပါ လာမဖက်နဲ့ တီချယ်အကျီတွေ ပေကုန်လိမ့်မယ် " ခိုင်ကိုတွန်းလွှတ်တော့ ပေပါစေ တီချယ်ကသစ်ခက်ကိုချစ်တာကိုး
" အပိုတွေပါ မနက်က သူများကို အော်ပြီးတော့ "
မနက်ကအကြောင်းပြောလို့လားမသိ သစ်ခက်ဝမ်းနည်းသွားပြီး မျက်ရည်များ ဝဲလာသည်
" ဟိုးထား ဆရာ မငိုနဲ့နော် တီချယ်က ကျောင်းသွားရမှာလေ သက်သက်ရပ်ရပ်တော့ ဝတ်သွားရမှာပေါ့ အဖြူမှာ စွန်းသွားရင်ဘယ်လိုလုပ်မလဲ "
သစ်ခက်ရင်ခွင်ထဲချွဲကာပြောတော့
" ဟုတ်ကဲ့ပါ သစ်ခက်က အငယ်ပဲ အော်လဲခံကမှာပေါ့"
" အာ့ဆို ထမင်းသွားစားကျမယ် နောက်ရက်ကျ ရုပ်ရှင်လိုက်ပြမယ်နော် "
" ထမင်းမစားချင်ပါဘူး "
" စိတ်ကောက်ကမပြေသေးဘူးလား မနက်ကလဲမစားကသေးဘူးဆို စားရအောင်နော် "
သစ်ခက်မှာ အခုထိစိတ်ကောက်ပြေသေးပုံမရပေ ခိုင်ကိုလဲ ဘာမှပြန်မပြော
" ဟိုမှာ မေမေက စောင့်နေပြီ သွားရအောင်နော် "
သစ်ခက်ကိုအတင်းထူတော့မှ မထချင် ထချင်နဲ့ ထပြီး
" သစ်ခက်က စားချင်လို့နတာ့မဟုတ်ဘူးနော် ဖွားကိုအားနာလို့ လိုက်တာ "
ဆိုကာ နှုတ်ခမ်းလေးဆူကာပြောတော့
" အမလေး ဟုတ်ပါပြီ ဘယ်သူ့ကြောင့်ပဲလိုက်လိုက် တီချယ်ရဲ့ သစ်ခက်လေး ထမင်းစားရင်ပြီးရော"
ဆိုပြီး နှစ်ယောက်သား တယောက်လက်ကို တယောက်တွဲကာ အောက်ထပ်သို့ဆင်းလာပြီး ထမင်းစားကျလေသည်
ထမင်းစားနေတုန်းလဲ သစ်ခက်မှ စိတ်ကောက်မပြေသေးပေ ခိုင်နားမထိုင်ပဲ ခိုင်မေမေိားသာဝင်ထိုင်ပြီးစားလေသည် ခိုင်ကတော့ သစ်ခက်စိတ်ကောက်သည့်ပုံကြည့်ကာ ပြုံးနေလေသည် သစ်ခက်ကတော့ ခိုင်နဲ့အကြည့်ချင်းဆုံလျှင် ခိုင်ကိုမျက်စောင်းကထိုးသွားတတ်သေးသည် ခိုင်ကလဲ ပါးချိုင့်လေးပေါ်နေသည့်ထိ ပြုံးနေတတ်သေးသည် အာလိုပြုံးလေ သစ်ခက်မှာပိုပြီး စိတ်ကပိုကောက်နေလေသည်
ခိုင်တို့လဲ ထမင်းစားပြီး သစ်ခက်နဲ့ အပြင်သွားမယ်စိတ်ကူးထားသည့်မို့ သစ်ခက်ကိုရေချိုးခိုင်းလိုက်သည် သစ်ခက်ကလဲ အပြင်ဆိုသည့်အသံကြားတာနဲ့ တတ်ကြွစွာပင် ရေချိုး ပြီးအဝတ်အစားလဲနေတော့သည်
" တီချယ် သစ်ခက်ပြီးပြီ "
သစ်ခက်ကတော့ အပေါ်ကတီရှပ်အပွနဲ့ အောက်ကလဲဘောင်းဘီအပွဝတ်လာပြီး တီရှပ်အပွပေါ်ကိုမှ အကျီလက်ကှည်ထပ်ဝတ်လာပြီး ခိုင်ကတော့ အပေါ်ကအကျီကဆွဲသားနဲ့ အောက်ကစကပ်က ဒူးအောက်လောက်ကိုဝတ်ထားသည် ခိုင် ရဲ့ ခန္ဓာကိုယ်မှာ အကျီကကပ်ရပ်နေပြီး ခန္ဓာကိုယ်ကိုလဲ ပိုပြီးပေါ်လွင်စေသည်
သစ်ခက်ဧည့်ခန်းတွင်ထိုင်နေသော ခိုင်အား ပြောတော့
" အိုခေ ရုပ်ရှင်သွားကြည့်ကျမလား " သစ်ခက်လက်ကိုဆွဲပြီး ဆိုင်ကယ်ဆီသွားပြီး ဆိုင်ကယ်ဦးထုပ်လေးဆောင်းပြီးပြောတော့
" တီချယ် သဘော " ဆိုင်ကယ်ပေါ်သို့ခွထိုင်ကာ ခိုင်ကိုတင်းကြပ်စွာဖက်ထားလိုက်လေသည်
" မေမေ ခိုင်အပြင်သွားအုံးမယ် ဘာမှာအုံးမလဲ "
ဆိုင်ကယ်ပေါ်ကလှမ်းပြောတော့
" ဟဲ့ ခုနကစာရင်းပေးထားတယ်လေ ဘာတွေများတွေးနေတယ်မသိဘူး "
အိမ်ထဲမှ လှမ်းဆူတော့ ခိုင်မှာဇတ်လေးပုကာ
" အယ် ဟုတ်သားပဲ ရန်ကုန်သူသွားယူလိုက်ပါအုံး "
" မောင်လို့ခေါ်ရင်သွားမယ် "
" မသွားရင် လိုက်မပို့ဘူးပေါ့ "
ဆိုင်ကယ်ပေါ်တွင် ချစ်သူနှစ်ဦး စကားနိုင်လုနေကျပြီး နောက်ဆုံးတော့ သစ်ခက်ပဲအရှုံးပေးလိုက်တော့သည်
" ချစ်တဲ့သူကယူပေးဆိုတော့လဲ ယူပေးကတာပေါ့ "
စာရွက်လေးယူလာကာ ဆိုင်ကယ်ပေါ်တွင်စောင့်နေသော ခိုင် အားလှမ်းပေးရင်းပြောလိုက်သည်
" ကဲ ဟုတ်ပါပြီ ခြွေတာလေးလဲလျော့ ဦးထုပ်တဆောင်းသွားကျမယ် "
ရုပ်ရှင်ရုံသိူ့အရင်ဝင်ပြီးမှ ဝယ်စရာရှိတာ ဝယ်နေတော့သည် ဈေးဝယ်ရန် Market ထဲဝင်တော့ သစ်ခက်မှဆူပုတ် ပုတ်နဲ့ ခိုင်နောက်ကို ယှက်ကန် ယှက်ကန်နဲ့လိုက်လိုက်တော့သည်
" ကဲ ကလေးရယ် ဘာဖြစ်ရပြန်တာလဲ အစကအကောင်း အခုမှ "
" ဟိုမှာလေ တီချယ်ကို ကြည့်နေကျတာ တီချယ်ကလဲ ဘာလို့ ဒီလိုကြီးဝတ်လာတာလဲ "
" ဘာရယ်လို့မှမဟုတ်ဘူးလေ တီချယ်လဲကိုယ်ချစ်သူနဲ့ လာတော့ လှလှလေးဝတ်ချင်တာပေါ့ "
ဆူပုတ်နေသော သစ်ခက်ပါးလေးအားဆွဲကာပြောတော့
" အခုက လူတိုင်းလိုက်ကြည့်နေတာ သစ်ခက်တော့ ကိုယ့်ချစ်သူကိုသူများတွေကြည့်တာမကြိုက်ပါဘူး "
" အာ့တော့ အခုတီချယ်က ဘာလုပ်ရမှာလဲ "
" ရော့ ဒါဝတ်ထား "
သစ်ခက်ကိုယ်ပေါ်ကအကျီလေးအားချွတ်ပေးပြီး ခိုင့်ပုခုံးပေါ်အားခြုံကာဝတ်ပေးသည်
ခိုင်မှာ သစ်ခက်ကိုကြည့်ပြီးစချင်လာတာကြောင့်
" ဟင် ဒါကြီးကအကြီးကြီးလေ တီချယ်မလှပဲနေမှာပေါ့" ခိုင်မှ ပုခုံးပေါ်မှအကျီလက်ရှည်အားကိုင်ကာပြောတော့ သစ်ခက်မှမျက်စောင်းထိုးလျက်
" တီချယ်အလှက သစ်ခက်ရှေ့ပဲလှလို့မရဘူးလား ဘယ်သူရှေ့လှချင်သေးတာလဲ " ပြောတော့ ခိုင်မှ သစ်ခက်ကိုကြည့်ပြီးပြုံးကာ
" ကောင်မလေးတယောက် သဝန်တိုနေပါတယ် "
သစ်ခက်ကိုလက်ညိုးထိုးလျက်ပြောတော့
" တီချယ်မစနဲ့နော် သစ်ခက်တကယ်စိတ်တိုတာ "
" ကဲ ပြောပါအုံး ဘာလို့စိတ်ကတိုရတာလဲ အခုတီချယ်လဲ ဝတ်ပြီးပြီလေ စိတ်လျော့နော် "
ခိုင်မှ ချိုချိုသာသာလေးပြုံးကာပြောတော့
" ဟုတ်ကဲ့ပါ ဝယ်စရာရှိသေးလား "
ခိုင် ပါးပြင်မှာထင်ကနဲပေါ်နေသော ပါးချိုင့်လေးအားထိကာပြောတော့
" မရှိတော့ဘူး ပြန်ကျမယ်နော် တီချယ် မနက်ဖြန်အခန်းစောင့်ရအုံးမယ် "
သစ်ခက်လဲခေါင်းလေးငြိမ့်ကာ အိမ်ကိုပြန်လာခဲ့လိုက်ကျသည်
နွေရာသီမနက်ခင်းရဲ့ထုံးစံအတိုင်း အိပ်ယာပေါ်သြိုနေရောင်ခြည်များ ဖြာကျလျက် ဥဩသံနှင့် ငှက်သံများမှာ တေးသီဆိုလျက် ထိုအချိန်မှယပင် အခန်းထဲသို့ တံခါးဖွင့်ကာ
ကျီ
" တီချယ် ထတော့လေ သစ်ခက်တောင် ဖွားကိုဝိုင်းလုပ်ပေးပြီးတတ်လာတာ "
" ဟွန်းးးး နောက်ငါးမိနစ်လောက် "
အိ့်ယာပေါ်မှ မျက်လုံးလေးပွက်ကာ လက်ငါးချောင်းလေး ေထာင်ပြကာပြောတော့
" အာ့ဆိုလဲ ငါးမိနစ်ပဲနော် "
သစ်ခက်လဲ ကုတင်ဘေးနားရှိ ခုံတွင် ထိုင်နေကာ ဖုန်းကြည့်နေလိုက်သည်
သစ်ခက်လဲ ငါးမိနစ်ပြည့်တော့ ခိုင်အိပ်နေတဲ့နားသွားကာ
ပါးပေါ်တွင် ကျနေသော ဆံပင်လေးအားသပ်ပြီး ပါးကိုနမ်းလိုက်တော့ ခိုင်မှထထိုင်ပြီး
" အစတည်းကဒီလိုသာလုပ်ရင် ငါးမိနစ်တောင် ထပ်အိပ်စရာမလိုဘူး "
ထိုင်နေသော သစ်ခက်အားဖက်ကာပြောလိုက်လေသည် သစ်ခက်ကလဲ ခိုင်ကိုပြန်ဖက်ထားပြီး
" တီချယ် ကျောင်းသွားရမှာဆို ၇နာရီခွဲနေပြီ ပြင်တော့နော် သစ်ခက်သနပ်ခါးသွေးထားမယ် "
ဖက်ထားရာမှပြန်ခွာပြီး သစ်ခက်ကိုနမ်းကာ ခေါင်းလေးငြိမ့်ပြီး ရေချိုးခန်းထဲဝင်သွားလေသည်
*******************
ဘာလို လိုနဲ့ ခိုင်တို့ဆီမှာသစ်ခက်နေတာတောင် ဆယ်ရက်ကျော်လောက်ရှိနေပြီ ဒီကြားထဲ ခိုင်ကသစ်ခက်စားချင်တာကို သူ့ကိုယ်တိုင်လုပ်ကျွေးတယ်လေ
သစ်ခက်ကလဲ သူ့အိမ်နဲ့ တနေ့ကို တခါ နှစ်ခါကတော့ အမြဲပြောဖြစ်တယ် သစ်ခက်ကတော့ ခိုင်ကိုပေးပြောချင်ပေမဲ့ ခိုင် ကိုယ်တိုင်ကိုက မပြောပေ သူ့ကိုယ်တိုင်ကရှက်နေတာလဲ ပါမှာပေါ့ ခိုင်မေမေကတော့ ခိုင်တို့နှစ်ယောက်အကြောင်းကိုသိပေမဲ့ ဘာမှမေပြာေပနောက်တပါတ်ထဲဆို
သက်ြန်တောင် ရောက်ရောပေါ့ အခုတော့ ဆရာတပည့် ချစ်သူနှစ်ယောက်က သက်ြရ်ြကိုအစီအစဉ်ဆွဲနေကျလေသည်
ခိုင်တို့အိမ်ရှေ့ရှိ ဒန်းတွင် နှစ်ယောက်သားထိုင်ကာ သစ်ခက်ကတော့ ယဂိမ်းဆော့နေပြီး ခိုင်ကတော့ ဇာတ်ကားကြည့်နေလေသည်
" တီချယ် သက်ြန်ကျ ဘာလုပ်မှာလဲ "
ဂိတ်တပွဲပြီးလို့ စောင့်နေရင်းခိုင်အားကြည့်ကာစကားလှမ်းပြောလိုက်သည်
" တီချယ်က တရားစခန်းဝင်မယ် သစ်ခက်က အိမ်စောင့်လေ "
" ဟာ တီချယ်ကလဲ မစနဲ့ " ဆိုကာ ခိုင်လက်ကလေးအားကိုင်ပြီးလှုပ်ရမ်းကာပြောလိုက်သည်
" တကယ်ပါဆို ဂိမ်းဆော့မှာဆိုဆော့ တီချယ် ဇာတ်ကားကြည့်နေတာ ကောင်းခန်းရောက်နေပြီ "
" တီချယ်ကလဲ သစ်ခက်တယောက်တည်းအိမ်မှာနေရမှာ သစ်ခက်ကိုမသနားဘူးလား "
သစ်ခက်ကချွဲသလိုပြောတော့ ခိုင်လဲ လက်ထဲမှ ဖုန်းကို ဘေးသို့ချကာ
" ကဲ အာ့ဒါဆို ဒီလိုလုပ် ၂ရက်က တီချယ်နဲ့ ဥပုတ်လိုက်စောင့် ၂ရက်ကသစ်ခက်ရေကစား ဘယ်လိုလဲ"
" အာ့ဆိုလဲ ပြီးရော "
ဆိုပြီး ခိုင်ဖုန်းအားလှမ်းယူလိုက်သည်
" ဘာလုပ်မလို့လဲ သူများဇာတ်ကားကြည့်နေပါဆို "
လှမ်းယူသော သစ်ခက်လက်အားကိုင်ကာပြောတော့
" ခန သစ်ခက်လုပ်စရာရှိလို့ "
" သစ်ခက်နော် တီချယ်ကြည့်နေတာကို ပေးကွာ ပြီးမှလုပ်"
" ပြီးမှ ဘာလုပ်ရမှာလဲ "
သစ်ခက်မှခိုင်ကိုကြည့်ကာပြောတော့
" ဟာ မညစ်ပတ်နဲ့ "
" သစ်ခက် ဘာပြောလို့လဲ တီချယ်ပဲ လုပ်ဆို "
" တီချယ်က သစ်ခက်ဖုန်းကိုလုပ်စရာရှိတယ်ဆိုလို့လေ"
" အွန်းလေ သစ်ခက်လဲအာ့တာပဲပြောတာ "
" ရုပ်ကိုက မသိရင်ခက်မယ် ကဲ ပေးတော့ကွာ ကောင်းနေပြီ "
" ရော့ ချစ်လို့နော် သစ်ခက်လဲ ဂိမ်းဆော့တော့မယ်"ခိုင်ကိုဖုန်းပေးပြီး သူ့ဖုန်းသူယူကာဂိမ်းဆော့မယ် ဟန်ပြင်နေတုန်း
" သစ်ခက်နော် တီချယ်က ဂိမ်းဆော့တာခွင့်ပြူပေမဲ့ ဆဲတာတော့ မကြိုက်ဘူးနော် ဂိမ်းဆော့ရင် ရှင်ကဆဲနည်းပေါင်းစုံတတ်တယ် "
" ဟုတ်ကဲ့ပါ သစ်ခက်ဂိမ်းဆော့ရင် အားပါသွားလို့ ဆင်ခြင်မယ်နော် "
ခိုင်လဲ အွန်း လို့သာပြောပြီး ဇာတ်ကားသာဆက်ကြည့်နေလိုက်သည်
ဒီလိုပါပဲ ခိုင်နဲ့ သစ်ခက်တို့ရဲ့ တနေ့တာ လုပ်ရိုးလုပ်စဉ်တွေပေါ့ တခါတလေ သစ်ခက်က ခိုင်ကိုလဲခြွေတတ်သေးသည် ခိုင်ကလဲ အာ့တာလေးကိုချစ်နေရတာပေါ့
ဒီလိုနဲ့ပဲ မြန်မာတို့ရဲ့လထဲမှာ တပေါင်းကုန်ဆုံးလို့ တန်ခူးလထဲပင်ရောက်ခဲ့လေသည် သစ်ခက်တို့တိုင်ပင်ထားသည့်အတိုင်း အကြိုနဲ့ အကြတ်မှာ အိမ်မှာရေကစားပြီး အကျနဲ့ အတတ်မှာ ဥပုတ်စောင့်ဖို့ တိုင်ပင်ထားကျလေသည်
အခုဆို သစ်ခက်ရေကစားရမဲ့ အကြိုနေ့ပေါ့
ခိုင်က မီးဖိုချောင်တွင်သီချင်းညည်းကာဟင်းချက်နေတာကို သစ်ခက်က ရေလောင်းနည်းနည်းလောက်လိုက်ပြီး
" သက်ြန်မို့ ရေပတ်တယ် စိတ်မဆိုးပါနဲ့ကွယ်"
ခိုင်အားနမ်းလိုက်သည်
" ဘယ်သွားဆော့မှာလဲ "
" ဒီလမ်းထိပ်တင်ပါ "
" ၁၀နာရီဆို ပြန်ခဲ့နော် "
သစ်ခက်အားပြောတော့ သစါခက်လဲေခါင်းြငိမ့်ပြီးေရသွားကစားေလသည် ခိုင်ကတော့ အိမ်မှာတယောက်တည်း တရားနာနေလေသည်
မနက်၆နာရီတည်းက မနက်စာစားပြီး လမ်းထိပ်မှာသွားဆော့တာ အခုဆို ၁၀နာရီတောင် ထိုးနေပေါ့
ခိုင်လဲတရားနာတာစိတ်မဖြောင့်ပေ ဖုန်းကလဲထားခဲ့သေးသည်
" ဒင်းလေးတော့လေ ပြန်လာခဲ့ဆိုတဲ့အချိန်တောင် ကျော်နေပြီ " သစ်ခက်ကို လှမ်းပြီး ဆူနေပေမဲ့
ဟိုကတော့ ကလေးများနဲ့ဆော့လို့ကောင်းနေတုန်းပင် ကလေးဆိုပေမဲ့ သစ်ခက်နဲ့ ရွယ်တူကောင်မလေးဆယောက်ကပါ လာဆော့လေသည်
" ဟိတ် နာမည်ဘယ်လိုခေါ်လဲ "
" သစ်ခက်ပါ နင်ကရော "
" တို့က ခါတော်မီ ပါ "
" နင် Facebook သုံးတယ်မို့လား အကောင့်ပြောလေ"
သစ်ခက်လဲ အကောင့်ပြောကာ ခါတော်မီကလဲ အပ်လိုက်သည် ဒီလိုနဲ့ သစ်ခက်လဲ နာရီကြညိ့တော့ ၁၀နာရီပင်ကျော်နေလေသည်
" ဟာ သွားပြီ ခါတော်မီ ငါ့တီချယ် စိတ်ဆိုးနေတော့မယ် " ဆိုကာ သစ်ခက်လဲ ဆော့နေကာမှ ပြန်လာတော့
" ဘယ်မှာနေတာလဲ " သစ်ခက်နောက်လိုက်ကာ စကားလိုက်ပြောတော့
" ဒီနားမှာပဲနေတာ " နှစ်ယောက်သား လမ်းလျှောက်ရင်းစကားပြောနေကျသည်
" ငါရောပဲ တီချယ်က ဘယ်သူလဲ "
" ဒေါ်နွယ်လေးခိုင် သိလား "
" အွန်း သိတယ် အပျိုကြီးလေ "
သူ့တီချယ်ကို အပျိုကြီးပြောတော့ သစ်ခက်မှ ခါတော်မီအားမကြည့်ကြည့်ပြနါကြည့်လေသည် ဟိုကတော့သိမည်မဟုတ် သူကတော့ အောက်ကြည့်ကာပြောနေလေသည်
" ရောက်ပြီ ဝင်ပြီနော် " ဆိုပြီး အိမ်ထဲဝင်သွားရာကနေ
အိမ်ရှေ့ဒန်းပေါ်တွင် ထိုင်နေသော ခိုင်မှ သစ်ခက်တို့ကို သေချာကြည့်တော့
" တီချယ် သစ်ခက်ပြန်ရောက်ပြီနော် "
" တော်သေးတယ် ပြန်လာလို့ "
ဒန်းပေါ်ရှိခိုင်ဘေးနားအားဝင်ထိုင်ကာပြောတော့ ခိုင်လဲ မျက်စောင်းလေးထိုးကာ ပြန်ချေပလိုက်သည်
"တီချယ်ကလဲ ပြန်မလာလို့ သစ်ခက်ကဘာလုပ်ရမှာလဲ "
" ခုနက ကောင်မလေးနဲ့ဆော့နေပေါ့ "
" အော် သူလား သူကခါတော်မီတဲ့ ဒီတိုင်းခင်တာပါ "
ခိုင်ကိုဖက်ကာပြောတော့
" အေး ခင်ရုံပဲခင်နော် အဆင့်တတ်ရင်အကြောင်းသိမယ်မှတ်"
သစ်ခက်နားရွက်အား ဆွဲလိမ်ကာပြောလိုက်တော့
" တီချယ်ကလဲ နာလိုက်တာ "
" နောက်ဒီထပ်နာမယ် မင်းနားမှာကောင်မလေးတွေတွေ့ရင် ဒီထပ်ပိုနာမယ်မှတ် "
" ဒီမှာပါဗျို့ ဒေါ်နွယ်လေးခိုင်တယောက် သူ့ရဲ့ချစ်သူကို သတန်တိုနေပါတယ် "ဆိုပြီး ခိုင်ပါးအားနမ်းကာအိမ်ထဲပြေးသွားတော့
ခိုင်ကလဲ " ဒီစောက်ကလေးတော့ ဘာတွေပြောမှန်းမသိဘူး "
ဆိုကယ သစ်ခက်အားလိုင်ရိုက် သစ်ခက်ကလဲ အရှေ့ကပြေးတော့
အိမ်ဝင်ပေါက်ရှိ ခြေသုတ်ခုံတွင်ရေများစိုနေတာကြောင့် ခိုင်မှ ချော်လဲသွားတော့
" အားးးး"
ခိုင်အသံလဲကြားရော သစ်ခက်လဲခိုင်ဆီပြေးလာကာ ခိုင်ကိုလှမ်းဖမ်းလိုက်သည်
သစ်ခက်ကအောက်မှာ ခိုင်ကအပေါ်မှာ ခိုင်ခါးကိုသစ်ခက်က ကျစ်ကျစ်ပါအောင် ဖက်ထားလေသည် သစ်ခက်ရဲ့ နှုတ်ခမ်းကခိုင်နှုတ်ခမ်းဆီကိုဦးတည်လာပြီး ခိုင်လဲကြောင်ကြည့်နေရာမှ သစ်ခက်ဗိုက်အားလိမ်ဆွဲကာ
" မှတ်ပြီလား ဟမ် "
" အားမှတ်ပါပြီ ဒါပေမဲ့ တချက်တော့နမ်းခွင့်ပေးဆိုပြီး"
ခိုင်ဆီခွင့်တောင်းတော့ ခိုင်လဲဘာမှမပြောပေ တိတ်ဆိတ်ခြင်းကဝန်ခြင်းမို့လား
သစ်ခက်လဲ ခိုင်ကိုနမ်းလျက် ချစ်သုနှစီးရဲ့ သက်ြန်အကြိုနေ့လေးကုန်ဆုံးလျက်
#ကျော့
မကောင်းလဲသည်းခံဖတ်ပေးနော်🫶❤️ စကားလေးလာပြောကျပါလို့ အရမ်းပျင်းလို့ပါ😭
ဒါနဲ့ဒီနေ့ကျော့မွေးနေ့နော် မွေးနေ့မှာလာပြီးupdateပေးတာ🤭

YOU ARE READING
နှစ်တစ်ရာလန်းမဲ့ မေတ္တာပန်း
Romanceမောင့်ရဲ့အချစ်တွေက ခိုင်အတွက် နှစ်တရာလန်းနေမဲ့ မေတ္တာပန်းလေးတပွင့်ပါခိုင်