Episode 4

303 25 2
                                    

နှစ်တရာလန်းမဲ့ မေတ္တာပန်း Ep 4

ခိုင်လဲသစ်ခက်ကိုဆန်ပြုတ်တိုက်ပြီး ဆေးသောက်စေကာ အိပ်ခိုင်းလိုက်တော့သည်  ခိုင်ကတော့ မအိပ်သေးပေ အဆောင်တွေကစာမေးပွဲဖြေရန် မေးခွန်းတောင်းသည်မို့ မေးခွန်းတွေရေးနေလေသည် မေးခွန်းလဲရေးပြီးရော ခိုင်လဲ သစ်ခက်ကို လပ်နေသောနေရာကိုဆောင်လေးခြုံပေးကာ သစ်ခက်ဘေးတွင်ဝင်အိပ်ခိုက်လေသည်
* * * * *
မနက်ကျတော့ ခိုင်အရင်နိုးကာ သစ်ခက်နှဖူးလေးကိုစမ်းကြည့်တော့ အရမ်းမပူတော့သည်မို့ စာသင်ရမဲ့နေရာဆီသွားဖို့မပြင်ဆင်မှီ သစ်ခက်အတွက်ဆီချက်ခေါက်ဆွဲလေးလုပ်ပေးနေသည် လုပ်ပေးနေတုန်းမှာပဲ သစ်ခက်လဲမျက်နှာသစ်ပြီး အောက်သို့ဆင်းကာ မီးဖိုထဲဝင်သွားပြီး
" ဆရာမ "
" အော် နိုးနေပြီလား ခနနော် ဆရာမသမီးစားဖို့ လုပ်နေတယ် ခနနော် " ခေါက်ဆွဲကိုရေနွေးပူထဲထည့်ကာပြောလိုက်သည်
" ဟုတ် " ဟုတ်ပြောကာ ခုံမှာပဲထိုင်နေလိုက်သည်
ခိုင်လဲ အကုန်လုံးပြင်ဆင်ပြီး သစ်ခက်ကိုသေချာစောင့်မကျွေးနိုင်ပေ စာသင်ရမဲ့နေရာသို့သွားရမည်မို့ ပြင်ဆင်နေလေသည် ခိုင်လဲပြင်ပြီးအောက်ဆင်းလာရော သစ်ခက်ကစားပြီး ပန်းကန်တွေသိမ်းကာ အိမ်ရှေ့ခန်းထဲသင်္ချာတွက်နေလေသည် သင်္ချာတွက်နေတုန်း ခိုင်လဲအောက်သို့ဆင်းလာကာ သစ်ခက်မှခိုင်ကိုမြင်တော့
" ဆရာမ သမီးဆံထုံးထုံးပေးမယ်လေ "
ခိုင်မှသစ်ခက်ပြောတာကို ပြုံးကာခေါင်းငြိမ့်ပြသည်
သစ်ခက်လဲ ခိုင်ကိုဆံထုံး ထုံးပေးနေတုန်း
" ဆရာမ ဘွားရော ဘွားကိုမတွေ့မိဘူး "
" အော် အဘွားက အပေါ်မှာ ဘုရားရှစ်ခိုးနေလေရဲ့ မေမေဘုရားရှစ်ခိုးတာကြာတယ် သစ်ခက်ရဲ့ "
" ဟုတ်ကဲ့ ပြီးပြီဆရာမ ၂ခုလောက်တောင်းဆိုချင်လို့ "
ခိုင်နားလေးဝင်ထိုင်ကာ လက်ကလေး၂ချောင်းထောင်ပြီး ရီကာပြောတော့
" ဟော ၂ခုတောင်လား များတာကွယ် "
ခိုင်မှပြန်စတော့ သစ်ခက်မှ ဟီးဆိုကာ ဇာတ်လေးပုပြလိုက်သည်
" ကဲ ပြောစေရှင့်" ဆိုကာ ခိုင်မှသစ်ခက်ခေါင်းလေးအားပုတ်ကာပြောတော့
" ဆရာမကို တီချယ်လိူ့ခေါ်ခွင့်ပြုပါ့လားလို့"
ဒီစကားကြားတော့ခိုင်မှပြုံးကာ မေးငေါ့ပြီး
" နောက်တခုကရော "
" အာ့တာကလေ တီချယ်ဆံပင်ကိုသစ်ခက်ကိုပဲဆံထုံး ထုံးခွင့်ပေးပါလို့ သစ်ခက်ပဲထုံးပေးမယ်နော် " သစ်ခက်မှ အောက်ကိုကြည့်ကာ လက်ကလေးများယှက်နွယ်ကပြောလိုက်တော့
" ဟုတ်ပါပြီရှင့် တီချယ်စာသွားသင်တော့မယ်နော် မေမေဆင်းလာရင်ပြောလိုက်ပါအုံးနော်ရန်ကုန်သူလေး " ခိုင်လဲစားပွဲပေါ်တင်ထားသော အိတ်လေးအားယူကာ ဆိုင်ကယ်ဆီသွားပြီး စာသင်ရမဲ့နေရာဆီသို့ ဦးတည်မောင်းသွားလေသည် ခိုင်လဲထွက်သွားရော သစ်ခက်မှ ရက် လို့ပြောကာ လက်သီးလေးဆုတ်ပြီး ခူန်နေတုန်း ခိုင်မေမေအပေါ်မှဆင်းလာကာ
" ရန်ကုန်သူလေး နေကောင်းပျောက်ပြီလား"
ခိုင်မေမေသံကြားမှ သစ်ခက်လဲဆိုဖာပေါ်ပြန်ထိုင်ကာ
" ဟုတ် ဘွား ဘုရားရှစ်ခိုးပြီးပြီလား " ရီပြီးပြောလေသည်
" အေး ပြီးပြီ သမီးရောမနက်စာစားပြီးပြီလား" ဆိုဖာပေါ်ထိုင်ရင်းပြောလေသည်
" ဟုတ်ကဲ့ စားပြီးပြီ ဘွားရောစားတော့လေ သမီးပြင်ပေးမယ် " ခိုင်မေမေအားကြည့်ကာပြောတော့
" ဘွားကရပါတယ်ရှင့် တော်ဆရာမကသိရင်ဆူနေအုံးမယ် သူ့တပည့်ကိုခိုင်းရလားဆိုပြီး"
ခိုင်မေမေမှ မီးဖိုခန်းထဲသွားမလို့ မတ်တပ်ရပ်နေရင်းပြောတော့ သစ်ခက်မှခိုင်မေမေနားအားသွားကာ
" အာ့ ဘွားကလဲ ဘွားနဲ့သစ်ခက်နဲ့နှစ်ယောက်ပဲသိတာလေ ဘယ်သူ့မှမပြောရင်မသိပါဘူး "
ခိုင်မေမေအားတွဲကာ မီးဖိုးခန်းထဲသွားရင်းပြောတော့
" ဟုတ်ပါပြီ ပြီးရင်တော့စာကျက်နော် မိနွယ်ပြန်လာလို့ စာမေးလို့မရရင်မြေးလေး ရိုက်ခံနေရမယ် " မီးဖိုစားပွဲရှိခုံပေါ်တွင်ထိုင်ကာ သစ်ခက်အားကြည့်ရင်းပြောလေသည်
" ဟုတ်ကဲ့ ဘွား သစ်ခက်ကျက်လဲကျက်မယ် တွက်လဲတွက်မယ် ဘွားနဲ့လဲစကားပြောမယ်"
ခိုင်မေမေမှ ရီကာ ဆီချင်ခေါက်ဆွဲအားစားလေသည် သစ်ခက်လဲ ခိုင်တို့ဧသည့်ခန်းထဲရှိဆိုဖာတွင်စာကျက်နေလေသည်
သစ်ခက်လဲမနက်ကနေ ထမင်းစားချိန်ထိစာကျက်တော့ ခိုင်မေမေမှနေ့လယ်စာ စားရန် လာခေါ်လေသည်
" မြေးလေး ထမင်းစားရအောင်လေ ပြီးရင်နေ့လယ်ဆေးရောသောက်လိုက်အုံး တော်ဆရာမကသိတဲ့အတိုင်း သူ့ပြောထားသလိုမဟုတ်ရင်စိတ်ကောက်တာ "
သစ်ခက်နားသွားထိုင်ကာပြောတော့ သစ်ခက်မှခေါင်းငြိမ့်ကာ စာအုပ်တွေစီနေတုန်း
" ဟုတ်လားဘွား တီချယ်ကစိတ်ကောက်တာလား ဘယ်လိုကောက်တာလဲ "
" ကောက်တယ် စိတ်ကောက်ရင်ဘာစကားမှမပြောတော့ဘူး တခါတလေ၂ရက်လောက်ကြာတယ် ပြီးရင်လဲသူ့ဟာသူစိတ်ပြေသွားရော" သစ်ခက်မှပြုံးကာနားထောင်နေလေသည်
" တီချယ်က ကလေးကျလို့နော် "
" ဘယ်သူက ကလေးလဲ " ခိုင်မှနောက်ကရောက်လာကာ ခါးလေးထောက်ရင်းပြောတော့ ခိုင်မေမေနဲ့ သစ်ခက်မှ တပြိုင်တည်း ခိုင်ကိုကြည့်ပြီး တယောက်က်မျက်နှာတယောက်က်ကြည့်ကာ ခပ်ရေးရေးလေးပြုံးပြကျသည်
" မေမေ သမီးမရှိတုန်းလေး အတင်းပြောနေတာပေါ့လေ ဘယ်ကတည်းကပြောချင်နေမှန်းမသိဘူး " ခိုင်မှသူ့မေမေအားကြည့်ကာပြောပြီး သစ်ခက်ဘက်လှည့်ကာ
" ရန်ကုန်သူကလဲ စာမလူပိဘူး စကားများနေတာပေါ့လေ ဟုတ်လား "
" မဟုတ်ပါဘူး တီချယ်ကလဲ သစ်ခက်စာကျက်နေတုန်း ဘွားကနေ့လယ်စာ စားဖို့လာခေါ်လို့ပါ "
ခိုင်မေမေမှသစ်ခက်နား နားကပ်ကာ
" မြေးရေ နေ့လယ်စာပြန်စားတာနဲ့မိပြီ စိတ်ကောက်နေအုံးမယ် ကြည့်ကျပ်ရှင်း" လို့သစ်ခက် နား နားလေးအားကပ်ကာပြောတော့
" မေမေ ဘာတွေပြောနေတာလဲ"
" ဘာမှမပြောပါဘူး တီချယ်ရဲ့ ထမင်းစားရအောင်လေနော် "
ရီကာ ခိုင်နားသွားပြီး ခိုင်အိတ်လေးယူကာမျက်နှာချိုသွေးပြတော့ ခိုင်မှသစ်ခက်နှဖူးလေးစမ်းကာ
" ကိုယ်ကတော့မပူတော့ပါဘူး ဒါပေမဲ့ထမင်းမစားပါနဲ့ တီချယ်ခေါက်ဆွဲပြုတ်ကျွေးမယ်လေ "
" သစ်ခက်နေကောင်းလဲပျောက်ပြီလေနော် ထမင်းစားချင်လို့ပါနော် "
ခိုင်လက်ကလေးကာကိုင်ကာပြောတော့
" ဟုတ်သားပဲ ငါ့မြေးစားချင်တာကျွေးလိုက်"
ဆိုကာ မီးဖိုခန်းထဲဝင်သွားသည်
" ကဲ အာ့အိတ်ကိုခုံပေါ်တင် လာသွားစားမယ်" လို့ပြောပြီး ခိုင်ကအရင်င်မီးဖိုခန်းထဲဝင်သွားလေသည် သစ်ခက်ကလဲ ခိုင်ပြောသလိုအိတ်လေးတင်ပြီး ခိုင်နောက်လိုက်သွားသည်
* * * * * *
ညဘက်သို့ရောက်သော် ဧည်ခန်းထဲတွင်စာထိုင်လုပ်နေသောသစ်ခက်မှစာလုပ်နေရင်း နာရီလက်တံအတိုလေးက ၉နာရီစွန်းစွန်းရောက်နေသောနာရီတကြည့်ကြည့်နှင့် တိုဖာပေါ်ထိုင်နေသော ဘေးနားရှိပုတီးစိပ်နေသော ခိုင်မေမေအားတချက်တချက်ကြည့်ကာ တခုခုမေးချင်သည့့်ပုံပင်
" ကဲ ရန်ကုန်သူလေး ဘာပြောချင်တာတုန်း "
" ဘွား တီချယ်ကဒီလိုပဲအမြဲသင်တာလား"
ခိုင်မေမေမှပုတီးလေး စားပွဲပေါ်ချကာ
" ဟုတ်တယ် မနေ့ညက မြေးလေးနေမကောင်းလို့ သူ့မသွားတာလေ "
"ဪ တီချယ်ကမိုးချုပ်တယ်နော် သစ်ခက်ဖြင့်စိတ်မချပါဘူး ဘွားရယ် "
" မြေးလေးရဲ့ တီချယ်ကိုမြေးလေးဘာသာပြော ဘွားလဲပြောတာပဲ ရမှမရတာ "
" ဘွားပြောတာတောင်မရတာ သစ်ခက်ပြောလို့ရပါ့မလား "ဆိုကာ စာတွက်နေရင်းကနေ ခိုင်မေမေအားကြည့်ကာပြောတော့
" မြေးမသိတာ ဘွားတခုပြောပြမယ် " သစ်ခက်မှခိုင်မေမေစကားအားအာရုံစိုက်ကာ သေချာနားထောင်ပြီး ခေါင်းငြိမ့်ပြတော့
" မိနွယ်ကလေ သူ့ခေါင်းကိုဘွားကိုင်တာတောင်ကြိုက်တာမဟုတ်ဘူး မနက်ကဘွားတွေ့တော့ မြေးလေးကဆံထုံး ထုံးပေးတော့ ဘွားတောင်အံ့သြသွားသေး ပြီးတော့ သူကမြေးလေးအကြောင်း တဖွဖွ ပြောနေတာ"
သစ်ခက်မှနားထောင်ပြီး ခေါင်းတငြိမ့် ငြိမ့် ဖြစ်နေတော့
" မြေးလေးပြောရင်တော့ ရချင်ရမှာပေါ့ "
" ဟုတ်ကဲ့ ဘွား " အိမ်ရှေ့မှဆိုင်ကယ်သံကြားတော့ သစ်ခက်မှ အပြင်ကိုကြည့်ပြီး ခိုင်မေမေအားကြည့်တော့ ဘွားမှ သွားလို့မေး​ေလေးငေါ့ပြမှ သစ်ခက်လဲ ခိုင်ဆီ အပြေးလေးသွားကာ
" တီချယ်ကလဲ နောက်ကျလိုက်တာ "
ဆိုင်ကယ်ဘတ်မှန်တွင်ချိတ်ထားသော အိတ်အားယူကာပြောတော့
" ဟော ဒါစောတာရှင့် တခါတလေ ၉နာရီကျော်မှပြန်ရောက်တယ် "  သစ်ခက်ခေါင်းလေးအားပုတ်ကာပြန်ပြောလေသည်
သစ်ခက်မှ
" ဟင် ဒီလောက်နောက်ကျတာကိုစောတာတဲ့"သူ့ဟာသူတိုး တိုးလေးသာရေရွတ်လိုက်သည် သစ်ခက်တို့လဲ ညစာစားပြီး သစ်ခက်လဲ ညဘက်မို့တွက်စာသာတွက်သည် ခိုင်ကတော့ပင်ပန်းလို့ထင်ပါရဲ့ အိပ်ပျော်နေသည်ဟု ထင်ရသော်လဲ အတွေးတခုဝင်လာသည် ခိုင်စားသင်နေတုန်းဖုန်းဝင်လာ ခိုင်ဖုန်းကိုင်လိုက်တော့
" ဟယ်လို ဒေါ်နွယ်လေးခိုင် လားရှင့်"
" ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး"
" သစ်ခက်ရဲ့မာမီပါ သစ်ခက်လေးနဲ့ပြောချင်လို့ပါ "
" ဟုတ် အခုကလေ ခိုင်ကအပြင်မှာစာသင်နေလို့ပါ "
" အော် ဟုတ်ကဲ့ အာ့ဒါဆိုကျွန်မ နောက်မှပြန်ဆက်လိုက်မယ်ရှင့် "ဆိုကာ ဖုန်းချသွားသောသစ်ခက်ရဲ့ မာမီ
* * *
" ဟူး ငါဒီအသံကိုတရင်းတနှီးဖြစ်နေပေမဲ့ဘယ်သူ့လဲဆိုတာစဥ်းစားမရဘူး "
ခိုင်မှတွေးနေတုန်း
" တီချယ် မအိပ်သေးဘူးလား "သစ်ခက်မှ ခိုင်မျက်နှာနားကပ်ကာမေးတော့
" အမလေး လန့့်တာ အိပ်တော့မှာ ရန်ကုန်သူရော အိပ်တော့လေ စာတွေကလိုက်ုက်နိုင်လား" ခိုင်မှသစ်ခက်အိပ်ရာပြင်နေတဲ့ပုံကိုကြည့်ကာမေးလိုက်တော့ သစ်ခက်မှ ခိုင်ဘေးနားဝင်အိပ်ကာ မျက်နှာချင်းဆိုင်ပြီး ခိုင်ကိုသေချာကြည်ကာ
" လိုက်နိုင်ပါတယ် တီချယ် "
" ဒါနဲ့လေ တီလျယ်ပြောဖို​ြမေ့နေတာ တီချယ်စာသင်နေတုန်းခိုင်မေမေဖုန်းဆက်တယ်သိလား အခုဆက်မလား "
" ရတယ်တီချယ် သစ်လက်မှမနက်မှဆက်လိုက်မယ် "ပြောပြီး နှစ်ဦးသား တယောက်က်ကိုတယောက်က်ကျောပေးကာအိပ်ပျော်သွားတော့သည် သစ်ခက်တီချယ်နဲ့အိပ်ရတာ၂ညရှိပြီဆိုပေမဲ့ အရင်င်ရက်ကအပြင်းဖျားနေတာကြောင့် တီချယ်ရဲ့ အိပ်ရာဝင်အလှကိုမခံစားရပဲ ခေါင်းကိုက်ပြီး ကိုယ်ပူခြင်းဒဏ်ကိုသာခံစားလိုက်ရသည်ည်မို့ အခုလိုအနီးကပ်တွေ့မြင်ရတော့ ရင်ခုန်ကာတဖက်သို့လှည့်လိုက်ခြင်းပင် ခိုင်ကတော့ ဖုန်းဆက်တဲ့သူရဲ့အသံကိုပဲစဥ်းစားမရဖြစ်နေတာကြောင့် တဖက်သို့လှည့်ကာသက်ပြင်းချပြီး နှစ်ယောက်သား ဘယ်ချိန်အိပ်ပျော်သွားသည့်မသိပေမဲ့ မနက်ခင်းအရင်းဆုံးနိုးသူကတော့ခိုင်ပင်
သစ်ခက်လဲ ခိုင်တို့ဆီနှစ်ရက်လောက်နေမှ အဆောင်သို့ပြန်သွားနေလိုက်သည် ခိုင်အိမ်ကနေပြန်လာမှ ခိုင်နဲ့အတော်ပင်ရင်းနှီးနေသောသစ်ခက်  သစ်ခက်ကိုယ်တိုင်ကလဲဒီလိုဖြစ်ချင်နေသည်မဟုတ်လား မေသူကတော့မနှစ်ကသူကအရင်းနှီးဆုံးဖြစ်ပေမဲ့ အခုသူ့ထက်ရင်းနှီးတဲ့သူပေါ်လာတော့ သိပ်တော့ဘဝင်မကျျပေ
#ကျော့
ကဲ ဒါလေးအရင်င်ဖတ်ပေးနော် ကျော့စာရေးဖို့Motiပျောက်နေလို့ပါ🥺 လိုတာရှိလဲပြောပေးကျပါနော် Love you🙆

နှစ်တစ်ရာလန်းမဲ့ မေတ္တာပန်းWhere stories live. Discover now